Posts

Showing posts from August, 2022

ကွင်းကွမ်တမ်ဒြပ်ဆွဲအား (Loop Quantum Gravity) အပိုင်း (၁)

Image
            စာရေးချင်စိတ်တောင် ဘယ်မှန်းမသိတော့တဲ့ တိုင်းပြည်အခြေအနေကြီးမှာတော့ စာမရေးဖြစ်တာလဲ တော်တော်လေးကြာခဲ့ပါပြီ။ သို့သော်လည်း မအားလပ်တဲ့ ကြားထဲ ကပဲ စာဖတ်သူတို့ကို ဒီဆောင်းပါးလေး မျှဝေးပေးချင်ပါသေးတယ်။ လောလောဆယ် မြန်မာနိုင်ငံနဲ့ အတော်လေးအလှမ်းဝေးနေတဲ့ သိပ္ပံနယ်ပယ်က စာဖတ်သူတွေအတွက်‌ တော့ ဒီဆောင်းပါးလေးက အမြင်သစ်တချို့ပေးစွမ်းနိုင်မယ်လို့ မျှော်လင့်မိပါတယ်။           ကွမ်တမ်ဒြပ်ဆွဲအားနဲ့ပတ်သက်ပြီး ကျွန်တော်ဆောင်းပါးတစ်ပုဒ်တင်ခဲ့ဖူးပါတယ်။ အဲ့ဆောင်းပါးကတော့ ကွမ်တမ်ဒြပ်ဆွဲအားနဲ့ပတ်သက်ပြီး ယေဘုယျအမြင်တချို့ပေးနိုင် မယ်လို့ ထင်မိပါတယ်။ ဒါ့ကြောင့် အခုဆောင်းပါးကို မဖတ်မီ အရင်ဆောင်းပါးလေးကို အရင်ဖတ်ပေးဖို့ တိုက်တွန်းချင်ပါတယ်။ ဒါပေမယ့် ဒီသီအိုရီနဲ့ပတ်သက်ပြီး ကျွန်တော် ပိုပြီး နက်နက်နဲနဲသိချင်ပါတယ်။ ဒါ့ကြောင့် “Calo Rovelli” ရေးထားတဲ့ The Journey to Quantum Gravity” ဆိုတဲ့စာအုပ်ဖတ်ပြီးနောက်မှာတော့ စာဖတ်သူကို ဒီသီအိုရီရဲ့ နက်နဲတဲ့အပိုင်းတွေနဲ့ပတ်သက်ပြီး ဆက်လက်ဖော်ပြချင်ပါသေးတယ်။ ကွမ်တမ်ဒြပ်ဆွဲအာ...