Posts

Showing posts with the label Astrophysics

နဂါးငွေ့တန်းဂလက်စီပြင်ပရှိ နျူထရီနိုထုတ်လုပ်သည့် အရင်းအမြစ်များ။

Image
          စွမ်းအင် အလွန်မြင့်ပြီးတော့ ထောက်လှမ်းဖို့ အလွန်ခက်ခဲတဲ့ နျူထရီနိုတွေဟာ ကျွန်တော်တို့ ကမ္ဘာကြီးကို ရောက်မလာခင် အလင်းနှစ်ဘီလီယံပေါင်းများစွာ ဖြတ်ကျော် လာခဲ့ရတာ ဖြစ်ပါတယ်။ ဒီအခြေခံအမှုန်တွေဟာ စကြဝဠာရဲ့ အနက်အရှိုင်းဆုံး ဒေသက နေလာတယ်ဆိုတာ ကျွန်တော်တို့ သိထားပေမယ့် သူတို့ရဲ့ ဇစ်မြစ်အတိအကျကတော့ အခုအချိန်အထိ ပဟေဠိဖြစ်နေဆဲပါ။           အခုဆိုရင်တော့ သုတေသီအဖွဲ့တစ်ဖွဲ့ကနေပြီးတော့ ဒီဆန်းကြယ်မှုကို အလင်းပတ် ဖြန်းနိုင်ဖို့ အဖြေတစ်ခုနဲ့ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါကတော့ နျူထရီနိုတွေဟာ ဘလေဇာ လို့ခေါ်တဲ့ ဧရာမတွင်းနက်ကြီးတွေပါဝင်တဲ့ ဂလက်စီအလယ်ဗဟိုချက်ကနေ လာတယ်လို့ ယူဆချက်ဖြစ်ပါတယ်။ သူတို့ရလဒ်ကိုတော့ Astrophysical Journal မှာ ထုတ်ပြန်ခဲ့ပါ တယ်။           ကမ္ဘာ့လေထုဟာ အာကာသရောင်ခြည်တွေရဲ့ ရိုက်ခတ်မှုကို အမြဲတစေခံနေရတာ ဖြစ်ပါတယ်။ ဒီထဲမှာ အီလက်ထရွန်ဗို့ ၁၀ ^ ၂၀ လောက်ထိ ရှိတဲ့ စွမ်းအင်မြင့် လျှပ်စစ် ဓာတ်ဆောင်အမှုန်တွေလဲ ပါဝင်နေပါတယ်။ ဒါက ကမ္ဘာပေါ်က စွမ်းအားအကြီးဆုံ...

နျူထရွန်ကြယ်များ တိုက်မိရာမှ မဂ္ဂနက်တာများ ဖြစ်ပေါ်လာခြင်းအတွက် သက်သေ အထောက်အထား။

Image
            မဂ္ဂနက်တာတွေဟာ စကြဝဠာအတွင်းမှာ စိတ်ဝင်စားဖို့အကောင်းဆုံး နက္ခတ္တပစ္စည်းတွေ ဖြစ်ကြပါတယ်။ သူတို့ကို ပြုလုပ်ထားတဲ့ ပစ္စည်းတွေရဲ့ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာဟာ တစ်ဘီလီယံတန်လောက် လေးနိုင်ပြီး ကမ္ဘာပေါ်မှာ တည်ရှိနေတဲ့ ဘယ်သံလိုက် စက်ကွင်းထက်မဆို အဆပေါင်း သန်းချီပိုပြီးပြင်းထန်တဲ့ သံလိုက်စက်ကွင်းတွေ ရှိနေကြပါတယ်။ ဒါပေမယ့် သူတို့ ဘယ်လိုဖြစ်ပေါ်လာသလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ များများစားစား မသိထားပါဘူး။ အခုစာတမ်းအသစ်တစ်ခုမှာတော့ ဖြစ်နိုင်ခြေရှိတဲ့အရင်းအမြစ်တစ်ခုကို ထောက်ပြခဲ့ပါတယ်။ ဒါကတော့ နျူထရွန်ကြယ်တွေ ရောနှောမှုပဲ ဖြစ်ပါတယ်။           နျူထရွန်ကြယ်တွေဟာလဲ သူတို့ဟာနဲ့ သူတို့ စိတ်ဝင်စားဖို့ ကောင်းကြပါတယ်။ အမှန်တော့ ယေဘုယျအားဖြင့် မဂ္ဂနက်တာတွေဟာ နျူထရွန်ကြယ်အမျိုးအစားတစ်မျိုး ဖြစ်တယ်လို့ လက်ခံထားကြတာ ဖြစ်ပါတယ်။ သူတို့နှစ်ခုရဲ့ အဓိကခြားနားချက်ကတော့ သံလိုက်စက်ကွင်း ပြင်းအားပဲ ဖြစ်ပါတယ်။ နဂါးငွေ့တန်းဂလက်စီအတွင်းမှာ နျူထရွန် ကြယ်ပေါင်း တစ်ဘီလီယံလောက်ရှိတယ်လို့ ယူဆရပြီး တချို့ဟာ စုံတ...

ဝပ်ဘ်တယ်လီစကုပ်ရဲ့ NIRISS instrument ဟာ စကြဝဠာကြီးကို အနီအောက် ရောင်ခြည်ပေါင်း ၂၀၀၀ ကျော်မှာ မြင်နိုင်ဖို့ အဆင့်သင့်ဖြစ်နေပါပြီ။

Image
            သိပ်မကြာခင်မှာပဲ ဝပ်ဘ်တယ်လီစကုပ်ရဲ့အောင်ပွဲနေ့ရက်တွေကို ရောက်လာတော့မှာ ဖြစ်ပါတယ်။ ဝပ်ဘ်တယ်လီစကုပ်ရဲ့ အဓိကစွမ်းရည်ထဲမှာ အနီအောက်ရောင်ခြည် ကဏ္ဍကလဲ တစ်ခုအပါအဝင်ပါပဲ။ ဝပ်ဘ်တယ်လီစကုပ်ရဲ့ ပင်မသိပ္ပံတိုင်းတာရေး ကိရိယာလေးခုထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ Near-infrared Imager and Slitless Spectrograph instrument (NIRISS) ဟာ လွှတ်တင်ပြီးနောက် ပြင်ဆင်သင့်တာအားလုံးကို ပြင်ဆင်ပြီး ဖြစ်လို့ သူ့ရဲ့သိပ္ပံဆိုင်ရာ မစ်ရှင်အတွက် အဆင့်သင့်ဖြစ်နေပြီလို့ သိရပါတယ်။           သိပ္ပံလုပ်ငန်းတာဝန်တွေ ဆောင်ရွက်နိုင်ပြီလို့ မကြေငြာသေးခင် နောက်ဆုံးစစ် ဆေးရမယ့် NIRISS mode ကတော့ Single Object Slitless Spectroscopy (SOSS) ရဲ့ စွမ်းဆောင်ရည်ပဲ ဖြစ်ပါတယ်။ SOSS mode ရဲ့ ပင်မစွမ်းရည်ကတော့ အထူးပြုလုပ်ထားတဲ့ သုံးမြှောင့်ဖန်တုံးဖြစ်ပြီး အာကာသအရင်းအမြစ်တွေကလာတဲ့ အလင်းကို ကွဲပြားတဲ့ရောင်စဉ်သုံးမျိုး ခွဲထုတ်ပေးမည်ဖြစ်ကာ အနီအောက်ရောင်ခြည်ပေါင်း ၂၀၀၀ ကျော်လောက်ကို လေ့လာစူးစမ်းမှုတစ်ခုတည်းမှာ စုဆောင်းသိမ်းဆည်း ပေးနိုင်မှာ ဖြစ်ပါတယ...

စူပါနိုဗာပေါက်ကွဲမှုမှ ရှင်ကျန်ရစ်ခဲ့သော ကြယ်တစ်စင်း။

Image
    By Sandy Seale and Harrison Tasoff,  University of California - Santa Barbara ဆောင်းပါးတို (ဘာသာပြန်)           ကျွန်တော်တို့ သိထားတဲ့အတိုင်းပဲ စူပါနိုဗာတွေဆိုတာကတော့ ကြယ်တစ်စင်း အလွန်ပြင်းထန်သော စွမ်းအင်နဲ့အတူ ပေါက်ကွဲတဲ့ဖြစ်စဉ်ဖြစ်ပါတယ်။ များသောအားဖြင့်တော့ သာမိုနျူကလိယစူပါနိုဗာတွေဟာ ဘာမှမကျန်ရစ်တော့သည်အထိ ကြယ်ဖြူပုတစ်စင်း အပြီးတိုင် ပျက်စီးသွားပြီဖြစ်ကြောင်း အချက်ပြခြင်း ဖြစ်ပါတယ်။ အနည်းဆုံးတော့ ဒါက မော်ဒယ်နဲ့ လေ့လာတွေ့ရှိချက်တွေက ခန့်မှန်းထားချက်တွေ ဖြစ်ပါတယ်။           ဒီတော့ နက္ခတ္တဗေဒပညာရှင် အဖွဲ့တစ်ဖွဲ့က ထူးဆန်းတဲ့ သာမိုနျူကလိယ စူပါနိုဗာ တစ်ခုဖြစ်တဲ့ စူပါနိုဗာ SN 2012Z ကို ဟယ်ဘယ်တယ်လီစကုပ်နဲ့ ကြည့်ရှုခဲ့ကြပါတယ်။ ဒီနောက်မှာတော့ ဒီကြယ်ဟာ စူပါနိုဗာပေါက်ကွဲမှုကနေ ရှန်ကျန်ရစ်ခဲ့တာကြောင့် တုန်လှုပ်ခြောက်ခြားခဲ့ရပါတယ်။ ဒီကြယ်ဟာ အသက်ရှင်ကျန်ရစ်ခဲ့ရုံတင်မဟုတ်ဘဲ စူပါနိုဗာဖြစ်ပေါ်ပြီးနောက်မှာတောင် အရင်ကထက် ပိုပြီးတောက်ပနေတာကို ထူးဆန်းစွာ တွေ့မြင်ခဲ့ရပါတယ်။ ဘာဖြစ်ခဲ့တာပါလဲ။ ...

အလွန့်အလွန်ဒြပ်ထုမြင့်သော ကာဗွန်-အောက်ဆီဂျင် ကြယ်ဖြူပုများ၏ ဖြစ်ပေါ်ပုံအား စူးစမ်းလေ့လာခြင်း။

Image
            ကြယ်ဖြူပုတွေဟာ ကြယ်သင်္ချိုင်းမြေထဲမှာတော့ အပေါများဆုံးပစ္စည်းတွေ ဖြစ်ကြပါတယ်။ စကြဝဠာအတွင်းက ကြယ်အားလုံးရဲ့ ၉၇ ရာခိုင်နှုန်းလောက်ဟာ ကြယ်ဖြူပု အဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားလိမ့်မယ်လို့ ကျယ်ကျယ်ပြန့်ပြန့်လက်ခံထားကြပါတယ်။ ဒီလိုပေါများကြွယ်ဝတဲ့ဝတ္ထုတွေဟာ ကြယ်တွေဆင့်ကဲပြောင်းလဲပုံ၊ ဖြစ်ပေါ်ပုံ၊ ဂလက်စီ သမိုင်းကြောင်းနဲ့ ကြယ်အရေအတွက်တွေကို နားလည်နိုင်ဖို့ စွမ်းအားကြီးမားတဲ့ တန်ဆာ ပလာတွေ ဖြစ်ကြပါတယ်။           Royal Astronomical Society မှာ ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုတစ်ခုမှာတော့ ဒီကြယ် ဖြူပုတွေထဲက အလွန်ဒြပ်ထုမြင့်တဲ့ ကာဗွန်-အောက်စီဂျင်ကြယ်ဖြူပုတွေ (UMCOWDs) တွေကို စူးစမ်းလေ့လာခဲ့ကြပါတယ်။           ကြယ်ဆင့်ကဲပြောင်းလဲပုံမော်ဒယ်တွေအရတော့ နေဒြပ်ထု ၀.၄၅ ဆထက်နည်းတဲ့ ကြယ်ဖြူပုတွေဟာ ဟီလီယံ (He) ကြယ်ဖြူပုတွေ ဖြစ်ကြပြီး နေဒြပ်ထု ၀.၄၅ နဲ့ ၁.၀၅ ကြား ရှိတဲ့ ကြယ်ဖြူပုတွေဟာ ကာဗွန်-အောက်စီဂျင် ကြယ်ဖြူပု (CO) တွေဖြစ်ကြပါတယ်။ နေဒြပ်ထု ၁.၀၅ ထက်ပိုပြီးကြီးတဲ့ က...

ဝေးကွာသောအရပ်ရှိဂလက်စီတစ်ခုတွင် စွမ်းအားအကြီးဆုံးပါလ်ဆာတစ်ခု၏ သက်သေ အထောက်အထားအား တွေ့ရှိခဲ့။

Image
            VLA Sky Survey (VLASS) ကနေရရှိလာတဲ့ ဒေတာတွေကို သရုပ်ခွဲစိစစ်ရာမှ သက်တမ်းအနုဆုံး နျူထရွန်ကြယ်တစ်စင်းကို သုတေသီတွေ တွေ့ရှိခဲ့ပါတယ်။ နျူထရွန်ကြယ်တွေဆိုတာကတော့ ဒြပ်ထုမြင့်ကြယ်တစ်စင်းပေါက်ကွဲရာကနေ ကျန်ရစ်ခဲ့တဲ့ အကြွင်းအကျန်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ရရှိလာတဲ့ ပုံရိပ်ကနေပြီးတော့ (လည်ပတ်နေတဲ့ ပါလ် ဆာရဲ့ သံလိုက်စက်ကွင်းကြောင့် ဖြစ်ပေါ်လာတဲ့) တောက်ပတဲ့ရေဒီယိုထုတ်လွှတ်မှုဟာ (စူပါနိုဗာပေါ်ကွဲမှုကနေ ကျန်ရစ်ခဲ့တဲ့) သိပ်သည်းတဲ့အမှိုက်စအခွံကြီးနောက်ကနေ ထွက်ပေါ်လာတာဖြစ်ကြောင်း ညွှန်ပြနေခဲ့ပါတယ်။           VT 1137-0337 လို့ခေါ်တဲ့ ဝတ္ထုဟာ ဂလက်စီပုတစ်ခုဖြစ်ပြီး ကမ္ဘာကနေ အလင်းနှစ် ၃၉၅ သန်းအကွာမှာ တည်ရှိနေပါတယ်။ ဒါက ၂၀၁၈ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ VLASS ပုံရိပ်မှာ ပထဆုံးပေါ်လာခဲ့တာပါ။ ဒီဒေသကိုပဲ ၁၉၉၈ ခုနှစ်တုန်းက ပြုလုပ်ခဲ့တဲ့ စမ်တမ်း ကောက်ယူမှုမှာတော့ ဒါကိုမတွေ့ခဲ့ရပါဘူး။ ၂၀၁၈ခုနှစ်၊ ၂၀၁၉ ခုနှစ်၊ ၂၀၂၀ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ နောက်ပိုင်း VLASS စစ်တမ်းကောက်ယူမှုတွေမှာတော့ ဆက်တိုက် ပေါ်နေခဲ့...

အသေးစိတ်အကျဆုံး နဂါးငွေ့တန်းဂလက်စီ စစ်တမ်းကောက်ယူမှုတွင် ဂီရာဂြိုဟ်တု မြင်တွေ့ခဲ့သော ထူးဆန်းသောကြယ်များ။

Image
            ဂီရာဟာ ESA မစ်ရှင်တစ်ခုဖြစ်ပြီး နဂါးငွေ့တန်းဂလက်စီရဲ့ တိကျသေချာပြီး ပြီးပြည့်စုံတဲ့ သုံးဖက်မြင်ပုံရိပ်တစ်ခု ဖန်တီးနိုင်ဖို့ စေလွှတ်ထားတာ ဖြစ်ပါတယ်။ ဒါက နက္ခတ္တဗေဒပညာရှင်တွေကို နဂါးငွေ့တန်းဂလက်စီရဲ့ တည်ဆောက်ပုံနဲ့ လွန်ခဲ့တဲ့ နှစ်ဘီလီယံပေါင်းများစွာက ဆင့်ကဲပြောင်းလဲမှုကို ပြန်လည်တည်ဆောက်နိုင်ဖို့၊ ကြယ်သံသရာလည်ပုံတွေနဲ့ စကြဝဠာအတွင်းမှာ ကျွန်တော်တို့ အခန်းကဏ္ဍက ဘယ်လို ရှိသလဲဆိုတာကို ပိုပြီးနားလည်နိုင်ဖို့ ခွင့်ပြုပေးထားပါတယ်။           အခုနောက်ဆုံး ဂီရာထုတ်ဝေခဲ့တဲ့ ဒေတာတွေမှာတော့ နဂါးငွေ့တန်းဂလက်စီအတွင်းက ကြယ်ပေါင်း ၂ ဘီလီယံအတွက် သစ်ဆန်းပြီး ပိုမိုကောင်းမွန်တဲ့ အသေးစိတ် အချက်အလက်တွေပါဝင်လာခဲ့ပါတယ်။ ဒီကတ်တလောက်ထဲမှာဆိုရင် ဓာတုဖွဲ့စည်းတည်ဆောက်ပုံတွေအပါအဝင် ကြယ်တွေရဲ့ အပူချိန်၊ အရောင်၊ ဒြပ်ထု၊ သက်တမ်းနဲ့ ကျွန်တော်တို့ဆီကနေ သို့မဟုတ် ကျွန်တော်တို့ဆီကို ရွေ့နေတဲ့ အလျင်တို့ပါ ပါဝင်လာတာကို တွေ့ရပါတယ်။ ဒါ့အပြင်ဒေတာတွေထဲမှာ ကြယ်တွေရဲ့ အထူးအမျိုးအစားခွဲတွေ လဲ ပါဝင်လာခဲ့ပါတယ်။   ...

ကွက်ခ်ကြယ်များ (Quark Stars)

Image
            စကြဝဠာကြီးဟာ ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ တစ်ခါတစ်လေ မယုံနိုင်လောက်အောင် ထူးဆန်းလွန်းလို့ လက်ခံဖို့တောင်ခက်ခဲ လှပါတယ်။ ကျွန်တော်ဒီနေ့ဆွေးနွေးသွားမှာကတော့ ဒီလိုဝတ္ထုတွေထဲက တစ်ခုပါ။           စာဖတ်သူများအနေနဲ့ တွင်းနက်ကိုတော့ သိကြမှာပါ။ အကယ်လို့ စာဖတ်သူသာ ဒီအကြောင်းအရာတွေကို သေချာလေ့လာဖူးသူတစ်ယောက်ဆိုရင် နျူထရွန်ကြယ်ဆိုတာကိုလဲ သိကောင်းသိနိုင်ပါတယ်။ ဒါတွေမသိလဲ ဘာမှမဖြစ်ပါဘူး။ ကျွန်တော်တို့ အောက်မှာ ဆွေးနွေးပါဦးမယ်။ ကျွန်တော်တို့ အခုဆွေးနွေးမယ့် ကွက်ခ်ကြယ်တွေဆိုတာကတော့ နျူထရွန်ကြယ်နဲ့ တွင်းနက်တို့ကြားက ကြားခြေအခြေအနေတစ်ခုဖြစ်ပါတယ်။ ဒီကြယ်တွေရှိကြောင်း လက်တွေ့စမ်းသပ်ချက်အားဖြင့်တော့ မပြနိုင်သေးပါဘူး။ သို့သော်လည်း အလျောင်းအလျာတချို့တော့ တွေ့ရှိထားပြီးဖြစ်ပါတယ်။              ကွက်ခ်ကြယ်တွေအကြောင်း စမပြောခင်မှာ ကျွန်တော်တို့ အခြေခံအကြောင်းအရာ လေးတချို့ကို ပြန်နွေးကြည့်ပါမယ်။ ကွက်ခ် (quark) ဆိုတာဘာလဲ။ နျူထရွ...

­­ဒြပ်ဆွဲလှိုင်းများမှတစ်ဆင့် တွင်းနက်တစ်ဝိုက်ရှိ အမှုန်အသစ်များကို ထောက်လှမ်းခြင်း။

Image
            အလွန်အလွန်ပေါ့ပါးတဲ့အမှုန်တိမ်တိုက်တွေဟာ လည်ပတ်နေတဲ့တွင်းနက်တစ်ဝိုက်နားမှာ ဖြစ်ပေါ်နိုင်ပါတယ်။ အခုဆိုရင်တော့ အန်စတာဒန်တက္ကသိုလ်နဲ့ ဟားဗတ်တက္ကသိုလ်မှ ရူပဗေဒပညာရှင် အဖွဲ့တစ်ဖွဲ့က တွင်းနက်စုံတွဲတွေကနေ ထုတ်လွှတ်လိုက်တဲ့ ဒြပ်ဆွဲလှိုင်းတွေပေါ်မှာ ဒီတိမ်တိုက်တွေရဲ့ ဝိသေဿလက္ခဏာတချို့ ခြေရာအဖြစ် ကျန်ရစ်နိုင်ခဲ့တယ်လို့ ပြသခဲ့ပါတယ်။           များသောအားဖြင့် တွင်းနက်တွေဟာ သူတို့အနားတစ်ဝိုက်က ဒြပ်သားတွေနဲ့ စွမ်းအင်တွေကို စုပ်ယူတယ်လို့သာ သိကြတာ ဖြစ်ပါတယ်။ သို့ပေမယ့် သူတို့ဟာ "superradiance" လို့ခေါ်တဲ့ ဖြစ်စဉ်အားဖြင့် သူတို့ရဲ့ဒြပ်ထုတချို့ကို ပြန်ထုတ်ပေးနိုင်တာလဲ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဖြစ်တာမှန်ပေမယ့် သဘာဝကြီးမှာ ဒြပ်ထုအလွန်နိမ့်တဲ့ အမှုန်တွေရှိမှသာ အကျိုးအာနိသင်ဖြစ်တယ်လို့ စံပုံစံအလွန်က သီအိုရီတွေက ခန့်မှန်းထားကြပါတယ်။ အိုင်းယွန်းဖြစ်ဒြပ်ဆွဲအက်တမ်များ           Superradiance ဖြစ်စဉ်နဲ့ တွင်းနက်တစ်ခုက ဒြပ်ထုတချို့ဆွဲထုတ်ခံလိုက်ရတဲ့ အခါ တွင်းနက်...

ဂလက်စီများအား ရေတွက်ခြင်းဖြင့် အထူးနှိုင်းရသီအိုရီအား လက်တွေ့အသုံးချခြင်း။

Image
            ­­အာကာသကြီးကိုလေ့လာနေတဲ့ သိပ္ပံပညာရှင်တွေအားလုံးမှာ “mediocrity principle” လို့ခေါ်တဲ့ ဒဿနတစ်ခုရှိကြပါတယ်။ ဒါကတော့ ကမ္ဘာကြီး၊ နေနဲ့ နဂါးငွေ့တန်းဂလက်စီတို့ဟာ စကြဝဠာကအရာအားလုံးနဲ့နှိုင်းယှဉ်ရင် ဘာမှထူးခြားမနေဘူးလို့ ဆိုလိုပါတယ်။ မြန်မာလိုဆိုရင်တော့ အားလုံးက ဒီပုတ်ထဲက ဒီပဲ, ပဲပေါ့။           အခုဆိုရင်တော့ သုတေသနအသစ်တစ်ခုက ဒီ mediocrity principle အတွက် နောက်ထပ် သက်သေအထောက်အထားတစ်ခုကို ပေါင်းထည့်နိုင်ခဲ့ပါတယ်။ ပျမ်းမျှအားဖြင့် ဂလက်စီတွေဟာ အစောပိုင်းစကြဝဠာနဲ့နှိုင်းယှဉ်ရင် ရပ်နားနေကြပါတယ်။ နက္ခတ္တရူပဗေဒပညာရှင် တစ်ယောက်ဖြစ်တဲ့ ဂျရီမီဒါလင်က ဒီအာကာသဆိုင်ရာ တွေ့ရှိချက်ကို Astrophysical Journal Letters မှာ ထုတ်ဝေခဲ့ပါတယ်။           “ဒီသုတေသနက ပြောပြနေတာကတော့ ကျွန်တော်တို့မှာ ရယ်စရာရွေ့လျားမှု (လှုပ်ရှားမှုနည်းနည်းလေး) တစ်ခုရှိတယ်။ ဒါပေမယ့် ဒီရယ်စရာရွေ့လျားမှုလေးက စကြဝဠာနဲ့ပတ်သက်တဲ့ ကျွန်တော်တို့ သိထားသမျှအားလုံးနဲ့ လိုက်လျောညီထွေဖြစ်နေတာပါပဲ။...

စကြဝဠာဟာ သူ့ရဲ့သံလိုက်စက်ကွင်းကို ဘယ်လိုရခဲ့သလဲ။

Image
            ကျွန်တော်တို့ စကြဝဠာကြီးကို ကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့ မြင်နေသမျှ နက္ခတ္တပစ္စည်းအားလုံးဟာ သံလိုက်စက်ကွင်းတွေထဲမှာ နစ်မြုပ်နေကြပါတယ်။ ဒါက ကျွန်တော်တို့ အနီးအနားက ကြယ်တွေနဲ့ ဂြိုဟ်တွေအတွက်သာမဟုတ်ဘဲ ဂလက်စီနဲ့ ဂလက်စီအစုအဝေးတွေကြားက နက်ရှိုင်းတဲ့ကွင်းပြင်ကွက်လပ်ကြီးတွေအတွက်လဲ မှန်ကန်ပါတယ်။ ဒီစက်ကွင်းတွေဟာ အားပျော့ကြပါတယ်။ များသောအားဖြင့် ရေခဲသေတ္တာပေါ်က သံလိုက်ထက်တောင် အားပျော့ပါသေးတယ်။ သို့ပေမယ့် သူတို့ရဲ့ သက်ဝင်လှုပ်ရှားမှုတွေဟာ သိသာထင်ရှားတာကြောင့် ရွေ့လျားပြောင်းလဲနေတဲ့ စကြဝဠာကြီးအပေါ်မှာ သိသိသာသာ သက်ရောက်မှုများ ရှိနိုင်ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ ပြင်းပြင်းထန်ထန် သုတေသနပြုခဲ့ပေမယ့်လဲ ဒီအာကာသတစ်ခွင်လုံးရှိ သံလိုက် စက်ကွင်းတွေရဲ့ ဇစ်မြစ်ဟာ အာကာသဗေဒမှာ ထူးခြားဆန်းကြယ်မှုတွေထဲက တစ်ခုအဖြစ် ကျန်ရှိနေဆဲဖြစ်ပါတယ်။           မကြာသေးခင်က သုတေသနတစ်ခုမှာတော့ သိပ္ပံပညာရှင်တွေအနေနဲ့ နဂိုကတည်းက တည်ရှိနေတဲ့ သံလိုက်စက်ကွင်းတွေဟာ ဒိုင်နမိုဖြစ်စဉ်လို့ခေါ်တဲ့ နည်းလမ်းအားဖြင့် ပိုပြီးကြီး...

ဝေးကွာသောအရပ်ရှိဂလက်စီများနှင့် ပတ်သက်သော တွေ့ရှိမှုအသစ်။ ကြယ်များသည် ကျွန်တော်တို့ ထင်ထားသည်ထက် ပို၍လေးလံနေပါသည်။

Image
            ကိုပန်ဟေဂန်တက္ကသိုလ်မှ နက္ခတ္တရူပဗေဒပညာရှင် အဖွဲ့တစ်ဖွဲ့က နဂါးငွေ့တန်း ဂလက်စီအလွန်က ကြယ်တွေနဲ့ပတ်သက်ပြီး အရေးပါတဲ့ရလဒ်တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ ဒီရလဒ်က တွင်းနက်ဖြစ်ပေါ်မှုတွေ၊ စူပါနိုဗာတွေနဲ့ ဘာကြောင့် ဂလက်စီတွေ သေဆုံးရသလဲ စတဲ့ နက္ခတ္တဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့နားလည်ထားမှုကို ပြောင်းလဲစေနိုင်ပါတယ်။           ကောင်းကင်ယံကို လူသားတွေ လေ့လာနေသမျှကာလပတ်လုံးမှာ ‌ဝေးကွာတဲ့ အရပ်ကဂလက်စီတွေ ဘယ်လိုပုံစံရှိမလဲဆိုတာဟာ အမြဲဆန်းကြယ်နေခဲ့ပါတယ်။ Astronomical Journal မှာ ယနေ့ထုတ်ဝေခဲ့တဲ့ လေ့လာမှုတစ်ခုက ကျွန်တော်တို့ နဂါးငွေ့တန်းဂလက်စီအလွန်က ကြယ်တွေအပေါ် ယခင်ကကျွန်တော်တို့နားလည်ထားမှုကို စိန်ခေါ်မှုပြုနေပါတယ်။           ၁၉၉၅ ခုနှစ်ကစပြီးတော့ စကြဝဠာအတွင်းက တခြားဂလက်စီတွေမှာရှိတဲ့ ကြယ်တွေရဲ့ဖွဲ့စည်းတည်ဆောက်ပုံဟာ ကျွန်တော်တို့နဂါးငွေ့တန်းဂလက်စီအတွင်းက ကြယ်ဘီလီယံပေါင်းများစွာ (ဒြပ်ထုနိမ့်၊ ဒြပ်ခုအလယ်အလတ်နဲ့ ဒြပ်ထုမြင့်ကြယ် အစုအဝေးကြီးတစ်ခု) န...