Posts

Showing posts with the label Exoplanet

ကမ္ဘာ့ပြင်ပဂြိုဟ်တစ်လုံးကနေ ဝပ်ဘ်တယ်လီစကုပ်ရရှိခဲ့တဲ့ အချက်အလက်တွေက သိပ္ပံပညာရှင်တွေကို ဘယ်လိုအကျိုးပြုနိုင်မလဲ။

Image
            မနေ့ညကတော့ တကယ့်ကို အံ့အားသင့်ဖွယ် ညတစ်ညဖြစ်ခဲ့တာပါပဲ။ ဂျူလိုင်လ ၁၁ ရက်နေ့ ညနေပိုင်းမှာ သမ္မတဂျိူးဘိုင်ဒန်က ဝပ်ဘ်ရဲ့ ပထမဆုံး ပုံရိပ်ဖြစ်တဲ့ Deep Field Image ကို ပြသခဲ့ပြီးနောက်မှာတော့ ဂျူလိုင်လ ၁၂ ရက်နေ့ မြန်မာစံတော်ချိန် ၉ နာရီမှာ နောက်ဆက်တွဲပုံရိပ်လေးခုကို ဆက်လက်ပြသခဲ့ပါတယ်။ ထုတ်ပြန်ခဲ့တဲ့ ပုံရိပ် လေးခုစလုံးဟာ အံ့အားသင့်ဖွယ် ပြတ်သားထင်ရှားတဲ့ ပုံရိပ်တွေဖြစ်ခဲ့ပြီး နက္ခတ္တဗေဒ ပညာရပ်ဟာ နောက်ထပ်တစ်ဆင့်ကို တက်လှမ်းသွားခဲ့ပြီဆိုတာ ထင်ထင်ရှားရှား ပြသနေ ခဲ့ပါတယ်။ ဒီပုံလေးခုထဲမှာ ကျွန်တော်စိတ်ဝင်စားဆုံးကတော့ exoplanet data ပဲ ဖြစ်ပါ တယ်။ ဒါ့ကြောင့်မလို့ ဒီနေ့မှာတော့ အခုရရှိခဲ့တဲ့ exoplanet data အသစ်ကနေပြီးတော့ သိပ္ပံပညာရှင်တွေကို ဘာအချက်အလက်အသစ်တွေ ပြောပြနိုင်သလဲဆိုတာကို တင်ပြ သွားပါမယ်။           ဂျိမ်းစ်ဝပ်တယ်လီစကုပ်ရဲ့ အဓိကပန်းတိုင်နှစ်ခုထဲမှာ ကမ္ဘာ့ပြင်ပဂြိုဟ် (exoplanet) တွေကို လေ့လာဖို့ကလဲ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ တကယ့်ရည်မှန်းချက် အစစ်ကတော့ သက်ရှိရှင်သန်နိုင်မယ့် ကမ္ဘာမဟုတ်တဲ့ တ...

နက္ခတ္တဗေဒပညာရှင်များသည် ထူးခြားဆန်းကြယ်သော ကျောက်စိုင်ကျောက်ခဲဂြိုဟ် နှစ်လုံးအပေါ် ဝပ်ဘ်တယ်လီစကုပ်၏ high-precision spectrographs များကို training ပေးသွားမည်။

Image
            သူရဲ့ မှန်အပိုင်းများကို လှလှပပချိန်ညှိမှုပြီးစီးပြီးတဲ့အပြင် သူ့ရဲ့သိပ္ပံတိုင်းတာရေးကိရိယာများကိုလဲ တွက်ချက်မှုလုပ်ဆောင်နေပြီဖြစ်တာကြောင့် နာဆာရဲ့ ဂျိမ်းစ်ဝပ်ဘ် တယ်လီစကုပ်ဟာ လုပ်ငန်းအပြည့်ဆောင်ရွက်နိုင်ဖို့ သီတင်းပတ်အပိုင်းအခြားသာ လိုအပ်တော့တာ ဖြစ်ပါတယ်။ ဒီနွေရာသီမှာ ပထမဆုံးစူးစမ်းလေ့လာမှုလုပ်ဆောင်ပြီး သိပ်မကြာခင်မှာပဲ ဝပ်ဘ်ဟာ သူ့ရဲ့သိပ္ပံဆိုင်ရာမစ်ရှင်များကို စတင်ဆောင်ရွက်သွားတော့ မှာ ဖြစ်ပါတယ်။           ပထမနှစ်မှာ စူးစမ်းလေ့လာဖို့ စီစဉ်ထားတဲ့ လေ့လာမှုတွေထဲမှာ စူပါကမ္ဘာ (super-earth) လို့ အမည်ပေးထားတဲ့ ပူပြင်းတဲ့ပြင်ပဂြိုဟ်နှစ်ခုလဲ အပါအဝင်ဖြစ်ပါတယ်။ ဒီနှစ်ခုတော့ ချော်ရည်တွေအပြည့်ဖုံးနေတဲ့ 55 Cancir e နဲ့ လေမရှိတဲ့ LHS 3844 b တို့ ဖြစ်ပါ တယ်။ သုတေသီတွေအနေနဲ့ ဝပ်ဘ်ရဲ့ high precision spectrographs တွေကို ဒီပြင်ပ ဂြိုဟ်နှစ်လုံးမှာ train ပေးသွားမှာဖြစ်ပါတယ်။ ဒီကနေတစ်ဆင့် ကမ္ဘာလိုမျိုး ကျောက်စိုင် ကျောက်ခဲဂြိုဟ်တွေရဲ့ ဆင့်ကဲပြောင်းလဲမှုနဲ့ ဂလက်စီတစ်လျှောက် ဂြိုဟ်တွေရဲ့ ဘူမိဗေဒ ကွဲ...

ပြင်ပဂြိုဟ် (exoplanet) များအား ပုံရိပ်ဖော်နိုင်သော ဒြပ်ဆွဲတယ်လီစကုပ်တစ်ခုအား သိပ္ပံပညာရှင်များမှ ဖော်ထုတ်ပြသ။

Image
            ၁၉၉၂ ခုနှစ်မှာ ပထမဆုံးပြင်ပဂြိုဟ်ကို စတင်တွေ့ရှိချိန်ကစပြီးတော့ နက္ခတ္တဗေဒပညာရှင်တွေဟာ တခြားကြယ်တွေကို လှည့်ပတ်နေတဲ့ ဂြိုဟ်ပေါင်း ၅၀၀၀ ကျော်ကို ထောက်လှမ်းနိုင်ခဲ့ပြီးဖြစ်ပါတယ်။ သို့သော်လည်း နက္ခတ္တဗေဒပညာရှင်တွေ ပြင်ပဂြိုဟ်တစ်လုံးတွေ့တိုင်းမှာ သူတို့နဲ့ပတ်သက်ပြီး သိပ်များများစားစားမလေ့လာနိုင်ပါဘူး။ ဒါတွေ တည်ရှိနေတယ်ဆိုတာနဲ့ သူတို့နဲ့ ပတ်သက်တဲ့ အသွင်လက္ခဏာအနည်းငယ်ကိုသာသိနိုင်ပြီး ကျန်တဲ့အချက်အလက်တွေကတော့ ဆန်းကြယ်မှုအဖြစ်သာ ကျန်ရစ်ခဲ့ရပါတယ်။           တယ်လီစကုပ်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာအကန့်အသတ်တွေကို ရှောင်လွဲနိုင်ဖို့အတွက် စတန်းဖိုဒ့်တက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ လက်ရှိအသုံးပြုနေတဲ့ ပုံရိပ်ဖော်နိုင်စွမ်း အကောင်းဆုံး တယ်လီစကုပ်တွေထက် အဆ ၁၀၀၀ ပိုပြီးတိကျပြတ်သားတဲ့ ပုံရိပ်ဖော်နည်းစနစ်တစ်ခုကို ဆောင်ရွက်နေကြပါတယ်။ ချဲ့ခြင်း (lensing) လို့ခေါ်တဲ့ ဟင်းလင်းပြင်ရှိ ဒြပ်ဆွဲအားကြောင့် ပုံပျက်မှုအကျိုးကို အသုံးချပြီးတော့ သိပ္ပံပညာရှင်တွေဟာ ဒီနည်းလမ်းနဲ့ လက်ရှိနည်းပညာ ထက်ပိုပြီးအဆင့်မြင့်တဲ့ ...

ပြင်ပဂြိုဟ်များ၏ လေထုအား အတန်းအစားခွဲခြားခြင်းက လေ့လာမှုနယ်ပယ်အသစ် တစ်ခု ဖြစ်လာ။

Image
            နိုင်ငံတာကာသုတေသနပညာရှင်အဖွဲ့တစ်ဖွဲ့က ပြင်ပဂြိုဟ် ၂၅ လုံးရဲ့ ဒေတာတွေ ကို စစ်ဆေးခဲ့ပြီးနောက် သူတို့တွေရဲ့ လေထုဂုဏ်သတ္တိတွေကြားက အချို့ဆက်နွယ်မှု တွေကို တွေ့ရှိခဲ့ပါတယ်။ ဒီဆက်နွယ်မှုတွေထဲမှာတော့ လေထုထဲမှာရှိတဲ့ thermal profile နဲ့ ဓာတုပစ္စည်းပေါကြွယ်ဝမှုတို့လဲ ပါဝင်နေပါတယ်။           ယခုဆိုရင် အတည်ပြုထားနိုင်တဲ့ ပြင်ပဂြိုဟ်စုစုပေါင်း ၃၀၀၀ ကျော်အထိ ရှိလာခဲ့ ပါပြီ။ ပြင်ပဂြိုဟ်ဆိုတာကတော့ နေမဟုတ်တဲ့ တခြားကြယ်တစ်ခုကို လှည့်ပတ်နေတဲ့ နေအဖွဲ့အစည်းပြင်ပက ဂြိုဟ်တွေဖြစ်ပါတယ်။ သူတို့ဟာ ကမ္ဘာကနေ အလွန်တရာ ဝေးကွာလှတာကြောင့် သူတို့ကို အသေးစိတ်လေ့လာဖို့ဆိုတာ မလွယ်ကွယ်ပါဘူး။ ပြင်ပ ဂြိုဟ်တစ်လုံးရဲ့ ဝိသေဿလက္ခာတွေကို ဆုံးဖြတ်နိုင်တာကိုက တကယ်ကို ကြီးကျယ်တဲ့ အောင်မြင်မှုတစ်ရပ်ဖြစ်ပါတယ်။           ဒီသုတေသနမှာဆိုရင်တော့ မိခင်ကြယ်ကို အသီးသီးလှည့်ပတ်နေကြတဲ့ ပူပြင်းတဲ့ ဂျူပီတာ (hot Jupiter) ၂၅ လုံး ရဲ့ အောင်မြင်မှုရရှိထားတဲ့ ဒေတာတွေကို အသုံးပြုခဲ့ပါတယ်။ ဒီဒေတာထ...