Posts

Showing posts with the label Planetary Science

မားစ်ဂြိုဟ်ပေါ်က တိမ်တိုက်တွေကို ရှာဖွေဖို့ နာဆာက လူထုအကူအညီလိုအပ်နေ။

Image
      နေဝင်ပြီးနောက်သိပ်မကြာခင်မှာ နာဆာရဲ့ Curiosity rover က ဒီတိမ်တိုက်တွေထဲက တစ်ခုကို ဖမ်းယူ ရရှိထားပုံဖြစ်ပါတယ်။           နာဆာက သိပ္ပံပညာရှင်တွေဟာ မားစ်ဂြိုဟ်ရဲ့လေထုနဲ့ပတ်သက်တဲ့ အခြေခံ ဆန်းကြယ်မှုတစ်ခုကို ဖြေရှင်းနိုင်ဖို့ မျှော်လင့်နေကြပါတယ်။ ဒါကို စာဖတ်သူတို့လဲ အကူအညီပေးနိုင်ပါတယ်။ အခုဆိုရင် နာဆာက Cloudspotting on Mars လို့ခေါ်တဲ့ ပရောဂျက်တစ်ခုကို ဖွဲ့စည်းထားပါတယ်။ ဒါက citizen science platform Zooniverse ကိုအသုံးပြုပြီးတော့ မားစ်ဂြိုဟ်ပေါ်က တိမ်တိုက်တွေကို အတည်ပြုနိုင်ဖို့ ပြည်သူလူထုကို ဖိတ်ခေါ်ထားတာပါ။ What is zooniverse? Zooniverse - Wikipedia Zooniverse register Register — Zooniverse   ဒီကရလာမယ့်အချက်အလက်တွေက မြောက်များစွာသော သက်သေအထောက် အထားတွေက ဒီဂြိုဟ်မှာ ထူထဲတဲ့ လေထုတစ်ခုရှိခဲ့ကြောင်း ညွှန်ပြနေပေမယ့် ဘာကြောင့် မားစ်ဂြိုဟ်ရဲ့ လေထုဟာ ကမ္ဘာရဲ့ ၁ ရာခိုင်နှုန်းလောက်သာ ထူထဲနေရသလဲဆိုတာကို အဖြေရှာနိုင်ဖို့ အကူအညီပေးနိုင်မယ့်လို့ ပညာရှင်တွေက မျှော်လင့်ထားကြပါတယ်။ ဒါ့ကြောင့် သင်ဟာ အဖြေပေးနိုင်သူတစ်ယောက်လဲ ...

နေအဖွဲ့အစည်းအတွင်းရှိ အလှပဆုံးသော စနေဂြိုဟ်၏ ခါးပတ်များအား စူးစမ်း လေ့လာခြင်း။

Image
            နေအဖွဲ့အစည်းအတွင်းမှာ ကိုယ်ပိုင်ခါးပတ်ကြီးနဲ့ ခန့်ခန့်ညားညားရှိနေတဲ့ ဂြိုဟ်ဟာ စနေဂြိုဟ်လို့ပြောရင်တော့ မှားမယ်မထင်ပါဘူး။ ကျွန်တော်တယ်လီစကုပ် စရတုန်းကလဲ ဒီဂြိုဟ်ကြီးရဲ့ ခါးပတ်တွေကို ကြည့်လို့မဝပါဘူး။ ထပ်ခါထပ်ခါကြည့်မိပါတယ်။ တကယ်ကို ရင်သပ်ရှုမောစရာအလှတစ်ခုပါပဲ။ ဒါတောင် အသေးစိတ်မြင်ရတာ မဟုတ်ပါဘူး။ နေအဖွဲ့အစည်းအတွင်းက ဓာတ်ငွေ့ဂြိုဟ်တွေအားလုံးမှာ ကိုယ်ပိုင်ခါးပတ် (ကွင်း) တွေရှိကြပေမယ့် အထင်ရှားဆုံးနဲ့ အထူးခြားဆုံး ကတော့ စနေဂြိုဟ်ကြီးပါပဲ။ ဒီလိုဆိုကျွန်တော်တို့ ဘာကြောင့် ဒါကြီးကို မလေ့လာဘဲ နေကြမှာလဲ။           စနေဂြိုဟ်လို့ဆိုလိုက်ရင် သူ့ကို ခါးပတ်ကြီးနဲ့အမြဲပြေးမြင်မိကြတာပါပဲ။ ကျွန်တော်တို့ သာမန်မျက်စိမှာတော့ ညကောင်းကင်ယံမှာ အလင်းစက်တစ်ခုအနေနဲ့သာ မြင်နိုင်ပေမယ့် သိပ်ဈေးမကြီးတဲ့ တယ်လီစကုပ်တစ်ခုနဲ့တောင် သူ့ရဲ့လှပတဲ့ ခါးပတ် (ကွင်း) ကြီးကို မြင်နိုင်ပါတယ်။ တယ်လီစကုပ်တွေရဲ့ ဖခင်ကြီးဖြစ်တဲ့ ဂယ်လီလီယိုဟာ ၁၆၁၀ ခုနှစ်မှာ သူ့ရဲ့ မှန်ပြောင်းကို စနေဂြိုဟ်ဘက်ကို လှည့်ကြည့်ခဲ့ပါတယ်။ စစမြင်ခြင်းမှ...

ဗီးနပ်စ်ဂြိုဟ်ရဲ့လေထုထဲမှာ အသက်ဇီဝရှိနေနိုင်သလား။

Image
            လေ့လာမှုအသစ်တစ်ခုအရ ဗီးနပ်စ်ဂြိုဟ်ရဲ့လေထုအတွင်းက ဆာလ်ဖာရဲ့ ပုံမှန် မဟုတ်တဲ့အပြုအမူကို “လေနေ” ပြင်ပသက်ရှိပုံစံနဲ့ မရှင်းပြနိုင်ဘူးလို့ ဆိုပါတယ်။           ကန်းဘရစ်တက္ကသိုလ်က သုတေသီတွေဟာ နက္ခတ္တဗေဒပညာရှင်တွေ ဆယ်စုနှစ်ကြာ ခန့်မှန်းထားတဲ့ “တိမ်တိုက်အတွင်းမှ သက်ရှိများ” အယူအဆကို စမ်းသပ်နိုင်ဖို့ ဇီဝဓာတုဗေဒနဲ့ လေထုဓာတုဗေဒနှစ်ခုစလုံးကို အသုံးပြုခဲ့ပြီး ဗီးနပ်ဂြိုဟ်ရဲ့ လေထုကို သက်ရှိဇီဝက မဖြေရှင်းနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။           လုံလုံလောက်လောက် ပေါများတဲ့ ဘယ်သက်ရှိပုံစံမျိုးမဆို အစာစားသောက်ရပြီး ပြန်လည်စွန့်ထုတ်ရတာကြောင့် ဂြိုဟ်ရဲ့လေထုအတွင်းမှာ ဓာတုလက်ဗွေရာတွေကို ချန်ရစ်ခဲ့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လဲ ဗီးနပ်စ်ရဲ့လေထုမှာတော့ ဒီလိုလက်ဗွေရာမျိုး မတွေ့ရပါဘူး။           အကယ်လို့ ဗီးနပ်စ်မှာ သက်ရှိကင်းမဲ့နေတယ်ဆိုရင်တောင် သူတို့ရဲ့ရလဒ်က ဂလက်စီတစ်လွှားက အလားတူဂြိုဟ်တွေရဲ့ လေထုကိုလေ့လာနိုင်ဖို့နဲ...

အာကာသအတွင်းက ပထမဆုံးခရီးသည် သို့မဟုတ် အူမူအာမူအာ။

Image
  Artist Illustration of Oamaumau            ဂြိုဟ်သားတွေရှိပါသလား။ ဒီမေးခွန်းကတော့ နက္ခတ္တဗေဒအသိုင်းအဝိုင်းမှာသာ မက လူထုအသိုင်းအဝိုင်းမှာပါ အမေးများတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။ ပညာရှင်တွေ အနေနဲ့လဲ အဖြေရခက်တဲ့မေးခွန်းတစ်ခုဖြစ်ပါတယ်။ ဒီလောက်ကျယ်ပြောတဲ့ စကြဝဠာ ကြီးအတွင်းမှာ ကျွန်တော်တို့သာ ရှိတယ်ဆိုတာက တော်တော်လေးနုံချာတဲ့ အဖြေဖြစ် ပါတယ်။ တစ်ဖက်မှာလည်း ဂြိုဟ်သားတွေနဲ့ပတ်သက်တဲ့ အစအနလက္ခဏာလေးတောင် မရှိပါဘူး။ ဒီတော့ ဒီမေးခွန်းက neutral ဖြစ်ပါတယ်။ ကိုယ်ယူဆချင်သလို ယူဆနိုင်ပါ တယ်။           ကျွန်တော်ကတော့ တခြားသက်ရှိတွေရှိတာကို အကြွင်းမဲ့ယုံကြည်တဲ့ဘက်ကပါ။ ကမ္ဘာပေါ်မှာ ပန်ကန်ပြားပျံတွေဘာတွေ ဖြတ်သွားတာတို့ ဟိုနေရာမှာ ဂြိုဟ်သားတွေ့ လိုက်တာတို့ ဒါမျိုးကိုတော့ မယုံပါဘူး။ စကြဝဠာအတွင်းမှာ အခြားသက်ရှိမျိုးနွယ်တွေ ရှိနိုင်တာကို ယုံကြည်တာပါ။ ကဲကဲ စကားလဲ ရှည်နေပါပြီ။ ဒီနေ့ပြောမယ့် အကြောင်းလေး စလိုက်ရအောင်။ ပုံမှန်မဟုတ်တဲ့ အလင်းတန်း။             ၂၀၁၇ ခု...

နပ်ကျွန်းဂြိုဟ်နဲ့ ယူရေးနပ်စ်ဂြိုဟ်တို့ဟာ လေထုဖွဲ့စည်းပုံတူကြပေမယ့် ဘာကြောင့် ကွဲပြားတဲ့ အရောင်ရှိနေကြပါသလဲ။

Image
          ဟယ်ဘယ်တယ်လီစကုပ်၊ နာဆာရဲ့ အနီအောက်ရောင်ခြည်တယ်လီစကုပ်နဲ့ ဂျမီနီ နက္ခတ်ကြည့်မျှော်စင်တို့ကနေရရှိတဲ့ စူးစမ်းလေ့လာချက်တွေက တစ်ဆင့် ယူရေးနပ်စ် ပေါ်မှာမြူခိုးငွေ့တွေပိုလျှံမှုက နပ်ကျွန်းထက်ပိုမှိန်အောင်ပြုလုပ်ပေးနေပြီး အမဲစက်တွေဟာ ဒုတိယမြောက် တိမ်တိုက်အလွှာကြီး ပိုပြီး မဲနက်နေမှုကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်တယ်လို့ ဖော်ပြနေပါတယ်။           အခုဆိုရင်တော့ နက္ခတ္တဗေဒပညာရှင်တွေအနေနဲ့ ဘာကြောင့်ပုံစံတူ ဂြိုဟ်နှစ်ခုဖြစ်တဲ့ ယူရေးနပ်စ်နဲ့ နပ်ကျွန်းတို့ဟာ ကွဲပြားခြားနားတဲ့ အရောင်တွေ ရှိနေရသလဲဆိုတာကို နားလည်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေကတစ်ဆင့် သုတေသီတွေဟာ ဂြိုဟ်နှစ်ခုလုံးက လေ့လာတွေ့ရှိချက်တွေနဲ့ ကိုက်ညီတဲ့ လေထုမော်ဒယ်တစ်ခုကို တိုးတက်နိုင်ခဲ့ပါတယ်။ ဒီမော်ဒယ်ကနေပြီးတော့ ယူရေးနပ်စ်ဂြိုဟ်ပေါ်က ပိုလျှံနေတဲ့ မြူခိုးငွေ့တွေဟာ ဂြိုဟ်ရဲ့ အသက်မဲ့ငြိမ်သက်နေတဲ့ လေထုလွှာအတွင်းမှာ ဖြစ်ပေါ်တာကြောင့် နပ်ကျွန်းထက် ပိုပြီးအရောင်နုနေခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီမော်ဒယ်က နက်ရှိုင်းတဲ့ ဒုတိယမြောက်အလွှာက (မဲနက...

နာဆာ၏ Ingenuity Mars Helicopter ၏ စံချိန်တင် ပျံသန်းမှု ဗီဒီယိုမှတ်တမ်း။

Image
            အရင်တုန်းကထက် ပိုမြန်မြန် ပိုဝေးဝေးပျံသန်းနိုင်ခဲ့တဲ့ Rotocraft ရဲ့ မကြာသေးခင်က ပျံသန်းမှုကို ဖမ်းယူထားတဲ့ မားစ်ပေါ်က ပုံရိပ်တွေ ရောက်လာပါပြီ။           Ingenuity Mars Helicopter ရဲ့ black-white လမ်းကြောင်းပြကင်မရာက ဧပြီလ ၁၈ ရက်နေ့မှာ ဆောင်ရွက်ခဲ့တဲ့ ၂၅ ကြိမ်မြောက် စံချိန်တင်ပျံသန်းမှု ဗီဒီယိုတစ်ခုကို ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ တစ်နာရီ ၁၂ မိုင်နှုန်းနဲ့ ပေပေါင်း ၂၃၁၀ (၇၀၄ မီတာ) ရောက် ရှိပြီးတဲ့အချိန်မှာတော့ ဒါက ဂြိုဟ်နီကြီးပေါ်မှာရှိတဲ့ Rotorcraft ရဲ့ အရှည်ဆုံးနဲ့ အဝေးဆုံး ပျံသန်းမှု ဖြစ်လာခဲ့ပါတယ်။ (အခုဆိုရင် Ingenuity က သူ့ရဲ့ ၂၉ ကြိမ်မြောက် ပျံသန်းမှု အတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။)                 “ကျွန်တော်တို့ရဲ့ စံချိန်တင်ပျံသန်းမှုအတွက် Ingenuity ရဲ့ အောက်ဖက်ဆိုက်နေ တဲ့ လမ်းကြောင်းပြကင်မရာဟာ မားစ်ဂြိုဟ်ရဲ့ မျက်နှာပြင်အထက် ၃၃ ပေအမြင့်မှာ တစ်နာရီ ၁၂ မိုင်နှုန်းနဲ့ ပျံသန်းရတဲ့ ခံစားချက်က ဘယ်လိုမျိုးလဲဆိုတာကို ထောက...

နက္ခတ္တဗေဒပညာရှင်များသည် ထူးခြားဆန်းကြယ်သော ကျောက်စိုင်ကျောက်ခဲဂြိုဟ် နှစ်လုံးအပေါ် ဝပ်ဘ်တယ်လီစကုပ်၏ high-precision spectrographs များကို training ပေးသွားမည်။

Image
            သူရဲ့ မှန်အပိုင်းများကို လှလှပပချိန်ညှိမှုပြီးစီးပြီးတဲ့အပြင် သူ့ရဲ့သိပ္ပံတိုင်းတာရေးကိရိယာများကိုလဲ တွက်ချက်မှုလုပ်ဆောင်နေပြီဖြစ်တာကြောင့် နာဆာရဲ့ ဂျိမ်းစ်ဝပ်ဘ် တယ်လီစကုပ်ဟာ လုပ်ငန်းအပြည့်ဆောင်ရွက်နိုင်ဖို့ သီတင်းပတ်အပိုင်းအခြားသာ လိုအပ်တော့တာ ဖြစ်ပါတယ်။ ဒီနွေရာသီမှာ ပထမဆုံးစူးစမ်းလေ့လာမှုလုပ်ဆောင်ပြီး သိပ်မကြာခင်မှာပဲ ဝပ်ဘ်ဟာ သူ့ရဲ့သိပ္ပံဆိုင်ရာမစ်ရှင်များကို စတင်ဆောင်ရွက်သွားတော့ မှာ ဖြစ်ပါတယ်။           ပထမနှစ်မှာ စူးစမ်းလေ့လာဖို့ စီစဉ်ထားတဲ့ လေ့လာမှုတွေထဲမှာ စူပါကမ္ဘာ (super-earth) လို့ အမည်ပေးထားတဲ့ ပူပြင်းတဲ့ပြင်ပဂြိုဟ်နှစ်ခုလဲ အပါအဝင်ဖြစ်ပါတယ်။ ဒီနှစ်ခုတော့ ချော်ရည်တွေအပြည့်ဖုံးနေတဲ့ 55 Cancir e နဲ့ လေမရှိတဲ့ LHS 3844 b တို့ ဖြစ်ပါ တယ်။ သုတေသီတွေအနေနဲ့ ဝပ်ဘ်ရဲ့ high precision spectrographs တွေကို ဒီပြင်ပ ဂြိုဟ်နှစ်လုံးမှာ train ပေးသွားမှာဖြစ်ပါတယ်။ ဒီကနေတစ်ဆင့် ကမ္ဘာလိုမျိုး ကျောက်စိုင် ကျောက်ခဲဂြိုဟ်တွေရဲ့ ဆင့်ကဲပြောင်းလဲမှုနဲ့ ဂလက်စီတစ်လျှောက် ဂြိုဟ်တွေရဲ့ ဘူမိဗေဒ ကွဲ...

ကြယ်စုံတွဲစနစ်အတွင်းက ဂြိုဟ်တွေက ပြင်ပသက်ရှိတွေအတွက် နားခိုရာဒေသ ဖြစ်နိုင်။

Image
            နေလိုမျိုးအရွယ်အစား ကြယ်တစ်ဝက်လောက်က စုံတွဲစနစ်တွေဖြစ်ကြပါတယ်။ ကိုပန်ဟေဂန်တက္ကသိုလ်သုတေသနအရတော့ ကြယ်စုံတွဲစနစ်အတွင်းက ဂြိုဟ်စနစ်တွေဟာ ကြယ်တစ်လုံးနားက စနစ်တွေနဲ့ အတော်လေးကွဲပြားခြားနားနေနိုင်ပါတယ်။ ဒါကပဲ ပြင်ပသက်ရှိတွေကို ရှာဖွေရာမှာ ပစ်မှတ်အသစ်ဖြစ်လာစေပါတယ်။           သက်ရှိတည်ရှိတဲ့ တစ်ခုတည်းသော ဂြိုဟ်ဟာ နေကိုလှည့်ပတ်နေတဲ့ ကမ္ဘာဖြစ်ပါတယ်။ ဒီတော့ နေလိုမျိုးအရွယ်အစားနားက ဂြိုဟ်စနစ်တွေဟာ ပြင်ပသက်ရှိတွေကို ရှာဖွေရာမှာ အဓိကပစ်မှတ်ဆိုတာကတော့ အသိအသာကြီးပါပဲ။ ဒီကတ်တလောက်အတွင်းက ဒုတိယမြောက်အားလုံးနီးပါးကလည်း စုံတွဲကြယ်တစ်လုံးဖြစ်ကြပါတယ်။ ကိုပန်ဟေဂန်တက္ကသိုလ်သုတေသနကနေရရှိထားတဲ့ ရလဒ်အသစ်ကနေပြီးတော့ နေလိုမျိုး ကြယ်တစ်လုံးထက်စာရင် ကြယ်စုံတွဲတွေနားမှာ ဖြစ်ပေါ်တဲ့ ဂြိုဟ်စနစ်တွေဟာ မတူညီတဲ့ ပုံသဏ္ဍာန်မျိုးနဲ့ ဖြစ်ပေါ်ခဲ့မယ်လို့ ညွှန်ပြနေပါတယ်။           “ရလဒ်က စိတ်လှုပ်ရှားဖွယ်ပါပဲ။ ဘာကြောင့်လဲဆိုတော့ လာမယ့်နှစ်တွေမှာ အလွန်စွမ်းအားကြီးတဲ့ အမျိုးမျ...

ဝပ်ဘ်တယ်လီစကုပ်သည် မကြာမီအချိန်အတွင်း နေအဖွဲ့အစည်းကို လေ့လာနိုင်တော့မည်။

Image
  Simulated spectroscopy results from the plumes of Europa. This is an example of the data the Webb telescope could return that could identify the composition of subsurface ocean of this moon.            နာဆာရဲ့ ဝပ်ဘ်တယ်လီစကုပ်ဟာ သိပ္ပံတိုင်းတာရေးကိရိယာတွေကို commissioning လုပ်တဲ့ နောက်ဆုံးအဆင့်ကို ဖြတ်သန်းနေပြီဖြစ်တာကြောင့် တယ်လီစကုပ်ကြီးရဲ့ နည်းပညာဆိုင်ရာဆောင်ရွက်မှုတွေအတွက်လဲ ကျွန်မတို့ စတင်လုပ် ဆောင်နေပြီ ဖြစ်ပါတယ်။ အာကာသအတွင်း တယ်လီစကုပ်ကြီး ဖြတ်သန်းစဉ်ကာလမှာ ဝေးကွာတဲ့အရပ်က ကြယ်တွေနဲ့ ဂလက်စီတွေကို တောက်လျှောက်ရှာဖွေသွားမှာ ဖြစ်ပြီး ပုံရိပ်တွေနဲ့ ရောင်စဉ်တွေကိုရနိုင်ဖို့ ဒီအရာတွေကို အတိအကျအပြတ်သားဆုံး ထောက်လှမ်းသွားမှာ ဖြစ်ပါတယ်။               ပုံရိပ်တွေနဲ့ ရောင်စဉ်တွေရနိုင်ဖို့ဆိုရင် ဝပ်ဘ်ဟာ ဒီအရာတွေကို lock လုပ်ဖို့ လိုပြီး လိုအပ်တဲ့ တိကျပြတ်သားမှုနဲ့ ထောက်လှမ်းနိုင်မှုကိုလဲ လိုပါတယ်။ ဝပ်ဘ်အသင်းအနေနဲ့ ရွေ့လျားနေတဲ့ ဝတ္ထုတစ်ခုကို ထောက်လှမ်းခြင်း ပထမဆုံးစမ်းသပ်မှုကို အော...