Posts

Showing posts with the label Physics

ကွင်းကွမ်တမ်ဒြပ်ဆွဲအား (အပိုင်း - ၂)

Image
     ပထမတစ်ပိုင်းမှာတော့ ကွင်းကွမ်တမ်ဒြပ်ဆွဲအား ဘယ်လို နဲ့ ဘာကြောင့်ပေါ်ထွက် လာခဲ့သလဲ ဆိုတာကို စာဖတ်သူတို့ သိသင့်သလောက် ဆွေးနွေးပြီးသွားပြီ ဖြစ်ပါတယ်။ ဒီအပိုင်းမှာတော့ ကျွန်တော်တို့က ကွင်းကွမ်တမ်ဒြပ်ဆွဲအားနဲ့ ပတ်သက်ပြီး အပိုင်းသုံးပိုင်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ပထမတစ်ခု ဖြစ်တဲ့ ဒြပ်ဆွဲအားနဲ့ ကျွန်တော်တို့ စဖွင့်လိုက်ရ အောင်။ ဒြပ်ဆွဲအား           စကြဝဠာကြီးရဲ့ ဘယ်နေရာမှာမဆို ဒြပ်ဆွဲအားကို မတွေ့နိုင်တဲ့ နေရာရယ်လို့ မရှိပါဘူး။ အနည်းငယ်ပြင်းထန်တဲ့ နေရာရယ်၊ အလွန်အမင်း ပြင်းထန်တဲ့ နေရာရယ် ဆိုတာပဲ ရှိပါလိမ့်မယ်။ ဆိုရသော် ဒြပ်ဆွဲအား စကြဝဠာတစ်ခုလုံးမှာ ပျံ့နှံ့စိမ့်ဝင်နေတဲ့ အားတစ်ခုဖြစ်ပါတယ်။ သို့သော်လည်း ဒြပ်ဆွဲအား အလွန်အားပျော့တာကြောင့် နယူတန် ခေတ်မတိုင်ခင်အထိ လူသားတွေဟာ သူ့ရဲ့အရေးပါပုံကို သတိမထားမခဲ့ကြပါဘူး။           အရင်ဆောင်းပါးတွေကို ပြန်နွေးရမယ်ဆိုရင်တော့ ဒြပ်ဆွဲအားဟာ အားလေးမျိုး (လျှပ်စစ်သံလိုက်အား၊ နယူကလိယအားပျော့၊ နယူကလိယအားပြင်း၊ ဒြပ်ဆွဲအား) တို့ထဲမှာ အပျော့ဆုံး ဖြစ်ပါတယ်...

ကွင်းကွမ်တမ်ဒြပ်ဆွဲအား (Loop Quantum Gravity) အပိုင်း (၁)

Image
            စာရေးချင်စိတ်တောင် ဘယ်မှန်းမသိတော့တဲ့ တိုင်းပြည်အခြေအနေကြီးမှာတော့ စာမရေးဖြစ်တာလဲ တော်တော်လေးကြာခဲ့ပါပြီ။ သို့သော်လည်း မအားလပ်တဲ့ ကြားထဲ ကပဲ စာဖတ်သူတို့ကို ဒီဆောင်းပါးလေး မျှဝေးပေးချင်ပါသေးတယ်။ လောလောဆယ် မြန်မာနိုင်ငံနဲ့ အတော်လေးအလှမ်းဝေးနေတဲ့ သိပ္ပံနယ်ပယ်က စာဖတ်သူတွေအတွက်‌ တော့ ဒီဆောင်းပါးလေးက အမြင်သစ်တချို့ပေးစွမ်းနိုင်မယ်လို့ မျှော်လင့်မိပါတယ်။           ကွမ်တမ်ဒြပ်ဆွဲအားနဲ့ပတ်သက်ပြီး ကျွန်တော်ဆောင်းပါးတစ်ပုဒ်တင်ခဲ့ဖူးပါတယ်။ အဲ့ဆောင်းပါးကတော့ ကွမ်တမ်ဒြပ်ဆွဲအားနဲ့ပတ်သက်ပြီး ယေဘုယျအမြင်တချို့ပေးနိုင် မယ်လို့ ထင်မိပါတယ်။ ဒါ့ကြောင့် အခုဆောင်းပါးကို မဖတ်မီ အရင်ဆောင်းပါးလေးကို အရင်ဖတ်ပေးဖို့ တိုက်တွန်းချင်ပါတယ်။ ဒါပေမယ့် ဒီသီအိုရီနဲ့ပတ်သက်ပြီး ကျွန်တော် ပိုပြီး နက်နက်နဲနဲသိချင်ပါတယ်။ ဒါ့ကြောင့် “Calo Rovelli” ရေးထားတဲ့ The Journey to Quantum Gravity” ဆိုတဲ့စာအုပ်ဖတ်ပြီးနောက်မှာတော့ စာဖတ်သူကို ဒီသီအိုရီရဲ့ နက်နဲတဲ့အပိုင်းတွေနဲ့ပတ်သက်ပြီး ဆက်လက်ဖော်ပြချင်ပါသေးတယ်။ ကွမ်တမ်ဒြပ်ဆွဲအာ...

ရူပဗေဒပညာရှင်အချို့နဲ့ ဒဿနဗေဒပညာရှင်အချို့ရဲ့ အဆိုအရ အချိန်ဆိုတဲ့အရာမျိုး မရှိပါ။

Image
            အချိန်ဆိုတာကတော့ ကျွန်တော်တို့ နေ့စဉ်ဘဝမှာ အမြဲကြုံတွေ့နေရတယ်ဆိုပေ မယ့် သူ့ကို ထိတွေ့ကိုင်တွယ်တာမျိုး လုပ်လို့မရပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့ ဖြတ်ကျော်နေတဲ့ ကာလအတိုင်းအတာတွေဟာ အချိန်လို့ပြောဖို့ ခက်ပါတယ်။ ဒါဆိုရင် အချိန်ဆိုတာ ရှိပါသလား။ လူတိုင်းကတော့ အချိန်ဆိုတာ လွယ်လွယ်လေးရယ် နာရီတို့ ပြက္ခဒိန်တို့ဆိုတာ အချိန်ကို ညွှန်ပြတဲ့ပစ္စည်းတွေလို့ဆိုပါလိမ့်မယ်။ သို့သော် ဒါက အချိန်ကို တိုင်းတာတဲ့ပစ္စည်းတွေသာဖြစ်ပြီး အချိန်ရဲ့ ပင်ကိုယ်သဘာဝကို ဖော်ပြနိုင်စွမ်း မရှိပါ။           နောက်ပိုင်းရူပဗေဒဘာသာရပ်တိုးတက်လာတဲ့အခါမှာတော့ အချိန်ဆိုတဲ့ အရာမရှိ နိုင်ဘူးဆိုတဲ့ ဖြစ်နိုင်ခြေတစ်ခုကို ဖွင့်ပေးနိုင်ခဲ့ပြီး ဒီကိစ္စကို အလေးထားစဉ်းစားဖို့အတွက် လည်း တိုက်တွန်းထားတာမျိုးရှိနေပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးမှာတော့ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ခေါင်းနည်းနည်းစားကြည့်ရအောင်။           အချိန်မရှိဘူးဆိုတာ ဘယ်လိုဖြစ်နိုင်မှာပါလဲ။ နောက်ပြီး ဒါကကော ဘာကို ဆိုလို ...

ထာဝစဉ်ရွေ့လျားနိုင်သော စက်ယန္တရားများ (Perpetual Motion Machine)

Image
            မိမိ ဘာမှအားထုတ်စရာမလိုဘဲ အမြဲထာဝစဉ်ရွေ့လျားနိုင်မယ့် စက်ပစ္စည်းတစ်ခု ကို အလိုမရှိတဲ့လူ ဒီကမ္ဘာမှာမရှိကြပါဘူး။ ဒါကြောင့်ပဲ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတစ်‌ လျှောက် ဒီလိုစက်မျိုးတွေကို တီထွင်ဆန်းသစ်ခဲ့ကြတာ ဖြစ်ပါတယ်။ သို့သော်လည်း တစ်စုံတစ်ယောက်ကမျှ အောင်မြင်မှုမရရှိခဲ့ကြပါဘူး။ ဘာကြောင့်ပါလဲ……           ဒီလိုစက်ယန္တရားမျိုးကိုတော့ Perpetual Motion Machine လို့ခေါ်ပါတယ်။ ကျွန်တော် ဒီစက်ပစ္စည်းမျိုးကို ကြားဖူးတုန်းက အံ့ဩမိတာမှန်ပေမယ့် ဖြစ်နိုင်တယ်လို့ မထင်ခဲ့ပါဘူး။ ဒါပေမယ့် snowpiercer ဇာတ်လမ်း ကြည့်ပြီးတဲ့အခါမှာတော့ ဒီအကြောင်း လေးကို စာဖတ်သူတို့ကို ဝေမျှပေးချင်မိပါတယ်။ အကယ်လို့ဒါသာအမှန်ဖြစ်နိုင်ခဲ့မယ် ဆိုရင် လူသားတွေအနေနဲ့ ဒီစကြဝဠာကြီးထဲမှာ ထာဝရရပ်တည်သွားနိုင်မှာ ဖြစ်ပါတယ်။ သို့သော်လည်း ဒါကရော ဖြစ်နိုင်မှာ သေချာပါသလား။ ဒီနေ့မှာတော့ ကျွန်တော်တို့ ထာဝရစက်ယန္တရားဆိုတာ ဘာလဲ။ ဘယ်လိုအလုပ်လုပ်သလဲ။ သမိုင်းခေတ်အဆက်ဆက် က တီထွင်မှုတွေအပြင် ဘာကြောင့်မအောင်မြင်ရတာလဲနဲ့ ဘယ်လိုအောင်မြင်အောင် လုပ်...

ထိုင်းနိုင်ငံရှိ ကမ္ဘာ့အကြီးဆုံးရေ၊ နေ စွမ်းအင်နှစ်မျိုးစပ် ပရောဂျက်။

Image
ဆိုလာပရောဂျက်ဆိုတာအားလုံးရင်းနှီးပြီးဖြစ်သလို ရေအားလျှပ်စစ်ဆိုတာလည်း ကျွန်တော်တို့နဲ့ ရင်းနှီးပြီးသား စွမ်းအင်သုံးစွဲမှုတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်ခုဟာ သီးခြားတည်ရှိခဲ့ပြီး ကြီးကြီးမားမား ပေါင်းစပ် ဖွဲ့စည်း လုပ်ကိုင်ခဲ့တာမျိုး မရှိခဲ့ပါဘူး။  အခုဆိုရင်တော့ ပထမဆုံးအနေနဲ့ ထိုင်းနိုင်ငံကနေပြီးတော့ ကမ္ဘာ့အကြီးဆုံး နှစ်မျိုးရောပရောဂျက်တစ်ခုကို စတင်လုပ်ကိုင်နေပြီဖြစ်ပါတယ်။ ဒီပရောဂျက်ကိုတော့ ထိုင်းနိုင်ငံ လမ်ဒွန်နွိုင်းမြစ်အတွင်းမှာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုဌာနမှ ဒီပရောဂျက်ကနေ ၄၅ မီဂါဝပ်ထုတ်လုပ်နိုင်ပြီး ဖန်လုံအိမ်အာနိသင်ထုတ်လွှတ်မှုကို တစ်နှစ်မှာ ၄၇၀၀၀ တန်လောက်လျော့ချနိုင်လိ့မ်မယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ဒီပရောဂျက်ဟာ ကမ္ဘာကြီး ပူနွေးမှုကို ထိန်းသိမ်းပေးနိုင်ဦးမှာလည်း ဖြစ်ပါတယ်။  ကမ္ဘာ့အကြီးဆုံး ဒီနှစ်မျိုးစပ်ပရောဂျက်မှာဆိုရင် ဆိုလားပြားတွေကို ရေလှောင်ကန်ကြီးတစ်ခုလုံးရဲ့ ၁ ရာခိုင်နှုန်းသာ ရေမျက်နှာပြင်ပေါ်မှာ တပ်ဆင်ထားပါတယ်။ ဒါက အနီးစပ်ဆုံးဆိုရရင် ဘောလုံးကွင်း ကွင်း ၇၀ စာလောက်ရှိပါတယ်။ ဆိုလာပြားတွေနဲ့ ပလတ်ဖောင်းကြားမှာ ထောင့်အ...

အက်တမ်တစ်ခု၏ သုံးဖက်မြင်ပုံရိပ်။

Image
       ကယ်လီဖိုးနီးယား တက္ကသိုလ်က သုတေသီတွေဟာ ပလတ်တီနမ်နာနိုအမှုန်တွေရဲ့ အလွန်တိကျတဲ့ သုံးဖက်မြင် တည်ဆောက်ပုံတစ်ခုကို အက်တမ်စကေးမှာ ထုတ်လုပ်နိုင်ခဲ့ပါတယ်။        သူတို့တွေကို "dislocations"လို့ခေါ်တဲ့ အဏုလောကတည်ဆောက်ပုံ မူမမှန်မှုတွေကို စူးစမ်းစစ်ဆေးနိုင်ဖို့ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ အောက်ဖော်ပြပါ ဗီဒီယိုမှာ ဆက်လက်လေ့လာနိုင်ပါတယ်။    

အသံကြောင့် ဖန်ခွက်ကွဲခြင်းဖြစ်စဉ်၏ ရူပဗေဒသဘောတရား။

Image
          ကျွန်တော် ကျောင်းတက်စဉ်ကာလတုန်းက သံလျင်တံတားကို နေ့စဉ်ဖြတ်ရသည်။ တံတားကြီးက နှစ်ပေါင်းလဲအတော်ကြာနေပါပြီ။ ကျွန်တော်တို့ကျောင်ကားကြီး ဖြတ်သွား ဖြတ်လာလုပ်တဲ့အချိန်တိုင်းမှာ တံတားကြီးအိပဲ့ပဲ့လှုပ်နေတာကို ကျောင်းကားပေါ်က ကျောင်းသားတော်တော်များများ ခံစားရပါတယ်။ ကိုယ်သွားနေတုန်း တံတားကြီး ဘယ်နေ့ပြတ်ကျမလဲဆိုတာ ရင်တမမနဲ့ပါ။ ပုံမှန်အတိုင်းတွေးကြည့်ရင်တော့ ဒါက တံတားပေါ်မှာ ကားတွေသွားနေတာမလို့ လှုပ်နေတာလို့ သိနိုင်ပါတယ်။ ဒါပေမယ့် သေချာစဉ်းစားကြည့်တော့ ဒီကိစ္စဟာ တော်တော်လေး ကြောက်စရာကောင်းပါတယ်။ ဘာကြောင့်လဲဆိုတာတော့ အောက်မှာဆက်ဖတ်ကြည့်ကြရအောင်။           အဆိုတော်တစ်ယောက် ဖန်ခွက်နားတေ့ပြီး ဖန်ခွက်ကွဲသွားအောင် ဟန်ရေးပြတာ မျိုးကို တော်တော်များများ ဗီဒီယိုတွေမှာ တွေ့ဖူးကြပါလိမ့်မယ်။ ဒါကိုလည်း ရိုးရိုးလေး စဉ်းစားကြည့်လို့ရပါတယ်။ အသံမှာစွမ်းအင်ရှိတယ်။ ဒီစွမ်းအင်က ဖန်ခွက်ကို ကူးစက်သွား ပြီး ရုပ်ပိုင်းဆိုင်ရာအရ ပျက်စီးမှုဖြစ်စေတယ်။ ဒါပေမယ့် သေချာကြည့်လိုက်တဲ့အခါမှာ တော့ ဖန်ခွက်ဟာ အသံရဲ့ တခြားကြိမ်နှုန်းတွေ...