ဒြပ်ဆွဲလှိုင်းများမှတစ်ဆင့် တွင်းနက်တစ်ဝိုက်ရှိ အမှုန်အသစ်များကို ထောက်လှမ်းခြင်း။
အလွန်အလွန်ပေါ့ပါးတဲ့အမှုန်တိမ်တိုက်တွေဟာ လည်ပတ်နေတဲ့တွင်းနက်တစ်ဝိုက်နားမှာ ဖြစ်ပေါ်နိုင်ပါတယ်။ အခုဆိုရင်တော့ အန်စတာဒန်တက္ကသိုလ်နဲ့ ဟားဗတ်တက္ကသိုလ်မှ ရူပဗေဒပညာရှင် အဖွဲ့တစ်ဖွဲ့က တွင်းနက်စုံတွဲတွေကနေ ထုတ်လွှတ်လိုက်တဲ့ ဒြပ်ဆွဲလှိုင်းတွေပေါ်မှာ ဒီတိမ်တိုက်တွေရဲ့ ဝိသေဿလက္ခဏာတချို့ ခြေရာအဖြစ် ကျန်ရစ်နိုင်ခဲ့တယ်လို့ ပြသခဲ့ပါတယ်။ များသောအားဖြင့် တွင်းနက်တွေဟာ သူတို့အနားတစ်ဝိုက်က ဒြပ်သားတွေနဲ့ စွမ်းအင်တွေကို စုပ်ယူတယ်လို့သာ သိကြတာ ဖြစ်ပါတယ်။ သို့ပေမယ့် သူတို့ဟာ "superradiance" လို့ခေါ်တဲ့ ဖြစ်စဉ်အားဖြင့် သူတို့ရဲ့ဒြပ်ထုတချို့ကို ပြန်ထုတ်ပေးနိုင်တာလဲ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဖြစ်တာမှန်ပေမယ့် သဘာဝကြီးမှာ ဒြပ်ထုအလွန်နိမ့်တဲ့ အမှုန်တွေရှိမှသာ အကျိုးအာနိသင်ဖြစ်တယ်လို့ စံပုံစံအလွန်က သီအိုရီတွေက ခန့်မှန်းထားကြပါတယ်။ အိုင်းယွန်းဖြစ်ဒြပ်ဆွဲအက်တမ်များ Superradiance ဖြစ်စဉ်နဲ့ တွင်းနက်တစ်ခုက ဒြပ်ထုတချို့ဆွဲထုတ်ခံလိုက်ရတဲ့ အခါ တွင်းနက်...