Posts

Showing posts with the label Solar Physics

11-year solar cycle ၏ပြင်းအားကို ခန့်မှန်းနိုင်မည့် နည်းလမ်းသစ်တစ်ခု။

Image
            သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က 11-year solar cycle ရဲ့ပြင်းအားကို ခန့်မှန်းနိုင်မယ့် နည်းလမ်းအသစ်တစ်ခုကို တင်ပြခဲ့ကြပါတယ်။ ဒီကရလာတဲ့ ရလဒ်တွေဟာ အာကာသယာဉ်မှူးတွေ၊ လေယာဉ်မှူးတွေနဲ့ ကမ္ဘာပေါ်နဲ့ အာကာသအတွင်းမှာရှိတဲ့ ခေတ်မီ နည်းစနစ်တွေအပေါ် သက်ရောက်နိုင်မယ့် အာကာသရာသီဥတုတွေကို နားလည်နိုင်ဖို့ အတွက် အရေးကြီးပါတယ်။           နေဟာ အာကာသယာဉ်မှူးတွေ၊ ကမ္ဘာပေါ်နဲ့ အာကာသအတွင်းမှာရှိတဲ့ ခေတ်မီ နည်းစနစ်တွေကို သက်ရောက်နိုင်တဲ့ ပြင်းထန်တဲ့ ပေါက်ကွဲပေါက်မှုတွေရဲ့ အရင်းအမြစ် ကြီးတစ်ခု ဖြစ်ပါတယ်။ ၁၇ ရာစုအစပိုင်းလောက်မှာ ဂယ်လီလီယိုက သူ့ရဲ့တယ်လီစကုပ် ကို နေဘက်လှည့်ကြည့်ချိန်က စပြီး sunspots (နေပြောက်) တွေကို တွေ့ရှိခဲ့တာ ဖြစ်ပါ တယ်။ ၁၉ ရာစုရောက်တဲ့အချိန်မှာတော့ ဒီ sunspots တွေဟာ အချိန်မှန်မှန် (ပျမ်းမျှအား ဖြင့် ၁၁ နှစ်) ပေါ်လိုက် ပျောက်လိုက်ဖြစ်နေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိလာ ခဲ့ကြပါတယ်။ အခုဆိုရင်တော့ sunspots တွေကို ကမ္ဘာတစ်ဝှမ်းလုံးက နက္ခတ်ကြည့် မျှော်စင်ပေါင်း ၈၀ ကျော်ကနေ အဆက်မပြတ် စောင့်ကြည့...

ထိုင်းနိုင်ငံရှိ ကမ္ဘာ့အကြီးဆုံးရေ၊ နေ စွမ်းအင်နှစ်မျိုးစပ် ပရောဂျက်။

Image
ဆိုလာပရောဂျက်ဆိုတာအားလုံးရင်းနှီးပြီးဖြစ်သလို ရေအားလျှပ်စစ်ဆိုတာလည်း ကျွန်တော်တို့နဲ့ ရင်းနှီးပြီးသား စွမ်းအင်သုံးစွဲမှုတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်ခုဟာ သီးခြားတည်ရှိခဲ့ပြီး ကြီးကြီးမားမား ပေါင်းစပ် ဖွဲ့စည်း လုပ်ကိုင်ခဲ့တာမျိုး မရှိခဲ့ပါဘူး။  အခုဆိုရင်တော့ ပထမဆုံးအနေနဲ့ ထိုင်းနိုင်ငံကနေပြီးတော့ ကမ္ဘာ့အကြီးဆုံး နှစ်မျိုးရောပရောဂျက်တစ်ခုကို စတင်လုပ်ကိုင်နေပြီဖြစ်ပါတယ်။ ဒီပရောဂျက်ကိုတော့ ထိုင်းနိုင်ငံ လမ်ဒွန်နွိုင်းမြစ်အတွင်းမှာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုဌာနမှ ဒီပရောဂျက်ကနေ ၄၅ မီဂါဝပ်ထုတ်လုပ်နိုင်ပြီး ဖန်လုံအိမ်အာနိသင်ထုတ်လွှတ်မှုကို တစ်နှစ်မှာ ၄၇၀၀၀ တန်လောက်လျော့ချနိုင်လိ့မ်မယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ဒီပရောဂျက်ဟာ ကမ္ဘာကြီး ပူနွေးမှုကို ထိန်းသိမ်းပေးနိုင်ဦးမှာလည်း ဖြစ်ပါတယ်။  ကမ္ဘာ့အကြီးဆုံး ဒီနှစ်မျိုးစပ်ပရောဂျက်မှာဆိုရင် ဆိုလားပြားတွေကို ရေလှောင်ကန်ကြီးတစ်ခုလုံးရဲ့ ၁ ရာခိုင်နှုန်းသာ ရေမျက်နှာပြင်ပေါ်မှာ တပ်ဆင်ထားပါတယ်။ ဒါက အနီးစပ်ဆုံးဆိုရရင် ဘောလုံးကွင်း ကွင်း ၇၀ စာလောက်ရှိပါတယ်။ ဆိုလာပြားတွေနဲ့ ပလတ်ဖောင်းကြားမှာ ထောင့်အ...