Posts

Showing posts with the label Particle Physics

ကွင်းကွမ်တမ်ဒြပ်ဆွဲအား (အပိုင်း - ၂)

Image
     ပထမတစ်ပိုင်းမှာတော့ ကွင်းကွမ်တမ်ဒြပ်ဆွဲအား ဘယ်လို နဲ့ ဘာကြောင့်ပေါ်ထွက် လာခဲ့သလဲ ဆိုတာကို စာဖတ်သူတို့ သိသင့်သလောက် ဆွေးနွေးပြီးသွားပြီ ဖြစ်ပါတယ်။ ဒီအပိုင်းမှာတော့ ကျွန်တော်တို့က ကွင်းကွမ်တမ်ဒြပ်ဆွဲအားနဲ့ ပတ်သက်ပြီး အပိုင်းသုံးပိုင်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ပထမတစ်ခု ဖြစ်တဲ့ ဒြပ်ဆွဲအားနဲ့ ကျွန်တော်တို့ စဖွင့်လိုက်ရ အောင်။ ဒြပ်ဆွဲအား           စကြဝဠာကြီးရဲ့ ဘယ်နေရာမှာမဆို ဒြပ်ဆွဲအားကို မတွေ့နိုင်တဲ့ နေရာရယ်လို့ မရှိပါဘူး။ အနည်းငယ်ပြင်းထန်တဲ့ နေရာရယ်၊ အလွန်အမင်း ပြင်းထန်တဲ့ နေရာရယ် ဆိုတာပဲ ရှိပါလိမ့်မယ်။ ဆိုရသော် ဒြပ်ဆွဲအား စကြဝဠာတစ်ခုလုံးမှာ ပျံ့နှံ့စိမ့်ဝင်နေတဲ့ အားတစ်ခုဖြစ်ပါတယ်။ သို့သော်လည်း ဒြပ်ဆွဲအား အလွန်အားပျော့တာကြောင့် နယူတန် ခေတ်မတိုင်ခင်အထိ လူသားတွေဟာ သူ့ရဲ့အရေးပါပုံကို သတိမထားမခဲ့ကြပါဘူး။           အရင်ဆောင်းပါးတွေကို ပြန်နွေးရမယ်ဆိုရင်တော့ ဒြပ်ဆွဲအားဟာ အားလေးမျိုး (လျှပ်စစ်သံလိုက်အား၊ နယူကလိယအားပျော့၊ နယူကလိယအားပြင်း၊ ဒြပ်ဆွဲအား) တို့ထဲမှာ အပျော့ဆုံး ဖြစ်ပါတယ်...

ကွင်းကွမ်တမ်ဒြပ်ဆွဲအား (Loop Quantum Gravity) အပိုင်း (၁)

Image
            စာရေးချင်စိတ်တောင် ဘယ်မှန်းမသိတော့တဲ့ တိုင်းပြည်အခြေအနေကြီးမှာတော့ စာမရေးဖြစ်တာလဲ တော်တော်လေးကြာခဲ့ပါပြီ။ သို့သော်လည်း မအားလပ်တဲ့ ကြားထဲ ကပဲ စာဖတ်သူတို့ကို ဒီဆောင်းပါးလေး မျှဝေးပေးချင်ပါသေးတယ်။ လောလောဆယ် မြန်မာနိုင်ငံနဲ့ အတော်လေးအလှမ်းဝေးနေတဲ့ သိပ္ပံနယ်ပယ်က စာဖတ်သူတွေအတွက်‌ တော့ ဒီဆောင်းပါးလေးက အမြင်သစ်တချို့ပေးစွမ်းနိုင်မယ်လို့ မျှော်လင့်မိပါတယ်။           ကွမ်တမ်ဒြပ်ဆွဲအားနဲ့ပတ်သက်ပြီး ကျွန်တော်ဆောင်းပါးတစ်ပုဒ်တင်ခဲ့ဖူးပါတယ်။ အဲ့ဆောင်းပါးကတော့ ကွမ်တမ်ဒြပ်ဆွဲအားနဲ့ပတ်သက်ပြီး ယေဘုယျအမြင်တချို့ပေးနိုင် မယ်လို့ ထင်မိပါတယ်။ ဒါ့ကြောင့် အခုဆောင်းပါးကို မဖတ်မီ အရင်ဆောင်းပါးလေးကို အရင်ဖတ်ပေးဖို့ တိုက်တွန်းချင်ပါတယ်။ ဒါပေမယ့် ဒီသီအိုရီနဲ့ပတ်သက်ပြီး ကျွန်တော် ပိုပြီး နက်နက်နဲနဲသိချင်ပါတယ်။ ဒါ့ကြောင့် “Calo Rovelli” ရေးထားတဲ့ The Journey to Quantum Gravity” ဆိုတဲ့စာအုပ်ဖတ်ပြီးနောက်မှာတော့ စာဖတ်သူကို ဒီသီအိုရီရဲ့ နက်နဲတဲ့အပိုင်းတွေနဲ့ပတ်သက်ပြီး ဆက်လက်ဖော်ပြချင်ပါသေးတယ်။ ကွမ်တမ်ဒြပ်ဆွဲအာ...

နဂါးငွေ့တန်းဂလက်စီပြင်ပရှိ နျူထရီနိုထုတ်လုပ်သည့် အရင်းအမြစ်များ။

Image
          စွမ်းအင် အလွန်မြင့်ပြီးတော့ ထောက်လှမ်းဖို့ အလွန်ခက်ခဲတဲ့ နျူထရီနိုတွေဟာ ကျွန်တော်တို့ ကမ္ဘာကြီးကို ရောက်မလာခင် အလင်းနှစ်ဘီလီယံပေါင်းများစွာ ဖြတ်ကျော် လာခဲ့ရတာ ဖြစ်ပါတယ်။ ဒီအခြေခံအမှုန်တွေဟာ စကြဝဠာရဲ့ အနက်အရှိုင်းဆုံး ဒေသက နေလာတယ်ဆိုတာ ကျွန်တော်တို့ သိထားပေမယ့် သူတို့ရဲ့ ဇစ်မြစ်အတိအကျကတော့ အခုအချိန်အထိ ပဟေဠိဖြစ်နေဆဲပါ။           အခုဆိုရင်တော့ သုတေသီအဖွဲ့တစ်ဖွဲ့ကနေပြီးတော့ ဒီဆန်းကြယ်မှုကို အလင်းပတ် ဖြန်းနိုင်ဖို့ အဖြေတစ်ခုနဲ့ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါကတော့ နျူထရီနိုတွေဟာ ဘလေဇာ လို့ခေါ်တဲ့ ဧရာမတွင်းနက်ကြီးတွေပါဝင်တဲ့ ဂလက်စီအလယ်ဗဟိုချက်ကနေ လာတယ်လို့ ယူဆချက်ဖြစ်ပါတယ်။ သူတို့ရလဒ်ကိုတော့ Astrophysical Journal မှာ ထုတ်ပြန်ခဲ့ပါ တယ်။           ကမ္ဘာ့လေထုဟာ အာကာသရောင်ခြည်တွေရဲ့ ရိုက်ခတ်မှုကို အမြဲတစေခံနေရတာ ဖြစ်ပါတယ်။ ဒီထဲမှာ အီလက်ထရွန်ဗို့ ၁၀ ^ ၂၀ လောက်ထိ ရှိတဲ့ စွမ်းအင်မြင့် လျှပ်စစ် ဓာတ်ဆောင်အမှုန်တွေလဲ ပါဝင်နေပါတယ်။ ဒါက ကမ္ဘာပေါ်က စွမ်းအားအကြီးဆုံ...

LHCb မှ အလွန်ဆန်းပြားသော အမှုန်အမျိုးအစားသုံးခုအားရှာတွေ့။ တစ်ခုမှာ ပန်တာ ကွက်ခ်အမျိုးအစားဖြစ်၍ တစ်ခုသည် တက်ထရာကွက်ခ်စုံတွဲ ဖြစ်ခဲ့။

Image
            Large Hadron Collider (LHC) မှာ ရှိတဲ့ နိုင်ငံတာ LHCb အစုအဖွဲ့ဟာ အရင်က တစ်ခါမှ မမြင်ဖူးသေးတဲ့ အမှုန်အသစ်သုံးမျိုးကို ရှာတွေ့ခဲ့ကြပါတယ်။ ဒါတွေကတော့ တက်ထရာကွက်ခ် (tetraquark) အသစ်တစ်ခုနဲ့ ပထမဆုံးတွေ့ရှိခဲ့တဲ့ ပန်တာကွက်ခ်စုံတွဲ (penta-quark pair) ဖြစ်ပါတယ်။ ဒီထဲမှာ အသစ်တွေ့ရှိခဲ့တဲ့ တက်ထရာကွက်ခ်အမျိုးအစား အသစ်ပါဝင်ပါတယ်။ တွေ့ရှိမှုကို CERN seminar မှာ တင်ပြခဲ့ပြီး LHC မှာတွေ့ရှိထားတဲ့ ဟေဒရွန်စာရင်းထဲကို အသစ်သုံးခုပေါင်းထည့်နိုင်ခဲ့ပါတယ်။ ဒါတွေက ရူပဗေဒပညာရှင်တွေကို ကွက်ခ်တွေဒီလိုမျိုး အစုအဖွဲ့အဖြစ် ဘယ်လိုဖွဲ့စည်းကြသလဲဆိုတာ နားလည်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။           ကွက်ခ်တွေဟာ အခြေခံအကျဆုံးအမှုန်တွေဖြစ်ပြီး အရသာ ၆ မျိုးနဲ့လာကြပါ တယ်။ ဒါတွေကတော့ up, down, strange, charm, top နဲ့ bottom တို့ ဖြစ်ပါတယ်။ များသောအားဖြင့် သူတို့ဟာ (နျူကလိယကို ပြုလုပ်ထားတဲ့ ပရိုတွန်နဲ့ နျူထရွန်တို့လိုမျိုး) ဟေဒရွန်တွေဖြစ်ဖို့ နှစ်ခုအုပ်စု သို့မဟုတ် သုံးခုအုပ်စုနဲ့ လာကြပါတယ်။ သို့သော်လည်း ရှားပါးဖြစ်ရပ်တ...