Posts

Showing posts with the label Space Mission

နာဆာရဲ့ ကမ္ဘာဂြိုဟ်ကာကွယ်ရေး အစီအစဉ်အနေနဲ့ ပထမဆုံး စမ်းသပ်မှုကို ဒီးဒီးမို့စ် စုံတွဲဂြိုဟ်သိမ်ဂြိုဟ်မွှားစနစ်မှာ ယမန်နေ့က ပြုလုပ်ခဲ့ပါတယ်။

Image
              ဒီးဒီးမို့စ်ဟာ စုံတွဲစနစ်တစ်ခုဖြစ်ပြီး တစ်ခုနဲ့တစ်ခုလှည့်ပတ်နေကြတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေဖြစ်ကြပါတယ်။ တစ်ခုချင်းအနေနဲ့ကတော့ ဒီကျောက်စိုင် ကျောက်ခဲနှစ်ခုကို ဒီးဒီးမို့စ် (Didymos) နဲ့ ဒီမောဖို့စ် (Dimorphos) လို့ သိကြပါတယ်။           နာဆာရဲ့ Double Asteroid Redirection Test ဖြစ်တဲ့ DART မစ်ရှင်မှာ ဒီစုံတွဲစနစ်ထဲက ပိုသေးတဲ့တစ်ခုဖြစ်တဲ့ ဒီမောဖို့စ်ပေါ်ကို အာကာသယာဉ်တစ်ခုအား စက်တင်ဘာလ ၂၆ ရက်နေ့ ဂရင်းနစ်စံတော်ချိန် ၂၃ နာရီ ရည်ရွယ်ချက်ရှိရှိ ဝင်ရောက်တိုက်မိစေခဲ့ပါတယ်။           ဝင်တိုက်စေရတဲ့အကြောင်းအရင်းကတော့ ဒီဂြိုဟ်ပတ်လမ်းရဲ့ အလျင်ကို အနည်းငယ်ပြောင်းလဲစေပြီး ကမ္ဘာကိုအန္တရာယ်ပြုနိုင်တဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေကနေ ကမ္ဘာကို ကာကွယ်ဖို့နည်းလမ်းကို သရုပ်ပြဖို့ ဖြစ်ပါတယ်။ နာဆာရဲ့အဆိုအရ ဒီဖြစ်စဉ်မှာတော့ “kinetic impactor” လို့ခေါ်တဲ့ နည်းလမ်းကို အသုံးပြုခဲ့ပါတယ်။ ဒီးဒီးမို့စ်စနစ်ဟာ ကမ္ဘာကို အန္တရာယ်မပြုနိုင်ပေမယ့်လဲ ဒီနည်လမ်းကို နောင်တစ်ချိန်ကမ္ဘာပေ...

နာဆာ၏ ဒေါ်လာဆယ်ဘီလီယံတန် ဓာတ်ပုံ။

Image
            ဂျိမ်းစ်ဝပ်ဘ်တယ်လီစကုပ် စလွှတ်ကတည်းက ကျွန်တော်တို့ သူနဲ့ ပတ်သက်တဲ့ သတင်းတွေကို အဆက်မပြတ် စောင့်ကြည့်ခဲ့ကြတာ အခုဆိုရင် သူ့ရဲ့သိပ္ပံပန်းတိုင်တွေကို ဆောင်ရွက်နိုင်တော့မယ့် ပထမဆုံး ဓာတ်ပုံကို ပြသနိုင်ခဲ့တဲ့အထိပါပဲ။ နိုင်ငံတကာ မှာသာမကဘဲ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလဲ ဒီဓာတ်ပုံအကြောင်းနဲ့ပတ်သက်ပြီး လူထုရဲ့ စိတ်ဝင်စားမှု ရရှိခဲ့တာဖြစ်ပါတယ်။           ပထမဆုံးအနေနဲ့ ကျွန်တော်တို့ ဒီဓာတ်ပုံကို ရိုက်ကူးခဲ့တဲ့ ဂျိမ်းစ်ဝပ်စ်တယ်လီစကုပ် ကြီးအကြောင်း အကျဉ်းချုပ်ကို ဖော်ပြချင်ပါတယ်။ နောက်ပြီးရင်တော့ ဒီဓာတ်ပုံက ဘာတွေပြောပြနေတာလဲ။ နောက်ပိုင်းမှာကော ဂျိမ်းစ်ဝပ်ဘ်တယ်လီစကုပ်က ဘာတွေ လုပ်ဆောင်သွားဖို့ ရှိသလဲ စတာတွေကို ဆက်ဆွေးနွေးသွားပါမယ်။ စွမ်းဆောင်ရည်အမြင့်ဆုံး အနီအောက်ရောင်ခြည် တယ်လီစကုပ်           စကြဝဠာကြီးကို လေ့လာတဲ့နေရာမှာ တယ်လီစကုပ်တွေရဲ့ ပါဝင်မှုဟာ အဓိက ကျပါတယ်။ ဘာကြောင့်လဲဆိုတော့ စကြဝဠာတစ်ခုလုံးမှာ ကျွန်တော်တို့ လေ့လာနိုင် တာဟာ အလင်းတစ်ခုသာ...

မားစ်ဂြိုဟ်ပေါ်က တိမ်တိုက်တွေကို ရှာဖွေဖို့ နာဆာက လူထုအကူအညီလိုအပ်နေ။

Image
      နေဝင်ပြီးနောက်သိပ်မကြာခင်မှာ နာဆာရဲ့ Curiosity rover က ဒီတိမ်တိုက်တွေထဲက တစ်ခုကို ဖမ်းယူ ရရှိထားပုံဖြစ်ပါတယ်။           နာဆာက သိပ္ပံပညာရှင်တွေဟာ မားစ်ဂြိုဟ်ရဲ့လေထုနဲ့ပတ်သက်တဲ့ အခြေခံ ဆန်းကြယ်မှုတစ်ခုကို ဖြေရှင်းနိုင်ဖို့ မျှော်လင့်နေကြပါတယ်။ ဒါကို စာဖတ်သူတို့လဲ အကူအညီပေးနိုင်ပါတယ်။ အခုဆိုရင် နာဆာက Cloudspotting on Mars လို့ခေါ်တဲ့ ပရောဂျက်တစ်ခုကို ဖွဲ့စည်းထားပါတယ်။ ဒါက citizen science platform Zooniverse ကိုအသုံးပြုပြီးတော့ မားစ်ဂြိုဟ်ပေါ်က တိမ်တိုက်တွေကို အတည်ပြုနိုင်ဖို့ ပြည်သူလူထုကို ဖိတ်ခေါ်ထားတာပါ။ What is zooniverse? Zooniverse - Wikipedia Zooniverse register Register — Zooniverse   ဒီကရလာမယ့်အချက်အလက်တွေက မြောက်များစွာသော သက်သေအထောက် အထားတွေက ဒီဂြိုဟ်မှာ ထူထဲတဲ့ လေထုတစ်ခုရှိခဲ့ကြောင်း ညွှန်ပြနေပေမယ့် ဘာကြောင့် မားစ်ဂြိုဟ်ရဲ့ လေထုဟာ ကမ္ဘာရဲ့ ၁ ရာခိုင်နှုန်းလောက်သာ ထူထဲနေရသလဲဆိုတာကို အဖြေရှာနိုင်ဖို့ အကူအညီပေးနိုင်မယ့်လို့ ပညာရှင်တွေက မျှော်လင့်ထားကြပါတယ်။ ဒါ့ကြောင့် သင်ဟာ အဖြေပေးနိုင်သူတစ်ယောက်လဲ ...

အသေးစိတ်အကျဆုံး နဂါးငွေ့တန်းဂလက်စီ စစ်တမ်းကောက်ယူမှုတွင် ဂီရာဂြိုဟ်တု မြင်တွေ့ခဲ့သော ထူးဆန်းသောကြယ်များ။

Image
            ဂီရာဟာ ESA မစ်ရှင်တစ်ခုဖြစ်ပြီး နဂါးငွေ့တန်းဂလက်စီရဲ့ တိကျသေချာပြီး ပြီးပြည့်စုံတဲ့ သုံးဖက်မြင်ပုံရိပ်တစ်ခု ဖန်တီးနိုင်ဖို့ စေလွှတ်ထားတာ ဖြစ်ပါတယ်။ ဒါက နက္ခတ္တဗေဒပညာရှင်တွေကို နဂါးငွေ့တန်းဂလက်စီရဲ့ တည်ဆောက်ပုံနဲ့ လွန်ခဲ့တဲ့ နှစ်ဘီလီယံပေါင်းများစွာက ဆင့်ကဲပြောင်းလဲမှုကို ပြန်လည်တည်ဆောက်နိုင်ဖို့၊ ကြယ်သံသရာလည်ပုံတွေနဲ့ စကြဝဠာအတွင်းမှာ ကျွန်တော်တို့ အခန်းကဏ္ဍက ဘယ်လို ရှိသလဲဆိုတာကို ပိုပြီးနားလည်နိုင်ဖို့ ခွင့်ပြုပေးထားပါတယ်။           အခုနောက်ဆုံး ဂီရာထုတ်ဝေခဲ့တဲ့ ဒေတာတွေမှာတော့ နဂါးငွေ့တန်းဂလက်စီအတွင်းက ကြယ်ပေါင်း ၂ ဘီလီယံအတွက် သစ်ဆန်းပြီး ပိုမိုကောင်းမွန်တဲ့ အသေးစိတ် အချက်အလက်တွေပါဝင်လာခဲ့ပါတယ်။ ဒီကတ်တလောက်ထဲမှာဆိုရင် ဓာတုဖွဲ့စည်းတည်ဆောက်ပုံတွေအပါအဝင် ကြယ်တွေရဲ့ အပူချိန်၊ အရောင်၊ ဒြပ်ထု၊ သက်တမ်းနဲ့ ကျွန်တော်တို့ဆီကနေ သို့မဟုတ် ကျွန်တော်တို့ဆီကို ရွေ့နေတဲ့ အလျင်တို့ပါ ပါဝင်လာတာကို တွေ့ရပါတယ်။ ဒါ့အပြင်ဒေတာတွေထဲမှာ ကြယ်တွေရဲ့ အထူးအမျိုးအစားခွဲတွေ လဲ ပါဝင်လာခဲ့ပါတယ်။   ...

မိုက်ခရိုဥက္ကာခဲများ၏ ရိုက်ခတ်မှုဒဏ်ကို ခံနိုင်အောင် တည်ဆောက်ထားသော နာဆာ၏ ဝပ်ဘ်တယ်လီစကုပ်။

Image
            မိုက်ခရိုဥက္ကာခဲတွေရိုက်ခတ်မှုဟာ အာကာသထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ အာကာသယာဉ်တိုင်း မလွဲမသေကြုံရတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ မေလ ၂၃ ရက်နဲ့ ၂၅ ရက်ကြားမှာ နာဆာရဲ့ ဂျိမ်းစ် ဝပ်ဘ်တယ်လီစကုပ်ဟာလဲ သူ့ရဲ့ပင်မမှန်အစိတ် အပိုင်းထဲက တစ်ခုကို ရိုက်ခတ်မှုဒဏ်ခံခဲ့ရပါတယ်။ ကနဦးစိစစ်တွက်ချက်မှုပြီးနောက်မှာတော့ အဖွဲ့က ဒေတာထဲမှာ မသိမသာသက်ရောက်မှုလေးကလွဲရင် တခြားသော မစ်ရှင်တွေမှာ လုပ်ဆောင်နိုင်တာထက် သာလွန်စွာလုပ်ဆောင်နိုင်သေးတာကို တွေ့ရှိခဲ့ပါတယ်။           အသေးစိတ် သရုပ်ခွဲစိစစ်မှုတွေနဲ့ တိုင်းတာမှုတွေကိုတော့ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ ဝပ်ဘ်တယ်လီစကုပ်ရဲ့ သက်တမ်းတစ်လျှောက်လုံးမှာ ဒီလိုမျိုး ရိုက်ခတ်မှုတွေကို တောက်လျှောက်ကြုံနေရမှာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးကို မြေပြင်ပေါ်မှာ စမ်းသပ်တည်ဆောက်စဉ်ထဲက ကြိုတင်စဉ်းစားထားခဲ့ပါတယ်။ အောင်မြင်စွာလွှတ်တင်မှု၊ နေရာချမှုနဲ့ တယ်လီစကုပ်ကြီးချိန်ညှိမှုတို့ကို လုပ်ဆောင်ခဲ့ပြီးတဲ့အချိန်မှာ ဝပ်ဘ်ရဲ့လုပ်ဆောင်နိုင်စွမ်းဟာ မျှော်လင့်ထားတာထက် ပိုကောင်းနေပြီး လုပ်ဆောင်ရမယ့်...

နာဆာ၏ Ingenuity Mars Helicopter ၏ စံချိန်တင် ပျံသန်းမှု ဗီဒီယိုမှတ်တမ်း။

Image
            အရင်တုန်းကထက် ပိုမြန်မြန် ပိုဝေးဝေးပျံသန်းနိုင်ခဲ့တဲ့ Rotocraft ရဲ့ မကြာသေးခင်က ပျံသန်းမှုကို ဖမ်းယူထားတဲ့ မားစ်ပေါ်က ပုံရိပ်တွေ ရောက်လာပါပြီ။           Ingenuity Mars Helicopter ရဲ့ black-white လမ်းကြောင်းပြကင်မရာက ဧပြီလ ၁၈ ရက်နေ့မှာ ဆောင်ရွက်ခဲ့တဲ့ ၂၅ ကြိမ်မြောက် စံချိန်တင်ပျံသန်းမှု ဗီဒီယိုတစ်ခုကို ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ တစ်နာရီ ၁၂ မိုင်နှုန်းနဲ့ ပေပေါင်း ၂၃၁၀ (၇၀၄ မီတာ) ရောက် ရှိပြီးတဲ့အချိန်မှာတော့ ဒါက ဂြိုဟ်နီကြီးပေါ်မှာရှိတဲ့ Rotorcraft ရဲ့ အရှည်ဆုံးနဲ့ အဝေးဆုံး ပျံသန်းမှု ဖြစ်လာခဲ့ပါတယ်။ (အခုဆိုရင် Ingenuity က သူ့ရဲ့ ၂၉ ကြိမ်မြောက် ပျံသန်းမှု အတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။)                 “ကျွန်တော်တို့ရဲ့ စံချိန်တင်ပျံသန်းမှုအတွက် Ingenuity ရဲ့ အောက်ဖက်ဆိုက်နေ တဲ့ လမ်းကြောင်းပြကင်မရာဟာ မားစ်ဂြိုဟ်ရဲ့ မျက်နှာပြင်အထက် ၃၃ ပေအမြင့်မှာ တစ်နာရီ ၁၂ မိုင်နှုန်းနဲ့ ပျံသန်းရတဲ့ ခံစားချက်က ဘယ်လိုမျိုးလဲဆိုတာကို ထောက...

ဟယ်ဘယ်စုဆောင်းသိမ်းဆည်းရရှိထားသော စူပါနိုဗာအရင်းခံဂလက်စီများ။

Image
            ၂၀၀၃ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ နာဆာဟယ်ဘယ်တယ်လီစကုပ်ကနေ စုဆောင်းရရှိထားတဲ့ ဒီပုံရိပ်တွေဟာ Cepheid variables တွေနဲ့ စူပါနိုဗာတွေ နှစ်ခုစလုံး အရင်းခံတည်ရှိနေတဲ့ ဂလက်စီတွေဖြစ်ပါတယ်။ ဒီအရေးပါတဲ့အာကာသဖြစ်စဉ်နှစ်ခုစလုံးဟာ နက္ခတ္တအကွာအဝေးတွေကို ဆုံးဖြတ်နိုင်ဖို့ အရေးကြီးတဲ့ပစ္စည်းတွေဖြစ်ပြီး စကြဝဠာပြန့်ကားနှုန်း ဟယ်ဘယ်ကိန်းသေကို တိုင်းတာနိုင်ဖို့ အသုံးပြုတဲ့ အရာတွေလဲ ဖြစ်ပါတယ်။           ဒီအထူးစုဆောင်းသိမ်းဆည်းမှုထဲက ပုံရိပ်တစ်ခုချင်းစီဟာ Cepheid variables တွေနဲ့ စူပါနိုဗာနှစ်ခုစလုံး အရင်းခံတည်ရှိတဲ့ ခရုပတ်ပုံဂလက်စီတစ်ခုစီ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်နှစ်ခုလုံးဟာ စကြဝဠာအတွင်းက ရှားပါးဖြစ်စဉ်တွေဖြစ်ပါတယ်။ Cepheid variables တွေဆိုတာကတော့ ကျုံ့လိုက်ဆန့်လိုက်ဖြစ်နေတဲ့ ကြယ်တွေဖြစ်ပြီး သူတို့အလင်းဟာ အချိန်မှန်မှန် လင်းလိုက်၊ မှိန်လိုက်ဖြစ်နေပါတယ်။ Type 1a supernovae တွေကတော့ ပူပြင်းသိပ်သည်းလှတဲ့ ကြယ်ဖြူပုကြီးတွေ ပေါက်ကွဲတဲ့ဖြစ်စဉ် ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်ခုစလုံးကို နက္ခတ္တ‌ဝတ္ထုတွေရဲ့ အကွာအဝေးကို...

နဂါးငွေ့တန်းဂလက်စီဗဟိုချက်ရှိ တွင်းနက်ကြီး၏ ပထမဆုံးပုံရိပ်အား နက္ခတ္တဗေဒ ပညာရှင်များ ဖမ်းယူနိုင်ခဲ့။

Image
            နဂါးငွေ့တန်းဂလက်စီရှိ   Sagittarius A * လို့ အမည်ရတဲ့ ဧရာမတွင်းနက်ကြီးရဲ့ ပထမဆုံးပုံရိပ်ကို ယမန်နေ့ မြန်မာစံတော်ချိန် ညနေပိုင်းလောက်က နက္ခတ္တဗေဒပညာရှင်များ ရယူနိုင်ခဲ့ပါတယ်။ ဒီရလဒ်ကနေပြီးတော့ ဒီဝတ္ထုဟာတွင်းနက်တစ်ခု အမှန်ဖြစ်ကြောင်း သက်သေနဲ့ ဂလက်စီအများစုမှာ တည်ရှိနေတယ်လို့ ယူဆရတဲ့ ဒီလိုဧရာမတွင်းနက်ကြီးတွေရဲ့ အလုပ်လုပ်ပုံနဲ့ပတ်သက်တဲ့ တန်ဖိုးရှိတဲ့ သဲလွန်စတွေကို ထောက်ပံ့ ပေးနိုင်ခဲ့ပါတယ်။ ဒီပုံရိပ်ကိုတော့ Event Horizon Telescope (EHT) Collaboration လို့ခေါ်တဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ သုတေသနအဖွဲ့တစ်ခုက တစ်ကမ္ဘာလုံးရှိ ရေဒီယိုတယ်လီစကုပ်ကွန်ရက်ကြီးကို အသုံးပြုပြီး ထုတ်လုပ်ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။           ဒီပုံရိပ်ဟာ ကျွန်တော်တို့ ဂလက်စီရဲ့ အလယ်မှာရှိနေတဲ့ ဒြပ်ထုမြင့်ဝတ္ထုကြီးကို အချိန်အတော်ကြာ ‌စောင့်ကြည့်လေ့လာထားခြင်း ဖြစ်ပါတယ်။   အရင်တုန်းကလဲ သိပ္ပံပညာရှင်တွေဟာ နဂါးငွေ့တန်းဂလက်စီဗဟိုချက်က မမြင်နိုင်တဲ့ ဒြပ်ထုမြင့်တစ်စုံတစ်ခု အနားတစ်ဝိုက်မှာ ကြယ်တွေလှည့်ပတ်နေတာကို မြင်တွ...

ဝပ်ဘ်တယ်လီစကုပ်၏ ပထမဆုံးကာလာသွင်းပုံရိပ်များ (သိပ္ပံဆိုင်ရာ ပုံရိပ်များ) ကို လာမည့် ဂျူလိုင်လတွင် ဖော်ပြနိုင်တော့မည်။

Image
     မေလ ၉ ရက်နေ့တွင် နာဆာမှ ထုတ်ပြန်ခဲ့သော Large Magellanic Cloud ၏ တစ်စိတ်တစ်ဒေသ။ (ဘယ်ပုံ - taken by Spitzer Telescope) (ညာပုံ - taken by Webb Telescope)             ဂျိမ်းစ်ဝပ်ဘ်တယ်လီစကုပ်ဟာ အာကာသကြီး၏ “အံဩမှင်တက်ဖွယ် ကာလာ သွင်းပုံရိပ်တွေ” ကို လာမယ့် ဂျူလိုင်လအလယ်ပိုင်းလောက်မှာ ထုတ်ပေးနိုင်တော့မယ်။ သူ့ရဲ့ ပထမဆုံးလေ့လာမှုက သိပ္ပံဆိုင်ရာတွေ့ရှိမှုတွေကို ပြုလုပ်ဖို့ဖြစ်ပါတယ်။           ဟယ်ဘယ်ပြီးနောက် နောက်ထပ်အောင်ပွဲဝင်မယ့် ဝပ်ဘ်ဟာ လွန်ခဲ့တဲ့ ငါးလကြာ ကာလကို သူ့ရဲ့ တိုင်းတာရေးကိရိယာတွေကို ချိန်ညှိခြင်းအားဖြင့် အချိန်ကုန်ဆုံးခဲ့ပြီးပါပြီ။ သို့သော်လည်း သိပ္ပံပညာရှင်တွေကတော့ ဘယ်နေရာကို ပထဆုံး ကင်မရာထိုးမလဲဆိုတာ အတွက်တော့ မပြောချင်ကြသေးပါ။           “ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့က surprise လုပ်ချင်ပါတယ်။” လို့ Klaus Pontoppidan က ဆိုပါတယ်။ နောက်ပြီး ဘယ်ကို target ပထမဆုံးလုပ်ရမလဲ ဆိုတာ အတွက်လဲ မဆုံးဖြတ်ရသေးတာကြောင့် ပါတယ်လို့ ထပ...

မားစ်ဂြိုဟ်ရဲ့ ဘယ်အစိတ်အပိုင်းက အာကာသရောင်ခြည်တွေကနေ အန္တရာယ်အကင်းဆုံး နေရာ ဖြစ်မလဲ။

Image
            နောက်လာမယ့်ဆယ်စုနှစ်အတွင်းမှာ နာဆာနဲ့ တရုတ်တို့က မားစ်ဂြိုဟ်သို့   ပထမ ဆုံ လူပါဝင်တဲ့ မစ်ရှင်တွေစေလွှတ်နိုင်ဖို့ စီစဉ်နေကြပါတယ်။ ဒါက ၂၀၃၃၊ ၂၀၃၅ နဲ့ ၂၀၃၇ တို့အပြင် မားစ်ဂြိုဟ်ရဲ့ “opposition” (ကမ္ဘာနဲ့မားစ်တို့ရဲ့ ပတ်လမ်းကြောင်းအနီးကပ်ဆုံး အချိန်) ဖြစ်တဲ့ ၂၆ လကြာတိုင်း အာကာသယာဉ်စေလွှတ်မယ့် အေဂျင်စီအားလုံး ပါဝင်ပါတယ်။ ဒီပရိုဂရမ်တွေရဲ့ ရေရှည်ရည်မှန်းချက်က အနာဂတ်မစ်ရှင်တွေကို ထောက်ပံ့ပေးနိုင်မယ့် နေရာတစ်ခုအဖြစ် ဆောင်ရွက်ပေးနိုင်မယ့် မားစ်အခြေစိုက်စခန်းတစ်ခု တည်ဆောက်ဖို့ ဖြစ်ပါတယ်။ သို့သော်လည်း တရုတ်နိုင်ငံကတော့ အမြဲနေနိုင်မယ့် အခြေစိုက်စခန်းတစ်ခုတည်ဆောက်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။           ခြောက်လကနေ ၉ လကြာမယ့် မားစ်ဂြိုဟ်ခရီးသို့ အာကာသယာဉ်မှူးတွေ စေလွှတ်နိုင်ဖို့‌ မျှော်လင့်ချက်ဟာ (မျက်နှာပြင်ပေါ်မှာ သိပ္ပံလုပ်ငန်းများ ဆောင်ရွက်ရမှာ ကြုံတွေရမယ့် အန္တရာယ်များ ထည့်သွင်းမစဉ်းစားဘူးဆိုရင်တောင်) စိန်ခေါ်မှုအများကြီးနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ မကြာသေးခင်က လေ့လာမှုတစ်ခုမှာတော့...

ယခုဆိုလျှင် နာဆာ၏ ဂျိမ်းစ်ဝပ်ဘ်တယ်လီစကုပ်သည် ချိန်ညှိမှုလုပ်ငန်းပြီးဆုံးသွားပြီ ဖြစ်၍ တိုင်းတာရေးကိရိယာများ၏ သိပ္ပံဆိုင်ရာလုပ်ငန်းများအတွက် အဆင်သင့်ဖြစ်နေပါပြီ။

Image
                အခုဆိုရင် နာဆာရဲ့ ဂျိမ်းစ်ဝပ်ဘ်တယ်လီစကုပ်ဟာ ချိန်ညှိမှုလုပ်ငန်းအားလုံး ပြီးစီးသွားပါပြီ။ မြင်ကွင်းအပြည့်အဝရရှိပြီးနောက်မှာတော့ တယ်လီစကုပ်ဟာ well-focused ပုံရိပ်တွေကို ရယူနိုင်ပြီဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ ခုနှစ်ဆင့်မြောက်နဲ့ နောက်ဆုံးအဆင့် ချိန်ညှိမှုလုပ်ငန်းအားလုံး ပြီးဆုံးသွားပြီဖြစ်၍ အဖွဲ့က ဝပ်ဘ်ဟာ “science instrument commissioning” လို့ခေါ်တဲ့ နောက်ဆုံးပြင်ဆင်မှုသို့ နောက် တစ်ဆင့်တက်လှမ်းနိုင်ပြီဖြစ်ကြောင်း သဘောတူဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီလုပ်ငန်းဟာ လာမယ့်နွေရာသီ သိပ္ပံလုပ်ငန်းတာဝန်များ မဆောင်ရွက်မီအထိ နှစ်လခန့်ကြာမြင့် ပါလိမ့်မယ်။             ဝပ်ဘ်ရဲ့တိုင်းတာရေးပစ္စည်းအားလုံးအတွက် တယ်လီစကုပ်ကြီး ချိန်ညှိမှုလုပ်ငန်းကို သူ့ရဲ့မြင်ကွင်းအပြည့်နဲ့ ဖမ်းယူထားတဲ့ ပုံရိပ်အတွဲလိုက်မှာ တွေ့မြင်နိုင်ပါတယ်။            “အောင်အောင်မြင်မြင် ချိန်ညှိပြီးဖြစ်တဲ့ တယ်လီစကုပ်ကနေ ရရှိလာတဲ့ ဒီပြောင်မြောက်လှတဲ့ စမ်းသပ်ဆဲပုံရိပ်...