Posts

Showing posts from September, 2022

နာဆာရဲ့ ကမ္ဘာဂြိုဟ်ကာကွယ်ရေး အစီအစဉ်အနေနဲ့ ပထမဆုံး စမ်းသပ်မှုကို ဒီးဒီးမို့စ် စုံတွဲဂြိုဟ်သိမ်ဂြိုဟ်မွှားစနစ်မှာ ယမန်နေ့က ပြုလုပ်ခဲ့ပါတယ်။

Image
              ဒီးဒီးမို့စ်ဟာ စုံတွဲစနစ်တစ်ခုဖြစ်ပြီး တစ်ခုနဲ့တစ်ခုလှည့်ပတ်နေကြတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေဖြစ်ကြပါတယ်။ တစ်ခုချင်းအနေနဲ့ကတော့ ဒီကျောက်စိုင် ကျောက်ခဲနှစ်ခုကို ဒီးဒီးမို့စ် (Didymos) နဲ့ ဒီမောဖို့စ် (Dimorphos) လို့ သိကြပါတယ်။           နာဆာရဲ့ Double Asteroid Redirection Test ဖြစ်တဲ့ DART မစ်ရှင်မှာ ဒီစုံတွဲစနစ်ထဲက ပိုသေးတဲ့တစ်ခုဖြစ်တဲ့ ဒီမောဖို့စ်ပေါ်ကို အာကာသယာဉ်တစ်ခုအား စက်တင်ဘာလ ၂၆ ရက်နေ့ ဂရင်းနစ်စံတော်ချိန် ၂၃ နာရီ ရည်ရွယ်ချက်ရှိရှိ ဝင်ရောက်တိုက်မိစေခဲ့ပါတယ်။           ဝင်တိုက်စေရတဲ့အကြောင်းအရင်းကတော့ ဒီဂြိုဟ်ပတ်လမ်းရဲ့ အလျင်ကို အနည်းငယ်ပြောင်းလဲစေပြီး ကမ္ဘာကိုအန္တရာယ်ပြုနိုင်တဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေကနေ ကမ္ဘာကို ကာကွယ်ဖို့နည်းလမ်းကို သရုပ်ပြဖို့ ဖြစ်ပါတယ်။ နာဆာရဲ့အဆိုအရ ဒီဖြစ်စဉ်မှာတော့ “kinetic impactor” လို့ခေါ်တဲ့ နည်းလမ်းကို အသုံးပြုခဲ့ပါတယ်။ ဒီးဒီးမို့စ်စနစ်ဟာ ကမ္ဘာကို အန္တရာယ်မပြုနိုင်ပေမယ့်လဲ ဒီနည်လမ်းကို နောင်တစ်ချိန်ကမ္ဘာပေါ်ကို အန္တရာယ်ပြုနိုင်မယ့် အာကာသကျောက်စိုင် ကျောက်ခဲတွေကနေ ကာကွယ်ရာမှာ အသုံးပြုနိုင်ဖို့ ဖြစ်ပါတယ်။          ၂၀၀၃ ခုနှစ်တွင် အယ်ရ

ကွင်းကွမ်တမ်ဒြပ်ဆွဲအား (အပိုင်း - ၂)

Image
     ပထမတစ်ပိုင်းမှာတော့ ကွင်းကွမ်တမ်ဒြပ်ဆွဲအား ဘယ်လို နဲ့ ဘာကြောင့်ပေါ်ထွက် လာခဲ့သလဲ ဆိုတာကို စာဖတ်သူတို့ သိသင့်သလောက် ဆွေးနွေးပြီးသွားပြီ ဖြစ်ပါတယ်။ ဒီအပိုင်းမှာတော့ ကျွန်တော်တို့က ကွင်းကွမ်တမ်ဒြပ်ဆွဲအားနဲ့ ပတ်သက်ပြီး အပိုင်းသုံးပိုင်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ပထမတစ်ခု ဖြစ်တဲ့ ဒြပ်ဆွဲအားနဲ့ ကျွန်တော်တို့ စဖွင့်လိုက်ရ အောင်။ ဒြပ်ဆွဲအား           စကြဝဠာကြီးရဲ့ ဘယ်နေရာမှာမဆို ဒြပ်ဆွဲအားကို မတွေ့နိုင်တဲ့ နေရာရယ်လို့ မရှိပါဘူး။ အနည်းငယ်ပြင်းထန်တဲ့ နေရာရယ်၊ အလွန်အမင်း ပြင်းထန်တဲ့ နေရာရယ် ဆိုတာပဲ ရှိပါလိမ့်မယ်။ ဆိုရသော် ဒြပ်ဆွဲအား စကြဝဠာတစ်ခုလုံးမှာ ပျံ့နှံ့စိမ့်ဝင်နေတဲ့ အားတစ်ခုဖြစ်ပါတယ်။ သို့သော်လည်း ဒြပ်ဆွဲအား အလွန်အားပျော့တာကြောင့် နယူတန် ခေတ်မတိုင်ခင်အထိ လူသားတွေဟာ သူ့ရဲ့အရေးပါပုံကို သတိမထားမခဲ့ကြပါဘူး။           အရင်ဆောင်းပါးတွေကို ပြန်နွေးရမယ်ဆိုရင်တော့ ဒြပ်ဆွဲအားဟာ အားလေးမျိုး (လျှပ်စစ်သံလိုက်အား၊ နယူကလိယအားပျော့၊ နယူကလိယအားပြင်း၊ ဒြပ်ဆွဲအား) တို့ထဲမှာ အပျော့ဆုံး ဖြစ်ပါတယ်။ နောက်ပြီး လူသားတို့ ပထမဆုံး သတိထားမိခဲ့တဲ့ အားလဲ ဖြစ်ပါသေးတယ်။ ၁၇ ရာစုလောက်မှာ ဆာအိုင်းဇတ်နယူတန်က ဒြပ်