နာဆာရဲ့ ကမ္ဘာဂြိုဟ်ကာကွယ်ရေး အစီအစဉ်အနေနဲ့ ပထမဆုံး စမ်းသပ်မှုကို ဒီးဒီးမို့စ် စုံတွဲဂြိုဟ်သိမ်ဂြိုဟ်မွှားစနစ်မှာ ယမန်နေ့က ပြုလုပ်ခဲ့ပါတယ်။

     


      ဒီးဒီးမို့စ်ဟာ စုံတွဲစနစ်တစ်ခုဖြစ်ပြီး တစ်ခုနဲ့တစ်ခုလှည့်ပတ်နေကြတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေဖြစ်ကြပါတယ်။ တစ်ခုချင်းအနေနဲ့ကတော့ ဒီကျောက်စိုင် ကျောက်ခဲနှစ်ခုကို ဒီးဒီးမို့စ် (Didymos) နဲ့ ဒီမောဖို့စ် (Dimorphos) လို့ သိကြပါတယ်။

          နာဆာရဲ့ Double Asteroid Redirection Test ဖြစ်တဲ့ DART မစ်ရှင်မှာ ဒီစုံတွဲစနစ်ထဲက ပိုသေးတဲ့တစ်ခုဖြစ်တဲ့ ဒီမောဖို့စ်ပေါ်ကို အာကာသယာဉ်တစ်ခုအား စက်တင်ဘာလ ၂၆ ရက်နေ့ ဂရင်းနစ်စံတော်ချိန် ၂၃ နာရီ ရည်ရွယ်ချက်ရှိရှိ ဝင်ရောက်တိုက်မိစေခဲ့ပါတယ်။

          ဝင်တိုက်စေရတဲ့အကြောင်းအရင်းကတော့ ဒီဂြိုဟ်ပတ်လမ်းရဲ့ အလျင်ကို အနည်းငယ်ပြောင်းလဲစေပြီး ကမ္ဘာကိုအန္တရာယ်ပြုနိုင်တဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေကနေ ကမ္ဘာကို ကာကွယ်ဖို့နည်းလမ်းကို သရုပ်ပြဖို့ ဖြစ်ပါတယ်။ နာဆာရဲ့အဆိုအရ ဒီဖြစ်စဉ်မှာတော့ “kinetic impactor” လို့ခေါ်တဲ့ နည်းလမ်းကို အသုံးပြုခဲ့ပါတယ်။ ဒီးဒီးမို့စ်စနစ်ဟာ ကမ္ဘာကို အန္တရာယ်မပြုနိုင်ပေမယ့်လဲ ဒီနည်လမ်းကို နောင်တစ်ချိန်ကမ္ဘာပေါ်ကို အန္တရာယ်ပြုနိုင်မယ့် အာကာသကျောက်စိုင် ကျောက်ခဲတွေကနေ ကာကွယ်ရာမှာ အသုံးပြုနိုင်ဖို့ ဖြစ်ပါတယ်။


       ၂၀၀၃ ခုနှစ်တွင် အယ်ရီစီဘိုနက္ခတ်ကြည့်မျှော်စင်ဖြင့် ရိုက်ကူးထားသော ဒီးဒီးမို့စ်နှင့်  ယင်း၏မွန်းလတ်

          ဒီစုံတွဲစနစ်ထဲမှာ ဒီဒီးမို့စ်က ပိုကြီးပြီး အလျားမိုင် တစ်မိုင်လောက်ရှိကာ ဒီမောဖို့စ်ကတော့ ၅၂၅ ပေလောက်သာ ရှိပါတယ်။ တချို့စာရေးဆရာတွေကတော့ ဒီမောဖို့စ်ကို ဒီဒီးမို့စ်ရဲ့ မွန်းလတ် သို့မဟုတ် ဒီဒီမို့စ်ရဲ့လအဖြစ် သရုပ်ဖော် ရေးသားကြပါတယ်။

          ဒီဂြိုဟ်သိမ်ဂြိုဟ်မွှားနှစ်ခုဟာ နေကိုလှည့်ပတ်နေစဉ်မှာ ဒီမော့ဖို့စ်ကလည်း ဒီးဒီးမို့စ်ကို လှည့်ပတ်နေပြီး တစ်ပတ်ပြည့်ဖို့ ၁၁ နာရီနဲ့ ၅၅ မိနစ်ကြာမြင့်ပါတယ်။

          ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ကမ္ဘာ‌ပေါ်က မြေပြင်တယ်လီစကုပ်တွေဖြစ်တဲ့ အယ်ရီစီဘို နက္ခတ်ကြည့်မျှော်စင်နဲ့ လိုဝယ်နက္ခတ်ကြည့်မျှော်စင်တို့က သူတို့နှစ်ခုရဲ့ ရွေ့လျားမှုကို အဆက်မပြတ်ထောက်လှမ်းခဲ့ကြပြီး နာရီလက်တံရွေ့လျားမှုရှိတယ်လို့ ဆိုပါတယ်။ ဒီမော့ဖို့စ်က ဒီဒီးမို့စ်နဲ့ ကမ္ဘာကြားလှည့်ပတ်စဉ်မှာ ကမ္ဘာပေါ်က တယ်လီစကုပ်တွေနဲ့ သူ့ရဲ့အလင်းအားပြောင်းလဲပုံကို စောင့်ကြည့်ခြင်းဖြင့် အခုလို သိနိုင် ခြင်းဖြစ်ပါတယ်။

          ဒီးဒီးမို့စ်စနစ်ရဲ့ ဒီလို နာရီလက်တံအတိုင်းရွေ့လျားမှုဟာ DART မစ်ရှင်အတွက် အကောင်းဆုံး ပစ်မှတ်တစ်ခု ဖြစ်စေခဲ့ပါတယ်။ ဒီးဒီးမို့စ်ကိုယ်တိုင်က ကမ္ဘာကို အန္တရာယ် မပြုနိုင်ပေမယ့်လည်း စမ်းသပ်စရာပစ္စည်းတော့ ဖြစ်ခဲ့ရပါတယ်။


    Dart မစ်ရှင်တွင် ကမ္ဘာပေါ်မှနောက်ဆုံးရရှိခဲ့သော ပုံရိပ်မှာ ဒီးမော့ဖို့စ်ရဲ့မျက်နှာပြင်ကို မြင်တွေ့နိုင်ပါတယ်။

          ကမ္ဘာပေါ်က သုတေသီတွေအနေနဲ့ အာကာသယာဉ် ဒီးမော့ဖို့စ်ကို ဝင်တိုက်တဲ့အခါ ဖြစ်ပေါ်တဲ့ သက်ရောက်မှုကို စောင့်ကြည့်လေ့လာနိုင်ခဲ့ပါတယ်။ နာဆာရဲ့အဆိုအရတော့ ဝင်တိုက်မှုအပြီးမှာ ပုံမှန်ရှိနေတဲ့ ပတ်လမ်းထက် ၁၀ မိနစ်လောက် ပိုမြန်သွားတာကို မြင်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။

          နောက်ရက်သတ္တပတ်အနည်းငယ်လောက်မှာ ဒီလိုရိုက်ခတ်မှုကို ရိုက်ကူးထားတဲ့ ဗီဒီယိုဟာ ကမ္ဘာပေါ်ကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

          DART ရိုက်ခတ်မှုဖြစ်ပေါ်ချိန်မှာ ဒီဒီးမော့စ်ဟာ လေ့လာဖို့အကောင်းဆုံး အလျောင်း အလျာတစ်ခုဖြစ်ပြီး ကမ္ဘာကို အန္တရာယ်ပြုနိုင်ဖို့ မရှိနိုင်တာကို မြင်နိုင်ခဲ့ပါတယ်။

          ဒီးဒီးမို့စ်ဟာ ကမ္ဘာအနီးအနားဂြိုဟ်သိမ်ဂြိုဟ်မွှားတွေဖြစ်တဲ့ အာမာအုပ်စုထဲက တစ်ခုဖြစ်ပြီး ဒီအမျိုးအစား ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေဟာ နေကိုလှည့်ပတ်ဖို့ နှစ်နှစ်ကျော် လောက် အချိန်ယူရတယ်လို့ နာဆာက ဆိုပါတယ်။

          ဒီးဒီးမော့စ်စနစ်ထဲက ပိုကြီးတဲ့တစ်ခုဟာ နာဆာရဲ့အဆိုအရ ဖုန်မှုန့်လေးတွေ မရှိဘူးလို့ဆိုထားပေမယ့် ပုံတွေအရတော့ ကျောက်သားမျက်နှာပြင်ရှိပြီး အနည်းငယ် ချောမွတ်တဲ့ မျက်နှာပြင်ရှိပုံရပါတယ်။ ဒါ့အပြင် ဒီကျောက်စိုင်ကျောက်ခဲဟာ လေထု၊ ခါးပတ်နဲ့ သံလိုက်စက်ကွင်းအလွှာလဲ ရှိပုံမရှိပါဘူး။

ကိုးကား

https://www.space.com/didymos-asteroid-facts

         

         

Comments

Popular posts from this blog

ရူပဗေဒပညာရှင်အချို့နဲ့ ဒဿနဗေဒပညာရှင်အချို့ရဲ့ အဆိုအရ အချိန်ဆိုတဲ့အရာမျိုး မရှိပါ။

နဂါးငွေ့တန်းဂလက်စီပြင်ပရှိ နျူထရီနိုထုတ်လုပ်သည့် အရင်းအမြစ်များ။

ဂလက်စီများအား ရေတွက်ခြင်းဖြင့် အထူးနှိုင်းရသီအိုရီအား လက်တွေ့အသုံးချခြင်း။