­­ဒြပ်ဆွဲလှိုင်းများမှတစ်ဆင့် တွင်းနက်တစ်ဝိုက်ရှိ အမှုန်အသစ်များကို ထောက်လှမ်းခြင်း။

 



          အလွန်အလွန်ပေါ့ပါးတဲ့အမှုန်တိမ်တိုက်တွေဟာ လည်ပတ်နေတဲ့တွင်းနက်တစ်ဝိုက်နားမှာ ဖြစ်ပေါ်နိုင်ပါတယ်။ အခုဆိုရင်တော့ အန်စတာဒန်တက္ကသိုလ်နဲ့ ဟားဗတ်တက္ကသိုလ်မှ ရူပဗေဒပညာရှင် အဖွဲ့တစ်ဖွဲ့က တွင်းနက်စုံတွဲတွေကနေ ထုတ်လွှတ်လိုက်တဲ့ ဒြပ်ဆွဲလှိုင်းတွေပေါ်မှာ ဒီတိမ်တိုက်တွေရဲ့ ဝိသေဿလက္ခဏာတချို့ ခြေရာအဖြစ် ကျန်ရစ်နိုင်ခဲ့တယ်လို့ ပြသခဲ့ပါတယ်။

          များသောအားဖြင့် တွင်းနက်တွေဟာ သူတို့အနားတစ်ဝိုက်က ဒြပ်သားတွေနဲ့ စွမ်းအင်တွေကို စုပ်ယူတယ်လို့သာ သိကြတာ ဖြစ်ပါတယ်။ သို့ပေမယ့် သူတို့ဟာ "superradiance" လို့ခေါ်တဲ့ ဖြစ်စဉ်အားဖြင့် သူတို့ရဲ့ဒြပ်ထုတချို့ကို ပြန်ထုတ်ပေးနိုင်တာလဲ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဖြစ်တာမှန်ပေမယ့် သဘာဝကြီးမှာ ဒြပ်ထုအလွန်နိမ့်တဲ့ အမှုန်တွေရှိမှသာ အကျိုးအာနိသင်ဖြစ်တယ်လို့ စံပုံစံအလွန်က သီအိုရီတွေက ခန့်မှန်းထားကြပါတယ်။

အိုင်းယွန်းဖြစ်ဒြပ်ဆွဲအက်တမ်များ

          Superradiance ဖြစ်စဉ်နဲ့ တွင်းနက်တစ်ခုက ဒြပ်ထုတချို့ဆွဲထုတ်ခံလိုက်ရတဲ့ အခါ တွင်းနက်ပတ်လည်မှာ ကြီးမားတဲ့တိမ်တိုက်လိုမျိုး တစ်ခုဖြစ်လာပါတယ်။ ဒါကနေတစ်ဆင့် ဒြပ်ဆွဲအက်တမ် (gravitational atom) ကို ဖန်တီးဖြစ်စေပါတယ်။ ဒြပ်ဆွဲအက်တမ်က ကြီးမားတဲ့အရွယ်အစားရှိသော်ငြားလဲ sub-microscopic atoms နဲ့ နှိုင်းယှဉ်လို့ ရပါတယ်။ အကြောင်းကတော့ တွင်းနက်က သူ့ရဲ့တိမ်တိုက်ကြီးကို တွေရဲ့ အီလက်ထရွန်တိမ်တိုက်ဟာ ပရိုတွန်နဲ့ နျူထရွန်တို့ပေါင်းစပ်ဖွဲ့စည်းနေတဲ့ နယူကလိယကိုဝန်းရံ လည့်ပတ်နေတဲ့ ကျွန်တော်တို့သိထားတဲ့ ပုံမှန်အက်တမ် တည်ဆောက်ပုံနဲ့ပဲ ဖြည့်တင်း ပေးထားလို့ ဖြစ်ပါတယ်။  

          အခုထုတ်ဝေခဲ့တဲ့ စာတမ်းအသစ်မှာတော့ သုတေသီတွေက သာမန်အက်တမ်တွေနဲ့ ဒြပ်ဆွဲအက်တမ်တွေကြားက တူညီချက်ဟာ တည်ဆောက်ပုံဆိုတာထက်ပိုပြီး နက်နဲလိမ့်မယ်လို့ ထင်မြင်ချက်ပေးထားပါတယ်။ အမှန်တော့ ဒီလိုဆင်တူယိုးမှားဟုတ်/ မဟုတ် ဆိုတာကို နောက်လာမယ့် Gravitational wave interferometers တွေမှာ အမှုန်အသစ် တွေရှာဖွေပြီးတော့ အဖြေရှာနိုင်ပါတယ်။

          နယူးယောက်မှာဆိုရင်တော့ သုတေသီတွေဟာ “အလင်းလျှပ်စစ်အကျိုး” ဖြစ်စဉ်နဲ့ ပုံစံတူဒြပ်ဆွဲအားအကျိုးနဲ့ လေ့လာကြပါတယ်။ အလင်းလျှပ်စစ်အကျိုးဖြစ်စဉ်ကိုတော့ ဆိုလာဆဲလ်တွေမှာ လျှပ်စီးကြောင်းထုတ်ဖို့ သုံးကြပါတယ်။ ဒီဖြစ်စဉ်မှာဆိုရင် အလင်းစွမ်းအင်ကနေတစ်ဆင့် အီလက်ထရွန်တွေက စွမ်းအင်စုပ်ယူပြီး ဒြပ်သားကနေ ကန်ထွက်သွားကြတာဖြစ်ပါတယ်။ ဒီတော့ ဒြပ်သားက အိုင်းယွန်းဖြစ်သွားပါတယ်။ အလားတူပဲ ဒြပ်ဆွဲအားမှာဆိုရင်လဲ လေးလံတဲ့ဝတ္ထုနှစ်ခုရဲ့ စုံတွဲစနစ်မှာ ဒြပ်ဆွဲအက်တမ်က တစ်စိတ်တစ်ဒေသ ဖြစ်ပါတယ်။ ဒြပ်ထုမြင့်အဖော်ပစ္စည်း (ဒါက တွင်းနက် သို့မဟုတ် နျူထရွန်ကြယ်ဖြစ်နိုင်ပါတယ်) ရဲ့ တည်ရှိမှုက သူ့ကိုအကျိုးသက်ရောက်ပါတယ်။ အလင်းလျှပ်စစ်အကျိုးမှာ ဖိုတွန်ရဲ့စွမ်းအင်ကို အီလက်ထရွန်က ယူလိုက်သလို မျိုးပဲ အလွန်ပေါ့ပါးတဲ့အမှုန်တိမ်တိုက်ကြီးက ဒီစုံတွဲရဲ့ ပတ်လမ်းကြောင်းစွမ်းအင်ကို စုပ်ယူလိုက်ပြီး ဒြပ်ဆွဲအက်တမ်ကနေ တိမ်တိုက်တချို့လွတ်ထွက်သွားစေပါတယ်။

အမှုန်သစ်များ ရှာဖွေခြင်း။

          ဒီဖြစ်စဉ်ဟာ ဒီလိုမျိုးစုံတွဲစနစ်တွေရဲ့ ဆင့်ကဲပြောင်းလဲပုံကို လုံးဝပြောင်းလဲ လိုက်နိုင်တယ်လို့ သရုပ်ပြခဲ့ပါတယ်။ ဒီလိုစွမ်းအင်စုပ်ယူမှုက သူတို့နှစ်ခုရောနှောမှု ကြာချိန်ကို သိသိသာသာ လျော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် ဒြပ်ဆွဲအက်တမ် အိုင်းယွန်းဖြစ်မှုက စုံတွဲတွင်းနက်နှစ်ခုကြားက အကွာအဝေးတစ်ခုမှာ ပိုပြီးကောင်းလာပြီး ဒါက ဒီလို ရောနှောမှုမျိုးကနေ ထွက်ပေါ်လာတဲ့ ဒြပ်ဆွဲလှိုင်းတွေမှာ ထင်ရှားတဲ့ အသွင်လက္ခဏာတွေကို ဖြစ်စေပါတယ်။ နောက်ပိုင်းဒြပ်ဆွဲလှိုင်းတိုင်းတာစက်တွေမှာ ဒီလိုသက်ရောက်မှု မျိုးကို ရှာတွေ့နိုင်ပါတယ်။ ဒီလိုဒြပ်ဆွဲအက်တမ်တွေကနေ ထွက်ပေါ်လာမယ့် ခန့်မှန်း ထားတဲ့ အသွင်လက္ခဏာတွေကို တွေ့ရှိခြင်းက အလွန်ပေါ့ပါးတဲ့အမှုန်အသစ်တွေ ရှိနေ ကြောင်း ထင်ရှားတဲ့သက်သေတစ်ခု ဖြစ်လာပါလိမ့်မယ်။

ကိုးကား

Detecting new particles around black holes with gravitational waves (phys.org)

Comments

Popular posts from this blog

နျူထရွန်ကြယ်များ တိုက်မိရာမှ မဂ္ဂနက်တာများ ဖြစ်ပေါ်လာခြင်းအတွက် သက်သေ အထောက်အထား။

နာဆာရဲ့ ကမ္ဘာဂြိုဟ်ကာကွယ်ရေး အစီအစဉ်အနေနဲ့ ပထမဆုံး စမ်းသပ်မှုကို ဒီးဒီးမို့စ် စုံတွဲဂြိုဟ်သိမ်ဂြိုဟ်မွှားစနစ်မှာ ယမန်နေ့က ပြုလုပ်ခဲ့ပါတယ်။

“Ingenuity” အမည်ရှိ မားစ်ဟယ်လီကော်ပတာသည် Perseverance Rover Land အား ကူညီပေးခဲ့သော ဂီယာအား ထောက်လှမ်းတွေ့ရှိခဲ့။