ပြင်ပဂြိုဟ်များ၏ လေထုအား အတန်းအစားခွဲခြားခြင်းက လေ့လာမှုနယ်ပယ်အသစ် တစ်ခု ဖြစ်လာ။

 


          နိုင်ငံတာကာသုတေသနပညာရှင်အဖွဲ့တစ်ဖွဲ့က ပြင်ပဂြိုဟ် ၂၅ လုံးရဲ့ ဒေတာတွေ ကို စစ်ဆေးခဲ့ပြီးနောက် သူတို့တွေရဲ့ လေထုဂုဏ်သတ္တိတွေကြားက အချို့ဆက်နွယ်မှု တွေကို တွေ့ရှိခဲ့ပါတယ်။ ဒီဆက်နွယ်မှုတွေထဲမှာတော့ လေထုထဲမှာရှိတဲ့ thermal profile နဲ့ ဓာတုပစ္စည်းပေါကြွယ်ဝမှုတို့လဲ ပါဝင်နေပါတယ်။

          ယခုဆိုရင် အတည်ပြုထားနိုင်တဲ့ ပြင်ပဂြိုဟ်စုစုပေါင်း ၃၀၀၀ ကျော်အထိ ရှိလာခဲ့ ပါပြီ။ ပြင်ပဂြိုဟ်ဆိုတာကတော့ နေမဟုတ်တဲ့ တခြားကြယ်တစ်ခုကို လှည့်ပတ်နေတဲ့ နေအဖွဲ့အစည်းပြင်ပက ဂြိုဟ်တွေဖြစ်ပါတယ်။ သူတို့ဟာ ကမ္ဘာကနေ အလွန်တရာ ဝေးကွာလှတာကြောင့် သူတို့ကို အသေးစိတ်လေ့လာဖို့ဆိုတာ မလွယ်ကွယ်ပါဘူး။ ပြင်ပ ဂြိုဟ်တစ်လုံးရဲ့ ဝိသေဿလက္ခာတွေကို ဆုံးဖြတ်နိုင်တာကိုက တကယ်ကို ကြီးကျယ်တဲ့ အောင်မြင်မှုတစ်ရပ်ဖြစ်ပါတယ်။

          ဒီသုတေသနမှာဆိုရင်တော့ မိခင်ကြယ်ကို အသီးသီးလှည့်ပတ်နေကြတဲ့ ပူပြင်းတဲ့ ဂျူပီတာ (hot Jupiter) ၂၅ လုံး ရဲ့ အောင်မြင်မှုရရှိထားတဲ့ ဒေတာတွေကို အသုံးပြုခဲ့ပါတယ်။ ဒီဒေတာထဲမှာဆိုရင် ဟယ်ဘယ်တယ်လီစကုပ်နဲ့ နာရီပေါင်း ၆၀၀ ကျော် စူးစမ်းလေ့လာမှု၊ စပစ်ဇာတယ်လီစကုပ်နဲ့ နာရီပေါင်း ၄၀၀ ကျော် စူးစမ်းလေ့လာမှု တို့ပါဝင် ပါတယ်။       

          အဖွဲ့က စူးစမ်းလေ့လာခဲ့တဲ့ ဝိသေဿလက္ခဏာတွေထဲမှာ “thermal inversion” ရှိ/ မရှိဆိုတဲ့ အချက်လဲပါဝင်ပါတယ်။ ဂြိုဟ်တွေရဲ့လေထုမှာ အပူကိုပိတ်လှောင်ထားနိုင်တာကြောင့် သင့်ရဲ့ စူးစမ်းစစ်ဆေးရေးယာဉ်ဟာ လေထုအတွင်းသို့ နက်နက်ရှိုင်းရှိုင်း ထိုးထွင်းဝင်ရောက်လာတာနဲ့အမျှ အပူချိန်မြင့်တက်လာတာဖြစ်ပါတယ်။ သို့သော်လည်း တချို့သော ဂြိုဟ်တွေမှာတော့ လေထုအပေါ်ပိုင်းဟာ အောက်ပိုင်းထက် အပူချိန်ပိုမြင့်နေတဲ့ thermal inversion လိုဖြစ်စဉ်မျိုးကို ပြသနေပါတယ်။ ကမ္ဘာပေါ်မှာဆိုရင်တော့ အိုဇုန်းလွှာတည်ရှိမှုဟာ thermal inversion ကို ဖြစ်စေပါတယ်။

           thermal inversion ဖြစ်စဉ်ဖြစ်တဲ့ ပူပြင်းတဲ့ဂျူပီတာအားလုံးနီးပါးဟာ ဟိုက်ဒြိုဂျင် အန်နီယွန် (H-) နဲ့ metallic species တွေဖြစ်တဲ့ တိုက်တေနီယမ်အောက်ဆိုဒ် (TiO)၊ ဗနေဒီယမ်အောက်ဆိုဒ် (vanadium oxide (VO)) သို့မဟုတ် အိုင်းယွန်းဟိုက်ဒြိုက် (FeH) တို့ရဲ့ အထောက်အထားတွေကို ပြသနေပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ ဒီဓာတုပစ္စည်း တွေမရှိတဲ့ ဂြိုဟ်တွေမှာတော့ thermal inversion မရှိတာကို ပြသနေတာ ဖြစ်ပါတယ်။ ဒီဆက်နွယ်မှုတစ်ခုလေးကိုကြည့်ပြီးတော့ ကောက်ချက်ဆွဲယူဖို့ရာတော့ ခက်ပါသေးတယ်။ သို့ပေမယ့် ဒီ metallic species တွေဟာ ကြယ်ရဲ့အလင်းရောက်ကိုစုပ်ယူပေးတာကြောင့် ဒီဓာတုပစ္စည်းတွေဟာ လေထုအပေါ်ပိုင်းမှာရှိရင် သူတို့က ကြယ်ရဲ့အလင်းရောင် ကို စုပ်ယူထားတာကြောင့် အပူချိန်မြင့်တက်စေတယ်လို့ သီအိုရီတစ်ခုက ဆိုထားပါတယ်။

          ဒီလေ့လာမှုမျာ ပူးတွဲစူးစမ်းလေ့လာတဲ့ Masahiro Ikoma က “ကျွန်တော့် ကျောင်းသားတွေနဲ့ ကျွန်တော်တင်ပြတဲ့ ဓာတ်ငွေ့ဂြိုဟ်ဖြစ်ပေါ်ပုံမော်ဒယ်က ပူပြင်းတဲ့ဂျူပီတာ ဂြိဟ်တွေရဲ့ လေထုဖွဲ့စည်းတည်ဆောက်ပုံပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားသွားပါတယ်။ ဒါ့ကြောင့် ဒီလေထုဝိသေဿလက္ခဏာတွေနဲ့ ပတ်သက်တဲ့ စနစ်ကျကျစစ်တမ်းကောက်ယူမှုအပေါ် တွန်းအားတစ်ခုဖြစ်စေနိုင်ပါတယ်။”

          အလားတူပြင်ပဂြိုဟ်လေထုတွေရဲ့ ပေါကြွယ်ဝမှုကို အတည်ပြုနိုင်မယ့် ဒီလေ့လာမှုအသစ်ဟာ သီအိုရီမော်ဒယ်တွေကို ပိုကောင်းလာစေပြီး ဂြိုဟ်ဖြစ်ပေါ်ပုံနဲ့ပတ်သက်ပြီး ပိုပြီးပြည့်ပြည့်စုံစုံနားလည်နိုင်ဖို့ ပိုပြီးနီးကပ်လာစေပါတယ်။ နောက်လာမယ့် ဆယ်စုနှစ်တွေမှာ James Web Telescope, Twinkle နဲ့ Ariel လိုမျိုး မျိုးဆက်သစ်တယ်လီစကုပ်တွေက ရရှိလာမယ့် ဒေတာတွေက ထောင်ပေါင်းများစွာသော ပြင်ပဂြိုဟ်တွေနဲ့ ပတ်သက်တဲ့ ဒေတာတွေကို ထောက်ပံ့ပေးနိုင်မှာဖြစ်ပြီး ယခု သုတေသမှာ လေ့လာတဲ့ နည်းလမ်းထက်သာလွန်တဲ့ ပြင်ပဂြိုဟ်အတန်းအစားခွဲမှု ကတ်တလောက် အသစ်တွေကို ရရှိစေနိုင်ပါလိမ့်မယ်။

ကိုးကား

 Classifying exoplanet atmospheres opens new field of study -- ScienceDaily

Comments

Popular posts from this blog

ရူပဗေဒပညာရှင်အချို့နဲ့ ဒဿနဗေဒပညာရှင်အချို့ရဲ့ အဆိုအရ အချိန်ဆိုတဲ့အရာမျိုး မရှိပါ။

နဂါးငွေ့တန်းဂလက်စီပြင်ပရှိ နျူထရီနိုထုတ်လုပ်သည့် အရင်းအမြစ်များ။

ဂလက်စီများအား ရေတွက်ခြင်းဖြင့် အထူးနှိုင်းရသီအိုရီအား လက်တွေ့အသုံးချခြင်း။