11-year solar cycle ၏ပြင်းအားကို ခန့်မှန်းနိုင်မည့် နည်းလမ်းသစ်တစ်ခု။
သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က 11-year solar cycle ရဲ့ပြင်းအားကို
ခန့်မှန်းနိုင်မယ့် နည်းလမ်းအသစ်တစ်ခုကို တင်ပြခဲ့ကြပါတယ်။ ဒီကရလာတဲ့ ရလဒ်တွေဟာ အာကာသယာဉ်မှူးတွေ၊ လေယာဉ်မှူးတွေနဲ့ ကမ္ဘာပေါ်နဲ့ အာကာသအတွင်းမှာရှိတဲ့ ခေတ်မီ နည်းစနစ်တွေအပေါ်
သက်ရောက်နိုင်မယ့် အာကာသရာသီဥတုတွေကို နားလည်နိုင်ဖို့ အတွက် အရေးကြီးပါတယ်။
နေဟာ အာကာသယာဉ်မှူးတွေ၊ ကမ္ဘာပေါ်နဲ့ အာကာသအတွင်းမှာရှိတဲ့ ခေတ်မီ
နည်းစနစ်တွေကို သက်ရောက်နိုင်တဲ့ ပြင်းထန်တဲ့ ပေါက်ကွဲပေါက်မှုတွေရဲ့ အရင်းအမြစ် ကြီးတစ်ခု
ဖြစ်ပါတယ်။ ၁၇ ရာစုအစပိုင်းလောက်မှာ ဂယ်လီလီယိုက သူ့ရဲ့တယ်လီစကုပ် ကို နေဘက်လှည့်ကြည့်ချိန်က
စပြီး sunspots (နေပြောက်) တွေကို တွေ့ရှိခဲ့တာ ဖြစ်ပါ တယ်။ ၁၉ ရာစုရောက်တဲ့အချိန်မှာတော့
ဒီ sunspots တွေဟာ အချိန်မှန်မှန် (ပျမ်းမျှအား ဖြင့် ၁၁ နှစ်) ပေါ်လိုက် ပျောက်လိုက်ဖြစ်နေတယ်ဆိုတာကို
ရှင်းရှင်းလင်းလင်း သိလာ ခဲ့ကြပါတယ်။ အခုဆိုရင်တော့ sunspots တွေကို ကမ္ဘာတစ်ဝှမ်းလုံးက
နက္ခတ်ကြည့် မျှော်စင်ပေါင်း ၈၀ ကျော်ကနေ အဆက်မပြတ် စောင့်ကြည့်နေပြီး သုတေသီတွေအနေနဲ့
လဲ ရာစုနှစ်လေးခုကြာ sunspots မှတ်တမ်းတွေကို စုစည်းနိုင်ခဲ့ပါပြီ။ ဒါဟာ လူ့သမိုင်းမှာ
အရှည်ကြာဆုံး သိပ္ပံဆိုင်ရာစမ်းသပ်ချက်တစ်ခု ဖြစ်ပါတယ်။
Sunspots တွေဟာ နေရဲ့အတွင်းပိုင်းကနေ မျက်နှာပြင်ကို ထိုးထွက်လာတဲ့
ပြင်းထန်တဲ့ သံလိုက်စက်ကွင်းတွေရဲ့ သရုပ်ပြပုံတွေ ဖြစ်ပါတယ်။ နေဒြပ်သားတွေကို သယ်ဆောင်လာတဲ့
သံလိုက်ပြွန်တွေဟာ sunspot တစ်ခုကနေ ထွက်ပေါ်လာနိုင်ပြီး ဧရာမကွင်းကြီးတစ်ခု ဖြစ်လာကာ
နောက်ထပ် sunspot တစ်ခုကနေ နေရဲ့မျက်နှာပြင် ထဲကို ပြန်လည်ဝင်ရောက်သွားပါတယ်။ ဒါ့ကြောင့်
sunspots တွေဟာ အတွဲလိုက်လာ ကြပြီး သံလိုက်တွေလိုမျိုးပဲ ဆန့်ကျင်ဘက်ဓာတ်ရှိကာ တစ်ခုက
အပေါင်းဓာတ်ဆောင်ရင် တစ်ခုက အနုတ်ဓာတ်ဆောင်ပါတယ်။ ဒီကွင်းတွေထဲမှာ လွတ်လပ်တဲ့ သံလိုက်စွမ်းအင် တွေစုစည်းနေပြီး ရုတ်တရက်လွတ်ထွက်လာနိုင်ပါတယ်။
ဥပမာအားဖြင့် မီးတောက် (flare) တစ်ခု သို့မဟုတ် plasma ejection တစ်ခုအဖြစ်ပေါ့။
မိနစ်ပိုင်းအတွင်းမှာ flare တစ်ခုဟာ ကမ္ဘာပေါ်မှာ တစ်နှစ်တာလုံး
လျှပ်စစ် စက်ရုံတွေအားလုံး ထုတ်လုပ်နိုင်တာရဲ့ အဆပေါင်း ၁ သိန်းကျော် စွမ်းအင်ကို ထုတ်လွှတ်နိုင်ပါတယ်။
flare က လာတဲ့အလင်းဟာ ကမ္ဘာကို ရှစ်မိနစ်အတွင်းရောက်ရှိပြီး ကမ္ဘာရဲ့ ထူထပ်သိပ်သည်းတဲ့
လေထုဟာ flare ရဲ့ အန္တရာယ်ရှိတဲ့ ဓာတ်ရောင်ခြည်ကို စုပ်ယူပေးထားကာ ကမ္ဘာမျက်နှာပြင်ပေါ်က
သက်ရှိတွေကို ကာကွယ်ပေးထားပါတယ်။ သို့သော်လည်း ဒါဟာ အလုံစုံတော့မဟုတ်ပါ။ ရေဒီယိုဆက်သွယ်ရေးစနစ်နဲ့
GPS တွေဟာ အနည်းနဲ့အများတော့ သက်ရောက်ခြင်းခံရပါတယ်။ ဥပမာအားဖြင့် ၂၀၁၅ ခုနှစ်လောက် တုန်းက ဆွီဒင်နိုင်ငံက
လေယာဉ်ပျံတွေဟာ solar flare တစ်ခုကြောင့် rador ပေါ်ကနေ ပျောက်သွားခဲ့ပါတယ်။
နေမှာဒီလိုပြင်းထန်တဲ့ မုန်တိုင်းတွေ ဖြစ်နေချိန်ဆို လေကြောင်းလိုင်းတွေဟာ
ဝင်ရိုးစွန်းတစ်လျှောက် လေယာဉ်ပျံသန်းမှုတွေကို ဖျက်ချပစ်ရပါတယ်။ ဘာကြောင့်လဲဆို တော့
ဒီလိုမုန်တိုင်းထန်နေချိန်မှာ ရေဒီယိုဆက်သွယ်ရေးတွေ မရနိုင်တာကြောင့်ပါ။ တစ်ခါတစ်ရံ
flare တစ်ခု ဖြစ်ပေါ်ပြီးနောက်မှာ နေရဲ့ကိုရိုနာကနေ ပလပ်စမာတိမ်တိုက် တစ်ခုကို ထုတ်လွှတ်ပြီး
အာကာသအတွင်း ပစ်လွှတ်လိုက်ပါတယ်။ ဒီလိုမျိုး coronal mass ejection (တန်ပေါင်း ဘီလီယံရှိတဲ့
ဧရာမ သံလိုက်စက်ကွင်းပူဖောင်းကြီး) ဟာ နေကနေ ခပ်မြန်မြန် ပြန့်ကားထွက်သွားပြီး အကယ်လို့သာ
ကမ္ဘာ့ပတ်လမ်းနဲ့ သွားညှိနေ မယ်ဆိုရင်တော့ ကမ္ဘာကို လာရောက်ထိမှန်နိုင်ပါတယ်။ ဒါက နေကြီးစိတ်တိုလာချိန်မှာ
ကမ္ဘာကို ဘယ်လိုသက်ရောက်နိုင်သလဲဆိုတာပဲ။
“လောလောဆယ်မှာတော့ solar cycle အသစ်ရဲ့ rising phase တစ်ခုကို
ရောက်လာပြီး နေပေါ်မှာ sunspot တွေ ဘယ်လိုထပ်ထပ်ပြီး ပေါ်လာသလဲဆိုတာကို စောင့်ကြည့်
နေကြပါတယ်။ sunspot တွေ ထပ်ထပ်များလာတာက solar storms တွေ၊ flares တွေနဲ့ coronal
mass ejection တွေ ပိုပြီး ဖြစ်လာနိုင်တယ်လို့ ဆိုလိုပါတယ်။ မကြာသေးခင်ကဆိုရင် Space
X က အီလွန်မက်စ်ရဲ့ စတားလင့်အင်တာနက်ပရောဂျက်ရဲ့ တစ်စိတ်တစ်ဒေသအဖြစ် ဂြိုဟ်တုစုစုပေါင်း
၄၉ ခုလွှတ်တင်ခဲ့ပါတယ်။ သို့သော်လည်း ကံဆိုးစွာနဲ့ပဲ အများစုဟာ ပျောက်ဆုံးသွားခဲ့ပြီး
လိုရာပတ်လမ်းကြောင်းကို မရောက်နိုင်ခဲ့ ပါဘူး။ ဒီဆုံးရှုံးမှုက အမေရိကန်ဒေါ်လာ သန်း
၅၀ လောက်ကုန်ကျခဲ့ပြီး solar flare တစ်ခု ကြောင့် ဖြစ်ခဲ့တာပါ။ ဒါ့ကြောင့် solar activity
တွေကို ခန့်မှန်းခြင်းက ဂြိုဟ်တုလွှတ်တင် မှုတွေ၊ ကာလရှည်ကြာမယ့် အာကာသမစ်ရှင်တွေအတွက်
အစီအစဉ်ရေးဆွဲတဲ့အခါမျိုးနဲ့ လေယာဉ်ပျံသန်းမှုတွေမှာ ထိတွေ့နိုင်မယ့် radiation ခန့်မှန်းမှုတွေနဲ့
တခြားသော space weather applications တွေအတွက် အလွန်အဖိုးတန်တာ ဖြစ်ပါတယ်။” လို့ စာတမ်းဦး
ဆောင်ရေးသားသူ Skoltech က ဆိုပါတယ်။
မကြာသေးခင်က လေ့လာမှုတစ်ခုမှာတော့ စာတမ်းရေးသားသူတွေဟာ 11-year
solar cycle ရဲ့ ပြင်းအားကို ခန့်မှန်းနိုင်မယ့် နည်းလမ်းသစ်တစ်ခုကို တင်ပြခဲ့ပါတယ်။
အဖွဲ့ က solar cycle ရဲ့ ascending phase မှာ sunspots ဖြစ်ပေါ်နှုန်း အမြင့်ဆုံးဖြစ်တာက
solar cycle ရဲ့ amplitude အတွက် ထိရောက်တဲ့ ကြိုတင်သိမြင်မှုတစ်ခု ဖြစ်ကြောင်း ပြသခဲ့ပါတယ်။
အရင်တုန်းကလိုမျိုး တစ်ခုလုံးစာအတွက် မဟုတ်ဘဲ တစ်ခြမ်းချင်းစီကနေ ရရှိထားတဲ့ဒေတာတွေကြောင့်
solar cycle amplitudes တွေကို ခန့်မှန်းရာမှာ ပိုပြီး တိကျ မှုရှိလာပါပြီ။
“နေရဲ့သံလိုက်စက်ကွင်းဟာ 11-year solar cycle နဲ့ တခြားသော စွမ်းအင်မြင့်
ပေါက်ကွဲမှုကို ဖြစ်စေတဲ့ အရာဖြစ်ပါတယ်။ ကျွန်တော်တို့ လေ့လာမှုကနေပြီးတော့ တစ်ခြမ်စီမှာ
ရရှိထားတဲ့ sunspots ဒေတာတွေကို အသုံးပြုပြီးတော့ ပိုပြီးတိကျတဲ့ ခန့်မှန်း ချက်တွေ
ပြုလုပ်နိုင်မယ်ဆိုတာ လေ့လာခဲ့ရပါတယ်။” လို့ စာတမ်းတွဲဖက်ရေးသားသူ Astrid Veroning
က ဆိုပါတယ်။
“ဒီလေ့လာမှုက solar cycle ဆင့်ကဲပြောင်းလဲမှုကို တိတိကျကျ ကြိုတင်သိနိုင်အောင်
ခွင့်ပြုထားပြီး ပြင်းထန်တဲ့ ရာသီဥတုတွေ ဖြစ်ခဲ့ရင် ကြိုတင်ကာ ကွယ်နိုင်အောင် ပြင်ဆင်နိုင်ခွင့်ရထားပါတယ်။”
လို့ Ph. D ကျောင်းသားတစ်ယောက်လဲ ဖြစ် စာတမ်းတွဲဖက်ရေးသားသူလဲဖြစ်တဲ့ Shantanu က ထောက်ပြပါတယ်။
ကိုးကား
A new
method for predicting the 11-year solar cycle strength (phys.org)
Comments
Post a Comment