ထိုင်းနိုင်ငံရှိ ကမ္ဘာ့အကြီးဆုံးရေ၊ နေ စွမ်းအင်နှစ်မျိုးစပ် ပရောဂျက်။
ဆိုလာပရောဂျက်ဆိုတာအားလုံးရင်းနှီးပြီးဖြစ်သလို ရေအားလျှပ်စစ်ဆိုတာလည်း ကျွန်တော်တို့နဲ့ ရင်းနှီးပြီးသား စွမ်းအင်သုံးစွဲမှုတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်ခုဟာ သီးခြားတည်ရှိခဲ့ပြီး ကြီးကြီးမားမား ပေါင်းစပ် ဖွဲ့စည်း လုပ်ကိုင်ခဲ့တာမျိုး မရှိခဲ့ပါဘူး။
အခုဆိုရင်တော့ ပထမဆုံးအနေနဲ့ ထိုင်းနိုင်ငံကနေပြီးတော့ ကမ္ဘာ့အကြီးဆုံး နှစ်မျိုးရောပရောဂျက်တစ်ခုကို စတင်လုပ်ကိုင်နေပြီဖြစ်ပါတယ်။ ဒီပရောဂျက်ကိုတော့ ထိုင်းနိုင်ငံ လမ်ဒွန်နွိုင်းမြစ်အတွင်းမှာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုဌာနမှ ဒီပရောဂျက်ကနေ ၄၅ မီဂါဝပ်ထုတ်လုပ်နိုင်ပြီး ဖန်လုံအိမ်အာနိသင်ထုတ်လွှတ်မှုကို တစ်နှစ်မှာ ၄၇၀၀၀ တန်လောက်လျော့ချနိုင်လိ့မ်မယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ဒီပရောဂျက်ဟာ ကမ္ဘာကြီး ပူနွေးမှုကို ထိန်းသိမ်းပေးနိုင်ဦးမှာလည်း ဖြစ်ပါတယ်။
ကမ္ဘာ့အကြီးဆုံး ဒီနှစ်မျိုးစပ်ပရောဂျက်မှာဆိုရင် ဆိုလားပြားတွေကို ရေလှောင်ကန်ကြီးတစ်ခုလုံးရဲ့ ၁ ရာခိုင်နှုန်းသာ ရေမျက်နှာပြင်ပေါ်မှာ တပ်ဆင်ထားပါတယ်။ ဒါက အနီးစပ်ဆုံးဆိုရရင် ဘောလုံးကွင်း ကွင်း ၇၀ စာလောက်ရှိပါတယ်။ ဆိုလာပြားတွေနဲ့ ပလတ်ဖောင်းကြားမှာ ထောင့်အနေအထားနဲ့ space ထားပြီး တပ်ဆင်ထားတဲ့အတွက် နေရောင်ခြည်ဟာ ရေမျက်နှာပြင်ကို ထိုးဖောက်ဝင်ရောက်နိုင်မှာဖြစ်တာကြောင့် ရေအောက်ဂေဟစနစ်ထိခိုက်မှုမှ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဆိုလာပြားတွေကို ရေမျက်နှာပြင်မှာ ထားထားခြင်းက ဆိုလားပြားတွေရဲ့ အပူချိန်မြင့်တက်မှုကိုလည်း လျော့ချပေးနိုင်ပြီး မြေပြင်မှာတပ်ဆင်တာထက် efficiency ၁၀ ကနေ ၁၅ ရာခိုင်နှုန်းအထိ ပိုတက်လာပါတယ်။ ဒါ့အပြင် ဒါက နေရောင်ခြည်ကြောင့် ရေငွေ့ပျံမှုကိုလည်း လျော့ချပေးနိုင်တာ ဖြစ်တဲ့အတွက် တစ်နှစ်ကို တစ်ကုဗမီတာ ၄၆၀၀၀၀ လောက် ရေဆုံးရှုံးမှုကို တားဆီးပေးနိုင်ပါတယ်။ ဒီဆိုလာပြားတွေနဲ့ ရေထဲမျောနေတဲ့ ပလတ်ဖောင်းတွေအားလုံးဟာ eco-family ဖြစ်တာကြောင့် ရေအောက်ကမ္ဘာလောကကိုလည်း ဘာအနှောက်အယှက်မှ ပေးမှာ မဟုတ်ပါဘူး။
ဆိုလာပြား ၁၄၅၀၀၀ ကျော်ကို eco-family ဖြစ်တဲ့ ပစ္စည်းတွေနဲ့ တည်ဆောက်ထားတာ ဖြစ်တဲ့အတွက် ဒေါ်လာ ၃၄ သန်းကုန်ကျခဲ့ပြီး National Grid ကို ၄၅ မီဂါဝပ်လောက် ပေးပို့ပေးနိုင်ပါလိမ့်မယ်။ စိတ်ဝင်စားဖို့ကောင်းတာကတော့ နေ့အချိန်မှာ ဆိုလာပါဝါ၊ ညအချိန်မှာတော့ ရှိနေတဲ့ဆည်ကြီးကနေ ဟိုက်ဒြိုပါဝါတို့ကို ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီစနစ်ကြီးကိုတော့ Energy Management System (EMS) က ထိန်းချုပ်၊ စီစဉ်နေတာ ဖြစ်ပါတယ်။
ကိုးကား
https://www.bloombergquint.com/business/world-s-largest-hydro-floating-solar-farm-goes-live-in-thailand#:~:text=The%20facility%20in%20Sirindhorn%20reservoir,Electricity%20Generating%20Authority%20of%20Thailand.


Comments
Post a Comment