ဂြိုဟ်ဖြစ်ပေါ်ပုံမော်ဒယ်အား ပြောင်းလဲသွားစေနိုင်သော ဂြိုဟ်သန္ဓေလောင်းတစ်ခုအား ဟယ်ဘယ်မှတွေ့ရှိ။

 


    နာဆာရဲ့ ဟယ်ဘယ်တယ်လီစကုပ်က ခက်ထန်ကြမ်းတမ်းသော ဖြစ်စဉ်လို့ သုတေ သီတွေဆိုတဲ့ အဆင့်တစ်ခုကို ဖြတ်သန်းနေတဲ့ ဂျူပီတာလိုဂြိုဟ်သန္ဓေလောင်းတစ်ခုရဲ့ သက်သေအထောက်အထားအား တိုက်ရိုက်ဓာတ်ပုံရိုက်ကူးနိုင်ခဲ့ပါတယ်။ ဒီတွေ့ရှိမှုက ဂျူပီတာလိုမျိုး ဂြိုဟ်တွေဟာ “ချပ်ပြားမတည်ငြိမ်မှု” ကြောင့် ဘယ်လိုဖြစ်လာနိုင် သလဲဆိုတဲ့ ကာလရှည်ကြာြငင်းခုန်ဆွေးနွေးခဲ့တဲ့ သီအိုရီကို ထောက်ခံပေးနေပါတယ်။  

          ဒီကမ္ဘာသစ်ဟာဆိုရင် လောလောဆယ်အခြေအနေမှာတော့ ပုံဖော်ဆဲအဆင့်မှာ ရှိ နေတာဖြစ်ပြီး သက်တမ်းနုကြယ်ကြီးရဲ့ ပတ်ပတ်လည်က သက်တမ်း ၂ သန်းသာရှိသေး တဲ့ ခရုပတ်ပုံလည်ပတ်နေတဲ့ အမှုန်တိမ်တိုက်ချပ်ပြားကြီးအတွင်းမှာ နစ်မြုပ်နေပါတယ်။ ဒီအချိန်ဟာ နေအဖွဲ့အစည်းအတွင်းမှာ ဂြိုဟ်တွေစတင်ဖြစ်ပေါ်ချိန်လောက်ပဲ ဖြစ်ပါတယ်။ ယခုလက်ရှိမှာတော့ နေအဖွဲ့အစည်းရဲ့သက်တမ်းဟာ ၄.၆ ဘီလီယံ ရှိပါပြီ။

          “သဘာဝကြီးက အမြင်ရှိတဲ့ပုံရပြီး နည်းလမ်းအမျိုးမျိုးနဲ့ ဂြိုဟ်တွေကို ထုတ်လုပ် ပေးနိုင်တယ်။” ဟု Thayne Currie က ဆိုပါတယ်။

          ဂြိုဟ်တွေအားလုံးဟာ စက်ဝိုင်းပုံဖုန်မှုန့်ချပ်ပြားကြီးရဲ့ ဒြပ်ပစ္စည်းတွေကနေ ပြုလုပ် ထားတာဖြစ်ပါတယ်။ ဂျူပီတာဂြိုဟ်လိုမျိုးဂြိုဟ်တွေ ဖြစ်ပေါ်ပုံအတွက် လက်ရှိစိုးမိုးနေတဲ့ သီအိုရီကတော့ “အူတိုင်စုပုံခြင်း (core accretion)” ဖြစ်ပါတယ်။ ဒီမော်ဒယ်မှာဆိုရင် တော့ ဖုန်မှုန့်ချပ်ပြားကြီးထဲက ကျောက်ခဲလေးတွေတစ်ခုနဲ့တစ်ခုစုပုံမယ်။ ဒီကောင်လေး တွေက နောက်ထပ်ကျောက်ခဲတွေနဲ့ စုပုံမယ်။ နောက်ဆုံး ကမ္ဘာလောက် အရွယ်အစား လောက်အထိ စုပုံသွားကြတယ်လို့ ဆိုပါတယ်။ ဒီဖြစ်ပေါ်လာတဲ့အူတိုင်ကြီးဟာ ချပ်ပြား  ကြီးအတွင်းက ဓာတ်ငွေ့တွေကို ဖြည်းဖြည်းချင်း ဆွဲယူပါတယ်။ ချပ်ပြားမတည်ငြိမ်မှု မော်ဒယ်မှာတော့ ဓာတ်ငွေ့ချပ်ပြားကြီးဟာ အေးမြသွားပြီး ဒြပ်ဆွဲအားက ဒီချပ်ပြား ကြီးကို အပိုင်းအပိုင်းတွေအဖြစ် ခွဲထုတ်ပစ်လိုက်တယ်လို့ ဆိုပါတယ်။


          အခုတွေ့ရှိထားတဲ့ AB Aurigae b လို့ခေါ်တဲ့ အသစ်ဖြစ်ပေါ်စဂြိုဟ်ဟာ ဂျူပီတာ ဒြပ်ထု ကိုးဆကျော်လောက်ရှိပြီး သူ့ရဲ့မိခင်ကြယ်ကို ၈.၆ ဘီလီယံအကွာလောက်ကနေ လှည့်ပတ်နေပါတယ်။ ဒီလောက်အကွာအဝေးမှာဆိုရင် ဂျူပီတာလိုမျိုး ဂြိုဟ်လေးတောင် အူတိုင်စုပုံမှုမော်ဒယ်နဲ့ ဖြစ်ပေါ်ဖို့ အချိန်အတော်ကြာယူရပါလိမ့်မယ်။ ဒါ့ကြောင့် သုတေသီ တွေက ဒီဂြိုဟ်ဟာ ချပ်ပြားမတည်ငြိမ်မှုနည်းလမ်းနဲ့သာ ဖြစ်လာနိုင်တယ်လို့ ကောက် ချက်ချရခြင်း ဖြစ်ပါတယ်။ ဒီလိုဆိုရင်တော့ အများလက်ခံထားတဲ့ သီအိုရီနဲ့ ဒါက ဖြောင့် ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။

          “ဒီစနစ်ကို အဓိပ္ပါယ်ဖော်ဆောင်ရတာက စိန်ခေါ်မှုတစ်ရပ်ပါပဲ။” လို့ ကျူရီက ဆိုပါတယ်။ “ဒါကပဲ ဒီပရောဂျက်မှာ ဟယ်ဘယ်ကိုဘာကြောင့်လိုအပ်သလဲဆိုတာ အတွက် အကြောင်းအရင်းတွေထဲက တစ်ခုပေါ့။ ချပ်ပြားနဲ့ တခြားဂြိုဟ်တွေကနေ အလင်းကို ခွဲထုတ်ပြီး ရှင်းရှင်းလင်းလင်းပုံရိပ်ကို ရခဲ့ပါတယ်။”   

          “အခုအသစ်တွေ့ရှိမှုက တချို့သော ဓာတ်ငွေ့ဂြိုဟ်ကြီးတွေဟာ ချပ်ပြားမတည်ငြိမ် မှု မော်ဒယ်အားဖြင့် ဖြစ်ပေါ်လာနိုင်တယ်ဆိုတာအတွက် ခိုင်မာတဲ့သက်သေတစ်ခု ဖြစ်ပါ တယ်။” ဟု အလန်ဘော့စ်ကဆိုပါတယ်။ “နောက်ဆုံးမှာတော့ အဓိကဇာတ်ကောင်က ဒြပ်ဆွဲအားပါပဲ။ ကြယ်ဖြစ်ပေါ်တုန်းက ကျန်ရစ်ခဲ့တဲ့ အကြွင်းအကျန်တွေကို ဒြပ်ဆွဲအားက ဆွဲယူပြီး တစ်နည်းသို့မဟုတ် တစ်နည်းနဲ့ ဂြိုဟ်တွေဖြစ်ပေါ်စေတာ မဟုတ်ပါလား။”

          ဂျူပီတာလိုမျိုးဂြိုဟ်တွေရဲ့ အစောပိုင်းကာလတွေကို နားလည်သဘောပေါက် ခြင်းက ကျွန်တော်တို့ နေအဖွဲ့အစည်းရဲ့သမိုင်းကြောင်းနဲ့ပတ်သက်ပြီး ထိုးထွင်းသိမြင်မှု အချို့ကို ထောက်ပံ့ပေးနိုင်ပါတယ်။

ကိုးကား

https://phys.org/news/2022-04-prenatal-protoplanet-upends-planet-formation.html

တယ်လီဂရမ်ချန်နယ်   


Comments

Popular posts from this blog

နျူထရွန်ကြယ်များ တိုက်မိရာမှ မဂ္ဂနက်တာများ ဖြစ်ပေါ်လာခြင်းအတွက် သက်သေ အထောက်အထား။

နာဆာရဲ့ ကမ္ဘာဂြိုဟ်ကာကွယ်ရေး အစီအစဉ်အနေနဲ့ ပထမဆုံး စမ်းသပ်မှုကို ဒီးဒီးမို့စ် စုံတွဲဂြိုဟ်သိမ်ဂြိုဟ်မွှားစနစ်မှာ ယမန်နေ့က ပြုလုပ်ခဲ့ပါတယ်။

“Ingenuity” အမည်ရှိ မားစ်ဟယ်လီကော်ပတာသည် Perseverance Rover Land အား ကူညီပေးခဲ့သော ဂီယာအား ထောက်လှမ်းတွေ့ရှိခဲ့။