နပ်ကျွန်းဂြိုဟ်ပေါ်ရှိ အံ့အားသင့်ဖွယ်အပူချိန်ပြောင်းလဲမှုများအား နက္ခတ္တဗေဒပညာရှင် များ ဖမ်းယူနိုင်ခဲ့။


          နက္ခတ္တဗေဒပညာရှင်အဖွဲ့တစ်ဖွဲ့ဟာ မြေပြင်အခြေစိုက်တယ်လီစကုပ်တွေကို အသုံးပြုပြီးတော့ နပ်ကျွန်းဂြိုဟ်တစ်ခုလုံးအတွက် အပူချိန်ပြောင်းလဲမှုတွေကို ၁၇ နှစ်ကြာ လေ့လာခဲ့ကြပါတယ်။ တောင်ဝင်ရိုးစွန်းမှာ ရုတ်တရက်ပူနွေးမှုနှင့်အတူ နပ်ကျွန်းဂြိုဟ် တစ်ခုလုံးအပူချိန်ရုတ်တရုတ်ကျဆင်းမှုကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ကြပါတယ်။

          “ဒီလိုပြောင်းလဲပုံမျိုးကို လုံးဝမျှော်လင့်မထားပါဘူး။” လို့ စာတမ်းဦးဆောင်ရေး သားသူ မစ်ချယ်ရိုမန်ကဆိုပါတယ်။ “နပ်ကျွန်းရဲ့ တောင်ဘက်ခြမ်းနွေဦးအချိန်ကို လေ့လာ စောင့်ကြည့်နေချိန်ကစလို့ အေးလာရမှာမဟုတ်ဘဲ ပိုပြီးပူနွေးလာရမှာလို့ ကျွန်မတို့ မျှော် လင့်ထားတာ ဖြစ်ပါတယ်။

          ကမ္ဘာလိုပဲ နပ်ကျွန်းဂြိုဟ်ဟာလည်း နေကိုလှည့်ပတ်နေတာကြောင့် ဥတုရာသီများ ဖြစ်ပေါ်တည်ရှိနေပါတယ်။ သို့ပေမယ့် နပ်ကျွန်းဟာ နေကို ကမ္ဘာနှစ် ၁၆၅ နှစ်တစ်ကြိမ် လှည့်ပတ်နေတာကြောင့် သူ့ရဲ့ရာသီတစ်ခုဟာ နှစ်ပေါင်း ၄၀ လောက်ကြာမြင့်တတ်ပါ တယ်။ နပ်ကျွန်းဂြိုဟ်ရဲ့ တောင်ဘက်ခြမ်းမှာ ၂၀၀၅ ခုနှစ်တည်းကစပြီး နွေရာသီ အချိန် ကာလဖြစ်နေခဲ့တာပါ။ ဒါ့ကြောင့် နက္ခတ္တဗေဒပညာရှင်တွေအနေနဲ့ နွေရာသီတစ်လျှောက် အပူချိန်ဘယ်လိုပြောင်းလဲသလဲဆိုတာကို ကြည့်ချင်နေကြပါတယ်။

          နက္ခတ္တဗေဒပညာရှင်တွေဟာ အချိန် ၁၇ နှစ်ကြာ ဖမ်းယူရရှိခဲ့တဲ့ နပ်ကျွန်းဂြိုဟ်ရဲ့ အနီအောက်ရောင်ခြည်ပုံရိပ် ၁၀၀ နီးပါးကို ကြည့်ခဲ့ကြပါတယ်။

          ဒီဒေတာတွေကနေပြီးတော့ တောင်ဘက်ခြမ်းမှာ နွေရာသီဖြစ်နေလင့်ကစား ဂြိုဟ်ကြီးတ်စခုလုံးဟာ ဆယ်စုနှစ်နှစ်ခုကျော်လောက် တဖြည်းဖြည်းပိုပြီးအေးလာတာကို ပြသနေခဲ့ပါတယ်။ နပ်ကျွန်းဂြိုဟ်တစ်ခုလုံးရဲ့ ပျမ်းမျှအပူချိန်ကျဆင်းမှုဟာ ၂၀၀၃ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်ကြားမှာ ၈ ဒီဂရီဆဲလ်စီးယပ်စ်လောက် ရှိနေပါတယ်။

          တခြားတစ်ဖက်မှာတော့ ဆယ်စုနှစ်နှစ်ခုကာလအတွင်း တောင်ဝင်ရိုးစွန်းမှာ ရုတ်တရက်အပူချိန်မြင့်တက်လာမှုကြောင့် နက္ခတ္တဗေဒပညာရှင်များ အံ့ဩရပြန်ပါတယ်။ ၂၀၀၃ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်ကြားမှာ အပူချိန် ၁၁ ဒီဂရီလောက် မြင့်တက်လာတာကို တွေ့ရ ပါတယ်။ နပ်ကျွန်းရဲ့ တောင်ဝင်ရိုးစွန်းပူနွေးမှုကို အချိန်အတော်ကြာကပင် သိရှိခဲ့ကြပေ မယ့် ဒီလိုအလျင်အမြန်ပူနွေးမှုမျိုးကိုတော့ တစ်ခါမှမမြင်ဖူးခဲ့ပါဘူး။

          “ကျွန်တော်တို့ ဒေတာတွေက နပ်ကျွန်းရာသီတစ်ခုရဲ့ တစ်ဝက်စာလောက်ပဲ ရှိပါ သေးတယ်။” စာတမ်းတွဲဖက်ရေးသားသူဖြစ်တဲ့ ဂလန်အော်တွန်က ဆိုပါတယ်။


          အဖွဲ့က နပ်ကျွန်းဂြိုဟ်ရဲ့ အပူချိန်ကို အပူကင်မရာတွေသုံးပြီး တိုင်းတာခဲ့ကြပါ တယ်။ သရုပ်ခွဲစိစစ်နိုင်ရန်အတွက် အဖွဲ့က ဆယ်စုနှစ်နှစ်ခုကြာ စုဆောင်းရရှိထားတဲ့ နပ်ကျွန်းပုံရိပ်အားလုံးကိုပေါင်းစပ်ခဲ့ပါတယ်။ နောက်တော့ သူတို့က စထရာတိုစဖီးယားလို့ ခေါ်တဲ့ နပ်ကျွန်းရဲ့လေထုအလွှာကလာတဲ့ အနီအောက်ရောင်ခြည်ကို လေ့လာစစ်ဆေးခဲ့ ပါတယ်။ ဒီအချက်အလက်တွေအားလုံးက တောင်ဘက်ခြမ်းနွေရာသီ အပိုင်းရှိ နပ်ကျွန်း အပူချိန်နဲ့ ပြောင်းလဲပုံတစ်ခုလုံးကို တည်ဆောက်နိုင်ဖို့ ခွင့်ပြုပေးခဲ့ပါတယ်။

          နပ်ကျွန်းဟာ နေကနေ ၄.၅ ဘီလီယံ ကီလိုမီတာဝေးကွာတာကြောင့် အလွန်အေးမြ တဲ့ ဒေသတစ်ခုဖြစ်ပြီး ဂြိုဟ်ရဲ့ပျမ်းမျှအပူချိန်ဟာ -၂၂၀ ဒီဂရီရှိပါတယ်။ ဒါ့ကြောင့် သူ့ရဲ့ အပူချိန်ကို ကမ္ဘာကတိုင်းနိုင်ဖို့ရာ လွယ်ကူတဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ “ဒီလို လေ့လာမှုမျိုးဟာ အလွန်အာရုံခံနိုင်စွမ်းကောင်းတဲ့ ကြီးမားတဲ့တယ်လီစကုပ်တွေက ရတဲ့ အနီအောက်ရောင်ခြည်ပုံရိပ်တွေနဲ့သာဖြစ်နိုင်ပါတယ်။” လို့ စာတမ်းတွဲဖက်ရေးသားသူ လိုက်ချ်ဖလက်ရှ်တာက ဆိုပါတယ်။

          နပ်ကျွန်းအပူချိန်ပြောင်းလဲပုံဟာ လုံးဝမမျှော်လင့်ထားတဲ့ ကိစ္စဖြစ်တာကြောင့် နက္ခတ္တဗေဒပညာရှင်တွေဟာ ဒါကိုဘာကဖြစ်စေခဲ့သလဲဆိုတာကို မသိသေးပါဘူး။ ဒါက နပ်ကျွန်းရဲ့ စထရိုတိုစဖီးယားမှာရှိတဲ့ ဓာတုဗေဒဖြစ်စဉ်တွေ သို့မဟုတ် ကျပန်းရာသီဥတု ပုံစံတွေကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ဒီအကြောင်းအရင်းကို သိနိုင်ဖို့အတွက်ဆိုရင် နောက်ပိုင်းလေ့လာမှုတွေကို လိုအပ်ပါဦးမယ်။

   Voyager 2 မှ ရိုက်ကူးထားသော နပ်ကျွန်းပုံရိပ် 

ကိုးကား

https://phys.org/news/2022-04-astronomers-capture-neptune-temperatures.html

             

Comments

Popular posts from this blog

နျူထရွန်ကြယ်များ တိုက်မိရာမှ မဂ္ဂနက်တာများ ဖြစ်ပေါ်လာခြင်းအတွက် သက်သေ အထောက်အထား။

နာဆာရဲ့ ကမ္ဘာဂြိုဟ်ကာကွယ်ရေး အစီအစဉ်အနေနဲ့ ပထမဆုံး စမ်းသပ်မှုကို ဒီးဒီးမို့စ် စုံတွဲဂြိုဟ်သိမ်ဂြိုဟ်မွှားစနစ်မှာ ယမန်နေ့က ပြုလုပ်ခဲ့ပါတယ်။

“Ingenuity” အမည်ရှိ မားစ်ဟယ်လီကော်ပတာသည် Perseverance Rover Land အား ကူညီပေးခဲ့သော ဂီယာအား ထောက်လှမ်းတွေ့ရှိခဲ့။