ယခုဆိုလျှင် နာဆာ၏ ဂျိမ်းစ်ဝပ်ဘ်တယ်လီစကုပ်သည် ချိန်ညှိမှုလုပ်ငန်းပြီးဆုံးသွားပြီ ဖြစ်၍ တိုင်းတာရေးကိရိယာများ၏ သိပ္ပံဆိုင်ရာလုပ်ငန်းများအတွက် အဆင်သင့်ဖြစ်နေပါပြီ။

 

   


          အခုဆိုရင် နာဆာရဲ့ ဂျိမ်းစ်ဝပ်ဘ်တယ်လီစကုပ်ဟာ ချိန်ညှိမှုလုပ်ငန်းအားလုံး ပြီးစီးသွားပါပြီ။ မြင်ကွင်းအပြည့်အဝရရှိပြီးနောက်မှာတော့ တယ်လီစကုပ်ဟာ well-focused ပုံရိပ်တွေကို ရယူနိုင်ပြီဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ ခုနှစ်ဆင့်မြောက်နဲ့ နောက်ဆုံးအဆင့် ချိန်ညှိမှုလုပ်ငန်းအားလုံး ပြီးဆုံးသွားပြီဖြစ်၍ အဖွဲ့က ဝပ်ဘ်ဟာ “science instrument commissioning” လို့ခေါ်တဲ့ နောက်ဆုံးပြင်ဆင်မှုသို့ နောက် တစ်ဆင့်တက်လှမ်းနိုင်ပြီဖြစ်ကြောင်း သဘောတူဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီလုပ်ငန်းဟာ လာမယ့်နွေရာသီ သိပ္ပံလုပ်ငန်းတာဝန်များ မဆောင်ရွက်မီအထိ နှစ်လခန့်ကြာမြင့် ပါလိမ့်မယ်။  

          ဝပ်ဘ်ရဲ့တိုင်းတာရေးပစ္စည်းအားလုံးအတွက် တယ်လီစကုပ်ကြီး ချိန်ညှိမှုလုပ်ငန်းကို သူ့ရဲ့မြင်ကွင်းအပြည့်နဲ့ ဖမ်းယူထားတဲ့ ပုံရိပ်အတွဲလိုက်မှာ တွေ့မြင်နိုင်ပါတယ်။

          “အောင်အောင်မြင်မြင် ချိန်ညှိပြီးဖြစ်တဲ့ တယ်လီစကုပ်ကနေ ရရှိလာတဲ့ ဒီပြောင်မြောက်လှတဲ့ စမ်းသပ်ဆဲပုံရိပ်တွေဟာ နိုင်ငံတလွှားနဲ့ ကုန်းမြေတလွှားရှိ လူတွေမှာသာ စကြဝဠာကြီးကို စူးစမ်းလေ့လာချင်တဲ့ တိကျပြတ်သားတဲ့သိပ္ပံအမြင်မျိုးရှိရင် အောင်မြင်နိုင်တယ် ဆိုတာကို ဖော်ပြနေတာဖြစ်ပါတယ်။” လို့ Webb optical telescope element manager လီဖိန်းဘတ်ခ်က ဆိုပါတယ်။

          Optical performance ဟာ ဆိုရင်လဲ အင်ဂျင်နီယာအဖွဲ့က အကောင်းဆုံးမျှော်လင့်ထားတာထက် ပိုပြီးကောင်းလာပါတယ်။ အခုဆိုရင် ဝပ်ဘ်ရဲ့ မှန်တွေဟာ အာကာသထဲကလာတဲ့ fully focused အလင်းကို တိုင်းတာရေးကိရိယာတစ်ခုချင်းစီသို့ တိုက်ရိုက်ပို့ဆောင်ပေးပြီး တိုင်းတာရေးကိရိယာတစ်ခုချင်းစီကလဲ သူတို့ဆီပို့ပေးလိုက်တဲ့ အလင်းကနေ တစ်ဆင့် အောင်အောင်မြင်မြင် ပုံရိပ်တွေ ဖမ်းယူနိုင်ပါတယ်။ တိုင်းတာရေးကိရိယာ အားလုံးသို့ ပို့ပေးလိုက်တဲ့ ပုံရိပ်အရည်အသွေးကလဲ ဒီတယ်လီစကုပ်အရွယ်အစားနဲ့ ရနိုင်တဲ့ အသေးစိတ်အချက်အားလုံးကို ပြသနေတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် ဒီအချိန်ကနေစပြီး တယ်လီစကုပ်ရဲ့ မှန်တွေကို ပြောင်းလဲမှုဟာ အနည်းငယ်သာရှိတော့မှာဖြစ်ပြီး ပင်မမှန်အစိတ်အပိုင်းတွေကို အလှည့်ကျချိန်ညှိမှုမျိုးသာ ရှိပါတော့မယ်။

          “တယ်လီစကုပ် ချိန်ညှိမှုလုပ်ငန်းပြီးဆုံးသွားတာနဲ့ အတူ ဘဝတစ်ဝက်စာလောက် အားထုတ်မှုလဲ အောင်အောင်မြင်မြင်ပြီးသွားခဲ့ပြီ ဖြစ်တာကြောင့် ဂျိမ်းစ်ဝပ်ဘ်တယ်လီ စကုပ်မစ်ရှင်မှာ ကျွန်တော့်ရဲ့ကဏ္ဍဟာ အဆုံးသတ်သွားပါပြီ။” လို့ Webb wavefront sensing and controls scientist ဖြစ်တဲ့ စကော့တ် အက်တွန်က ဆိုပါတယ်။ “ဒီပုံရိပ်တွေ ဟာ စကြဝဠာအပေါ် ကျွန်တော်မြင်နေကြပုံစံကို ပြောင်းလဲစေခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ဖန်တီးမှုသံစုံတီးဝိုင်းကြီးနဲ့ ဝန်းရံခံထားရတာ ဖြစ်ပါတယ်။ နေရာတိုင်းမှာ ဂလက်စီ တွေပြည့်နှက်နေပါတယ်။ တစ်ကမ္ဘာလုံးက လူတွေ ဒါကိုမြင်နိုင်ဖို့က ကျွန်တော့် မျှော်လင့်ချက်ပါပဲ။”



          အခုဆိုရင် ဝပ်ဘ်အဖွဲ့သားတွေဟာ science instrument commissioning လုပ်ငန်းဘက်ကို ဦးတည်ရပါတော့မယ်။ တိုင်းတာရေးကိရိယာတစ်ခုချင်းစီဟာ အလွန်အဆင့်မြင့်တဲ့ ထောက်လှမ်းစက်အစုအဖွဲ့တွေဖြစ်ပြီး unique lens တွေ၊ masks တွေ၊ filter တွေနဲ့ customized equipment တွေကို တပ်ဆင်ထားတာကြောင့် လိုချင်တဲ့ သိပ္ပံဆိုင်ရာ အောင်ပွဲတွေကို ရယူနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ ဒီတိုင်းတာရေးကိရိယာတွေ ရဲ့ အထူးပြုလုပ်ထားတဲ့ လက္ခဏာရပ်တွေကို တိုင်းတာရေးကိရိယာလုပ်ငန်းအတွင်းမှာ အမျိုးမျိုးသောပေါင်းစပ်မှုတွေနဲ့ ပြင်ဆင်၊ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ချိန်ညှိမှု လုပ်ငန်းပြီးဆုံးသွားပြီဖြစ်သောကြောင့် တိုင်းတာရေးကိရိယာတစ်ခုချင်းစီကို ဆောင်ရွက်မယ့် ကျွမ်းကျင်ပညာရှင်တွေလဲ Mission Operation Center ကို ရောက်နေပါပြီ။ ချိန်ညှိ မှုလုပ်ငန်းက လူတချို့တော့ သူတို့ရဲ့လုပ်ငန်းအဆုံးသတ်ဖို့ ကျန်ခဲ့ပါသေးတယ်။

          တယ်လီစကုပ်ချိန်ညှိမှုလုပ်ငန်း ပြီးဆုံးသွားပေမယ့် တယ်လီစကုပ်တွက်ချက်မှု လုပ်ငန်းတချို့ ကျန်ရှိနေပါသေးတယ်။ scientific instrument commissioning လုပ်ငန်းရဲ့ တစ်စိတ်တစ်ဒေသအဖြစ် ကောင်းကင်က နေရာအမျိုးမျိုးကို ချိန်ကြည့်ဖို့ ခိုင်းစေထားပါတယ်။ ဒါ့အပြင် နှစ်ရက်ကြာတိုင်း ဆက်လက်ဆောင်ရွက်နေမယ့် ထိန်းသိမ်းရေး လေ့လာမှုတွေက မှန်တွေရဲ့ချိန်ညှိမှုကို ဖော်ပြနေမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့အခါမှာ ချိန်ညှိထားတဲ့တည်နေရာတွေမှာ မှန်တွေကိုဆက်လက်ရှိနေနိုင်ဖို့ ပြင်ဆင်ချက်တွေကို လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

ကိုးကား

NASA's Webb telescope is now in full focus, ready for instrument commissioning (phys.org)      

Comments

Popular posts from this blog

ရူပဗေဒပညာရှင်အချို့နဲ့ ဒဿနဗေဒပညာရှင်အချို့ရဲ့ အဆိုအရ အချိန်ဆိုတဲ့အရာမျိုး မရှိပါ။

နဂါးငွေ့တန်းဂလက်စီပြင်ပရှိ နျူထရီနိုထုတ်လုပ်သည့် အရင်းအမြစ်များ။

ဂလက်စီများအား ရေတွက်ခြင်းဖြင့် အထူးနှိုင်းရသီအိုရီအား လက်တွေ့အသုံးချခြင်း။