“Ingenuity” အမည်ရှိ မားစ်ဟယ်လီကော်ပတာသည် Perseverance Rover Land အား ကူညီပေးခဲ့သော ဂီယာအား ထောက်လှမ်းတွေ့ရှိခဲ့။
Perseverance rover ရဲ့ နောက်ကာအခွံနဲ့ လေထီးရဲ့ ပုံရိပ်ကို နာဆာရဲ့ Ingenuity Helicopter က စုဆောင်းရရှိခဲ့တာ ဖြစ်ပါတယ်။
မြန်မာလူမျိုး ဒေါ်မီမီအောင်ဦးဆောင်ခဲ့တဲ့ မားစ်ဂြိုဟ်ပေါ် ပျံသန်းခြင်းလုပ်ငန်းစဉ်မှာ အသုံးပြုခဲ့တဲ့ “Ingenuity” ဟယ်လီကော်ပတာဟာ မားစ်ဂြိုဟ်ပေါ်
Perseverance rover ဆင်းသက်ရာမှာ ကူညီခဲ့တဲ့ လေထီးနဲ့ အာကာသအတွင်း ယာဉ်အား အကာအကွယ်ပေးခဲ့တဲ့ နောက်ကာအခွံကြီးနှစ်ခုစလုံးကို မကြာသေးခင်ကပဲ ထောက်လှမ်းတွေ့ရှိခဲ့ပါတယ်။
မောင်လုံ့လလို့ အမည်ရတဲ့ “Perseverance rover” ဟာ
လွန်ခဲ့တဲ့နှစ် ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလ ၁၈ ရက်နေ့မှာ မားစ်ဂြိုဟ်ပေါ်ကို အောင်မြင်စွာဆင်းသက်နိုင်ခဲ့ပါတယ်။
မားစ်ဂြိုဟ် ရဲ့ နမူနာပစ္စည်းတွေ ယူမယ့်ပရိုဂရမ်က အင်ဂျင်နီယာတွေက “Ingenuity” ဟာ ဒီလိုမျိုး
လုပ်ဆောင်နိုင်ပါ့မလားလို့ သံသယရှိခဲ့ပါတယ်။ ရလဒ်ကတော့ ဧပြီလ ၁၉ ရက်နေ့က “Ingenuity”
flight နံပါတ် ၂၆ မှာရိုက်ကူးရရှိခဲ့တဲ့ false color image ၁၀ ပုံပဲ ဖြစ်ပါတယ်။
“နာဆာက
ဒီလိုမျိုး ဆန်းသစ်တဲ့ပျံသန်းမှုမျိုး ဆောင်ရွက်နိုင်ဖို့ “Ingenuity” ပျံသန်းရေးလုပ်ငန်းကို
ချဲ့ထွင်ခဲ့တာဖြစ်ပါတယ်။” လို့ “Ingenuity” အဖွဲ့ဦးဆောင်သူဖြစ်တဲ့ Teddy Tzanetos က
ဆိုပါတယ်။ “ကျွန်တော်တို့ ပျံသန်းမှုလုပ်တဲ့အချိန်တိုင်းမှာ နယ်မြေ အသစ်တွေကို ထောက်လှမ်းနိုင်ပြီး
တခြားဂြိုဟ်ဆိုင်ရာမစ်ရှင်တွေတုန်းက မဖြစ်နိုင်ခဲ့တဲ့ အမြင်မျိုးကို ပေးစွမ်းနိုင်တာ
ဖြစ်ပါတယ်။ မားစ်ဂြိုဟ်ပေါ်မှာ နမူနာပစ္စည်း ကင်းထောက်လှမ်းရေးပရိုဂရမ်က တောင်းဆိုတာမျိုးကလည်း မားစ်ဂြိုဟ်ပေါ်မှာ
ဒီလိုလေကြောင်း အထောက် အပံတစ်ခု ရရှိဖို့ပါပဲ။”
မားစ်ဂြိုဟ်မျက်နှာပြင်သို့ အဝင်၊ အဆင်းနဲ့ မြေပေါ်ဆင်းသက်ခြင်း လုပ်ငန်းတို့ဟာ အလျင်အမြန်ပြုလုပ်ရတာဖြစ်တာကြောင့်
ကမ္ဘာပေါ်က အင်ဂျင်နီယာတွေ အတွက်ကော (မားစ်ဂြိုဟ်ရဲ့ လေထုအတွင်းကို တစ်နာရီမိုင် ၁၂၅၀၀
နှုန်းနဲ့ ဝင်ရောက်ရတာကြောင့်) ကိုယ်တိုင်ဆင်းသက်ရတဲ့ ယာဉ်အတွက်ရော အလွန်(စိတ်) ဖိစီးမှု
များစေတဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။ လေထီးနဲ့ နောက်ကာအခွံတို့ကို Perseverance rover က
အဝေးကနေ ရိုက်ထားတဲ့ ဓာတ်ပုံတော့ ရှိပါတယ်။
ဒါပေမယ့်
လေကြောင်းကနေ အနီးကပ်ရိုက်ကူးထားတဲ့ ပုံရိပ်တွေကတော့ အသေးစိတ် အချက်အလက်တွေကို ထောက်ပံ့ပေးနိုင်ပါတယ်။
ဒီပုံရိပ်တွေဟာ မားစ်ဂြိုဟ်ပေါ်မှာ နောက်ပိုင်းဆင်းသက်မယ့် အာကာသ ယာဉ်တွေအတွက်လည်း အန္တရာယ်ကင်းဘေးရှင်း
ဆက်သက်နိုင်ဖို့ ကူညီပေးနိုင်မယ့် အလားအလာလဲရှိပါတယ်။ ဥပမာအားဖြင့် perseverance
rover စုဆောင်းထားတဲ့ မားစ်ကျောက်နမူနာပစ္စည်းတွေ၊ လေထုနဲ့ မြေဆီမြေလွှာတွေကို အသေးစိတ်သရုပ်ခွဲစိစစ်ဖို့
ကမ္ဘာပေါ်ကို ပြန်သယ်လာပေးမယ့် Mars sample return lander လိုမျိုးအတွက် အရေးကြီးပါတယ်။
“Perseverance
ဟာ မားစ်ဂြိုဟ်ပေါ် ဆင်းသက်တဲ့သမိုင်းကြောင်းမှာ အကောင်းဆုံး မှတ်တမ်းတစ်ခုဖြစ်ပါတယ်။
သူ့ရဲ့ကင်မရာဟာ လေထီးဖွင့်တဲ့အချိန်ကနေ နောက်ဆုံး မြေပေါ်ထိတဲ့အချိန်အထိ အားလုံးရိုက်ကူးနိုင်ခဲ့ပါတယ်။”
လို့ Perseverance systems engineer ဖြစ်တဲ့ Lan Clark က ဆိုပါတယ်။ “ဒါပေမယ့် Ingenuity
ရဲ့ ပုံရိပ်တွေကတော့ မတူညီတဲ့ အမြင်တစ်မျိုးကို ပေးနေပါတယ်။”
အစအနကွင်းပြင်ကြီးနဲ့
နောက်ကာအခွံကြီးကို တည့်တည့်ရိုက်ထားတဲ့ ပုံရိပ်မှာ နောက်ကာအခွံကြီးကို အကာအကွယ်ပေးထားတဲ့
အကာကြီးဟာ မားစ်လေထုအတွင်း ဝင်ရောက်တဲ့အချိန်အတွင်း မပျက်မစီးဘဲ ရှိနေတာကို ပြသနေပါတယ်။
နောက်ကာအခွံနဲ့ လေထီးကို ဆက်သွယ်ပေးထားတဲ့ ကြိုး ၈၀ လောက်ကိုလဲ မြင်နိုင်ပြီး မပျက်မစီးဘဲရှိနေ တာကို တွေ့ရပါတယ်။ ပြန့်ကားထွက်နေပြီး ဖုန်မှုန့်တွေဖုံးလွှမ်းနေတဲ့ လေထီးရဲ့
သုံးပုံ တစ်ပုံလောက်ကို မြင်နိုင်ပေမယ့် ပေါင်းမိုးကတော့ လေထီးဖြန့်တဲ့အချိန်မှာ
supersonic airflow ကြောင့် ဖြစ်တဲ့ အပျက်အစီးဒဏ်ခံထားရပုံမရပါဘူး။ ပိုပြီးကောင်းမွန်တဲ့ ဆုံးဖြတ်ချက်မျိုးရနိုင်ဖို့ကတော့ သီတင်းပတ်ပေါင်းများစွာ သရုပ်ခွဲစိစစ်ဖို့ လိုအပ်ပါသေးတယ်။
“Ingenuity”
ရဲ့ ၁၅၉ စက္ကန့်ကြာ ပျံသန်းမှုကို ပထမဆုံးပျံသန်းမှုတစ်နှစ်ပြည့် ဧပြီလ ၁၇ ရက်နေ့မှာ
ပြုလုပ်ခဲ့ပါတယ်။ မြေပြင်ကနေ ၂၆ ပေအမြင့်မှာ ပျံသန်းခဲ့ပါတယ်။ “Ingenuity” ဟာ အရှေ့တောင်ဘက်ကို
ပေ ၆၃၀ သွားခဲ့ပြီး သူ့ရဲ့ ပထမဆုံးပုံရိပ်တွေကို ရိုက်ကူးခဲ့ပါတယ်။ rotocraft ကနောက်တော့
အနောက်တောင်ဘက်ကို ဦးတည်ခဲ့ပြီး ဒီ့ နောက်မှာတော့ အနောက်တောင်ဘက်ကို ပြန်လည်ဦးတည်ခဲ့ပြီး
လမ်းတစ်လျှောက် ကြိုပွိုင့်နေရာများကို ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။ သူ့ရဲ့ flash memory
မှာ ပုံ ၁၀ ပုံ သိမ်း ဆည်းပြီးတာနဲ့ “Ingenuity” ဟာ အနောက်ဘက်ကို ပေ ၂၄၆ ဆက်သွားခဲ့ပြီး
မြေပေါ် ပြန်လည်ဆင်းသက်ခဲ့ပါတယ်။ စုစုပေါင်း အကွာအဝေး ပေပေါင်း ၁၁၈၁ ပေ သွားခဲ့ပါ တယ်။
flight နံပါတ် ၂၆ ပြီးဆုံးပြီးနောက်မှာတော့ rotocraft က ၄၉ မိနစ်ကြာပျံသန်းခဲ့ပြီး
စုစုပေါင်း ၃.၉ မိုင်ရောက်ခဲ့ပါတယ်။
“ကျွန်တော်တို့လိုချင်တဲ့
ရိုက်ချက်မျိုးရဖို့ဆိုရင် “Ingenuity” ဟာ ပျံသန်းမှုများများ လုပ်ပေးဖို့ လိုပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ကတော့ ယုံကြည်ချက်အပြည့်ပါပဲ။ ဘာကြောင့်လဲဆိုတော့ flight နံပါတ်
၁၀၊ ၁၂ နဲ့ ၁၃ တို့တုန်းကလည်း ရှုပ်ထွေးမှုမျိုး ရှိခဲ့ တာပဲလေ။” လို့ chief pilot
ဖြစ်တဲ့ Havard Grip က ဆိုပါတယ်။ “flight no ၂၇ မှာ Perseverance science team အတွက်
စိတ်ဝင်စားဖို့ကောင်းတဲ့ ဧရိယာတစ်ခုကို အကောင်းဆုံး ရိုက်ကူး နိုင်ဖို့ set up လုပ်ထားပြီးပါပြီ။”
ကိုကား
Ingenuity
Mars Helicopter spots gear that helped Perseverance rover land (phys.org)
Comments
Post a Comment