ထာဝစဉ်ရွေ့လျားနိုင်သော စက်ယန္တရားများ (Perpetual Motion Machine)
မိမိ ဘာမှအားထုတ်စရာမလိုဘဲ အမြဲထာဝစဉ်ရွေ့လျားနိုင်မယ့်
စက်ပစ္စည်းတစ်ခု ကို အလိုမရှိတဲ့လူ ဒီကမ္ဘာမှာမရှိကြပါဘူး။ ဒါကြောင့်ပဲ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတစ်
လျှောက် ဒီလိုစက်မျိုးတွေကို တီထွင်ဆန်းသစ်ခဲ့ကြတာ ဖြစ်ပါတယ်။ သို့သော်လည်း တစ်စုံတစ်ယောက်ကမျှ
အောင်မြင်မှုမရရှိခဲ့ကြပါဘူး။ ဘာကြောင့်ပါလဲ……
ဒီလိုစက်ယန္တရားမျိုးကိုတော့ Perpetual Motion Machine လို့ခေါ်ပါတယ်။
ကျွန်တော် ဒီစက်ပစ္စည်းမျိုးကို ကြားဖူးတုန်းက အံ့ဩမိတာမှန်ပေမယ့် ဖြစ်နိုင်တယ်လို့
မထင်ခဲ့ပါဘူး။ ဒါပေမယ့် snowpiercer ဇာတ်လမ်း ကြည့်ပြီးတဲ့အခါမှာတော့ ဒီအကြောင်း လေးကို
စာဖတ်သူတို့ကို ဝေမျှပေးချင်မိပါတယ်။ အကယ်လို့ဒါသာအမှန်ဖြစ်နိုင်ခဲ့မယ် ဆိုရင် လူသားတွေအနေနဲ့
ဒီစကြဝဠာကြီးထဲမှာ ထာဝရရပ်တည်သွားနိုင်မှာ ဖြစ်ပါတယ်။ သို့သော်လည်း ဒါကရော ဖြစ်နိုင်မှာ
သေချာပါသလား။ ဒီနေ့မှာတော့ ကျွန်တော်တို့ ထာဝရစက်ယန္တရားဆိုတာ ဘာလဲ။ ဘယ်လိုအလုပ်လုပ်သလဲ။
သမိုင်းခေတ်အဆက်ဆက် က တီထွင်မှုတွေအပြင် ဘာကြောင့်မအောင်မြင်ရတာလဲနဲ့ ဘယ်လိုအောင်မြင်အောင်
လုပ်မလဲ စတာတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
Wilford’s Eternal Train
ကမ္ဘာကြီးပူနွေးမှုနဲ့ ကြုံလာရတဲ့အချိန်မှာ နိုင်ငံတကာက
သိပ္ပံပညာရှင်တွေအားလုံး စုပေါင်းပြီး ကမ္ဘာကြီးကို ပြန်လည်အေးမြအောင် ပြုပြင်ဖို့
ကြိုးစားကြပါတယ်။ သို့ပေမယ့် ကြိုးစားမှုဟာ လွန်သွားပြီး တစ်ဖန်ကမ္ဘာကြီးဟာ အလွန်အေးခဲမှုပြဿနာနဲ့ကြုံရပါတော့
တယ်။ ဒီတော့ လူတွေဟာ ကမ္ဘာ့အပြင်မှာ မနေနိုင်ကြတော့ပါဘူး။ ဒီတော့ မစ္စတာ ဝေးလ်ဖို့ဒ်ဆိုတဲ့
ပုဂ္ဂိုလ်ကြီးက အအေးဒဏ်ကိုအံတုပြီး ကမ္ဘာတစ်ဝှမ်းလုံးကို လှည့်ပတ် သွားနိုင်မယ့် ရထားတစ်စင်းကို
တည်ဆောက်ခဲ့ပါတယ်။ ဒီရထားကမ္ဘာကြီးထဲမှာဆိုရင် ဂေဟစနစ်တစ်ခုပါဝင်မှာ ဖြစ်သလို အမြဲထာဝရသွားနိုင်အောင်
ပြုလုပ်ထားတာလဲ ဖြစ်ပါတယ်။ နာမည်ကိုက Eternal Engine လို့ပေးထားပါတယ်။
ဒီတော့စဉ်းစားကြည့်ရအောင် ဝေးလ်ဖို့ဒ်ရဲ့ရထားဟာ perpetual
machine ဟုတ်ပါသလား။ တကယ်တမ်းတော့မဟုတ်ပါ။ ဘာကြောင့်လဲဆိုတော့ သူ့ကိုအမြဲပြုပြင် ပေးနေရမယ့်
external force သို့မဟုတ် လုပ်သားတွေလိုအပ်ပါတယ်။ ဒါပေမယ့် ဒီလို အမြဲပြင်ဆင်ပေးနေမယ်ဆိုရင်
eternal ဖြစ်မလားဆိုဖြစ်ပါတယ်။ ဒါကိုဘာကြောင့် ပြောနေရပါသလဲ။ သင်ဘာတစ်ခုမှ အားထုတ်စရာမလိုဘဲ
အလိုအလျောက်ထာဝစဉ်ရွေ့ လျားနေတဲ့ ပစ္စည်းတွေပါဝင်တဲ့ ဂေဟစနစ်ထဲမှာ နေနေရမယ်ဆိုရင်တော့
သင်ဒီမေးခွန်း ကို မေးနေမှာမဟုတ်တော့ပါဘူး။
သမိုင်းကြောင်း
ဒီလိုအားထုတ်စရာမလိုဘဲ၊ စွမ်းအင်သုံးစွဲစရာမလိုဘဲ အမြဲထာဝရလှုပ်ရှားပေး နေမယ့် စက်တစ်ခုကို စိတ်ကူးယဉ်ခဲ့ကြတာဟာ အခုမှမဟုတ်ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာထဲကဖြစ်ပါတယ်။ စဉ်းစားကြည့်ပါလေ။ ကျွန်တော်တို့ ဖေ့စ်ဘွတ်မှာ ခဏခဏမြင် နေရတဲ့ perpetual machine ဟာသတစ်ခုကို ကြည့်ရအောင်။ ဒါကတော့ သံလိုက်နဲ့ ဝန်ချီစက်ပဲ ဖြစ်ပါတယ်။ သံလိုက်တုံးကို အရှေ့ကနေ ဂေါ်ကြီးမှာချည်ထားလိုက်တယ်။ သံလိုက်ဟာ ဝန်ချီတုံးကို ဆွဲမှာဖြစ်တဲ့အတွက် ဝန်ချီစက်ဟာ ရှေ့ကိုရွေ့မယ်။ တစ်ဖန် သံလိုက်ကဆွဲရင် ထပ်ရွေ့မယ် ဒီလိုနဲ့ ရှေ့ကို အမြဲထာဝရရွေ့နေမယ်ပေါ့။
ဒါသာမန်လူတစ်ယောက်ကြည့်လိုက်ရင်ကို ဟာသမှန်းသိနိုင်ပါတယ်။ ဘယ်လိုမှ မဖြစ်နိုင်တဲ့အရာပါ။ သံလိုက်ဟာ ဝန်ချီစက်ကိုပြေးကပ်ရင်ကပ်မယ်။
ဒါမှမဟုတ် သံလိုက် ဓာတ်အားကောင်းအောင်လုပ်မယ်ဆိုရင် အရှေ့ကလေးပြီး ဒြပ်ဆွဲအားနဲ့အတူ
မြေကြီးပေါ် ပြုတ်ကျမယ်။ သို့ပေမယ့် သမိုင်းအဆက်ဆက် ဒီလိုစက်မျိုးကို စိတ်ကူးယဉ်ခဲ့ကြတဲ့
ထဲမှာ လီယိုနာဒိုဒါဗင်ချီတို့ ဘွိုင်းစ်တို့ အာခီးမီးဒီးစ်တို့လို ပညာရှင်ကြီးတွေကအစ
ပါဝင်ခဲ့ကြ ပါတယ်။ အဓိကအကြောင်းအရင်းကတော့ အလယ်ခေတ်နဲ့ ရီနေးဆန်းခေတ်မှာ သာမို ဒိုင်းနမစ်နိယာမတွေမရှာတွေ့သေးလို့ပါ။
ဒီအကြောင်း အောက်ကြဆက်ပါမယ်။
ဆိုတော့ perpetual machine တစ်ခုဟာ သာမိုဒိုင်းနမစ်နိယာမတွေထဲကတစ်ခု
မဟုတ် တစ်ခုချိုးဖောက်နေတယ်ဆိုတာကို ၁၇ ရာစုမှာ သိလာကြတယ်။ ဒီတော့ ဒီလို စက်မျိုးတစ်ခုဟာ
မဖြစ်နိုင်ဘူးလို့တောင်ပြောလို့ရတယ်။ ဒါပေမယ့်လက်မလျော့ပါဘူး။ ၂၀ ရာစုမှာ ကွမ်တမ်မက္ကင်းနစ်ရဲ့
ဆန်းကြယ်မှုတွေပေါ်လာတော့ perpetual machine တစ်ခုဟာ မြင်နိုင်တဲ့စကေးမှာ မဖြစ်နိုင်ဘူးဆိုရင်တောင်
ကွမ်တမ်စကေးမှာတော့ ဖြစ်နိုင် တယ်ဆိုတာမျိုး ဖြစ်လာတယ်။ တခြားတစ်ဖက်မှာတော့ မြင်နိုင်တဲ့စကေးမှာတောင်
အခု ချိန်အထိ အချိန်ပေးစမ်းသပ်နေတဲ့ ပညာရှင်တွေရှိပါသေးတယ်။
ဘက်စ်ကာရာဘီး
perpetual machine တစ်ခုကို စတင်မိတ်ဆတ်သူက ၁၂
ရာစုက အိန္ဒိယလူမျိုး ဘတ်စ်ကာရာသယ်လန်းဒ် (Bhaskara the learned) ဖြစ်ပါတယ်။ သူက အကွေးရိုးတံ
ထဲမှာ မာကျူရီဖြည့်ထားတဲ့ ဘီးတစ်ခုဟာ အမြဲထာဝရလည်နေနိုင်တယ်လို့ ဆိုပါတယ်။ ပုံကို ကြည့်ပါ။
ဘတ်စ်ကာရာဘီး
ဒီကိစ္စမှာဆိုရင် ဘီးရဲ့တစ်ဖက်ခြမ်းက
မာကျူရီပမာဏဟာ အခြားတစ်ဖက်ခြမ်းက ပမာဏထက် အမြဲပိုများနေမှာကြောင့် initial
excitation တစ်ခုသာလိုပြီး နောက်ထပ် ပြင်ပအား သက်ရောက်စရာမလိုဘဲ ဘီးဟာ ထာဝစဉ်လည်နေမယ်လို့ဆိုပါတယ်။
သူ့ရဲ့ အယူအဆပေါ်မူတည်ပြီး အလားတူဒီဇိုင်းတွေဟာလည်း အများကြီးပေါ်ထွက်လာခဲ့ပါ တယ်။
ဒီထဲမှာ ဒါဗင်ချီရဲ့ဘီးလည်း ပါဝင်ပါတယ်။
လီယိုနာဒိုဒါဗင်ချီဘီး
သို့သော်လက်တွေ့မှာတော့ ဒီဘီးဟာအလုပ်မဖြစ်ပါဘူး။
ဘီးဟာ မိနစ်ပိုင်းအကြာ သို့မဟုတ် နာရီပိုင်းအကြာတော့ လည်ကောင်းလည်နိုင်ပါတယ်။ ဒါပေမယ့်
အချိန်ကြာလာ တာနဲ့အမျှ ဒြပ်ဆွဲအားကြောင့် သူ့ရဲ့ center of mass ဟာ အောက်ကို ဆင်းလာပြီး
ဘီးဟာ ခဏရပ်သွားကာ ပြောင်းပြန်ပြန်လည်ပါတယ်။ ခဏကြာတော့ လုံးဝရပ်သွားပါတော့ တယ်။
သံလိုက်ဓာတ်ဖြင့်ထာဝရရွေ့လျားခြင်း
Magnetized perpetual motion ကိုတော့
ခုနက ဟာသပုံမှာ မြင်ခဲ့ပြီး ဖြစ်ပါတယ်။ သံလိုက်ဓာတ်ဟာ perpetual machine တစ်ခုတည်ဆောက်ဖို့အကောင်းဆုံး
ပစ္စည်းဖြစ် နိုင်ပါတယ်။ ၁၆၀၀ ခုနှစ်မှာ ဝေးလ်ကင်ရဲ့ perpetual machine တစ်ခုကို မိတ်ဆက်ခဲ့ပါ
တယ်။ ဒီစက်ပစ္စည်းမှာဆိုရင်တော့ သံလိုက်တုံးနဲ့ သံတုံးပါဝင်ပါတယ်။ သံလိုက်ဓာတ်က သံလိုက်တုံးကို
အပေါ်ကိုဆွဲမယ်။ အပေါက်တစ်ခုကနေ ပြန်ကျမယ်။ ပြီးရင်သံလိုက်က ပြန်ဆွဲမယ်ပေါ့။ ပုံမှာကြည့်ပါ။
ဝီလ်ကင်ရဲ့သံလိုက်ဓာတ်ဖြင့်ထာဝရရွေ့လျားစက်
ဒါပေမယ့် ဒီစက်ကလဲ မအောင်မြင်ခဲ့ပါဘူး။ ဘာကြောင့်ပါလဲ။
သံလိုက်ဓာတ်က ဒီသံတုံးကို အပေါ်ကိုရောက်အောင်ဆွဲနိုင်တယ်ဆိုရင် သံတုံးကို အောက်ပြုတ်ကျဖို့
ခွင့်ပြု ပေးမှာမဟုတ်တော့ပါဘူး။ သူ့ဆီဆွဲကပ်ပါတော့မယ်။ အကယ်လို့ လုံလုံလောက်လောက်
သံလိုက်ဓာတ်မရှိဘူးဆိုရင်လည်း သံတုံးက အပေါ်ကိုတက်နိုင်မှာ မဟုတ်တော့ပါဘူး။
သံလိုက်ပြီးရင်တော့
လျှပ်စစ်ဓာတ်ပေါ့။ ဟုတ်ပါတယ်။ ဒီထဲမှာတော့ လျှပ်စစ် ပညာရှင်ပဂေကြီး နီကိုးလစ်တက်စလာလည်း
ပါဝင်ပါတယ်။ perpetual machine တွေ တည်ဆောက်ခဲ့တဲ့ ဥပမာတွေ၊ prototype တွေအများကြီး
ရှိခဲ့ပါတယ်။ ဒါပေမယ့် တစ်ခုမှ အောင်မြင်မှုမရရှိခဲ့ပါဘူး။ ကျွန်တော်အားလုံးကိုတော့
ဖော်ပြမှာမဟုတ်ပါဘူး။ U tube သာ ခေါက်ကြည့်လိုက်ပါ။ ဒါဆိုဘာလို့ မအောင်မြင်ရတာလဲကို
ဆက်ရအောင်။
သာမိုဒိုင်းနမစ်နိယာမများ
အပေါ်ကဆိုခဲ့သလိုပဲ perpetual machine တစ်ခုဟာ သာမိုဒိုင်းနမစ်နိယာမ တစ်ခု မဟုတ် တစ်ခုကို ချိုးဖောက်နေပါတယ်။
ဒါဆိုဒီနိယာမနှစ်ခုက ဘာကိုပြောလဲ ကြည့်ရ အောင်။ wiki မှာတော့ သာမိုဒိုင်းနမစ်နိယာမ
လေးခုရှိတယ်ပြောပါတယ်။ သုညနိယာမ၊ ပထမနိယာမ၊ ဒုတိယနိယာမနဲ့ တတိယနိယာမပေါ့။ ဒီမှာတော့
ပထမနဲ့ ဒုတိယကိုပဲ ဆွေး နွေးပါမယ်။ ထူးဆန်းတာက ဒုတိယနိယာမကိုတွေ့ပြီးမှ ပထမနိယာမကိုတွေ့တာပါ။
သာမိုဒိုင်းနမစ်ပထမနိယာမ
ဒါကလည်းကျွန်တော်တို့
သိပြီးသားပါပဲ။ စွမ်းအင်ဆိုတာ ဖန်တီးလို့မရဘူး။ ဖျက်စီး လို့မရဘူး။ တစ်ခုကနေတစ်ခုပဲ
အသွင်ကူးပြောင်းလို့ပဲ ရတယ်။ တခြားတစ်မျိုးပြောရရင် သင်အားထုတ်သလောက်ထက်ပိုပြီးများတဲ့
စွမ်းအင်ကိုမရနိုင်ဘူး။ သင်က ၁၀၀ ဖိုးအား ထုတ်ရင် ၁၀၀ ဖိုးပဲရမယ်။ ၁၀၀၀ ဖိုးမရနိုင်ဘူး။
ဒါဆိုရင်တော့ ပထမတစ်ခုနဲ့တင် perpetual machine တွေဟာ မဖြစ်နိုင်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့
ကျွန်တော်တို့ တစ်ခါအားထုတ်ရုံနဲ့ ထာဝရစွမ်းအင်ဆိုတာမျိုး မဖြစ်နိုင်လို့ပါ။ စက်ပစ္စည်းတစ်ခုဟာ
သူသုံးစွဲနိုင်သလောက်စွမ်းအင်ကိုပဲ ပြန်လည်ထုတ်ပေးနိုင်ပါတယ်။
သာမိုဒိုင်းနမစ်ဒုတိယနိယာမ
ဒုတိယတစ်ခုကတော့
အပူစွမ်းအင်ကို တောက်လျှောက်အသုံးပြုပြီး အလုပ်အဖြစ် ပြောင်းလဲပေးတဲ့အမျိုးအစားတွေနဲ့
သက်ဆိုင်ပါတယ်။ ဥပမာ heat engine တွေဖြစ်ပါ တယ်။ ဒါက ပထမနိယာမကိုတော့ မချိုးဖောက်ပါဘူး။
သို့သော် ဒုတိယနိယာမကို ချိုးဖောက်နေပါတယ်။ ဒုတိယနိယာမက ဒီလိုဆိုပါတယ်။ အင်ထရိုပီဟာ
အချိန်နဲ့အမျှ အမြဲတိုးနေပါတယ်။ တခြားတစ်မျိုးပြောရရင် စွမ်းအင်ဟာ လုပ်ငန်းစဉ်တစ်လျှောက်
ပျံ့နှံ့တတ်တဲ့ သဘောရှိပါတယ်။ ဥပမာ ပွတ်တိုက်မှုအားလိုမျိုးနဲ့ပေါ့။ ဒါ့ကြောင့် သင်ရဲ့
output work done က ဘယ်တော့မှ input work done ထက် မပိုနိုင်ဘူးလို့ ကျွန်တော်တို့ ၁၀
တန်း ရူပဗေဒမှာ သင်ခဲ့ရပါတယ်။ efficiency ၁၀၀ % ရှိတဲ့ စက်ပစ္စည်းတစ်ခုဟာ
ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သာမိုဒိုင်းနမစ်နိယာမကို ချိုးဖောက် နေလို့ပါ။
ဒီလိုပြောတော့
ဂြိုဟ်လ၊ နက္ခတာရာတွေဟာ perpetual motion မှာရှိနေတယ်လို့ ဆိုလို့ရပါတယ်။ တကယ်တော့
သူတို့တွေကလည်း ထာဝရမတည်မြဲပါဘူး။ ဒီလိုလှည့်ပတ် နေရတာကြောင့် သူ့တို့ပတ်လမ်းကြောင်းစွမ်းအင်ဟာ
ယိုယွင်းရပါတယ်။ မသိသာတာ ကြောင့်သာ အမြဲလို့ထင်စရာရှိတာပါ။ နီးကပ်တဲ့တွင်းနက်နှစ်ခု
တစ်ခုနဲ့တစ်ခုလှည့်ပတ် နေတာကို မြင်ယောင်ကြည့်ပါ။ သူတို့လှည့်ပတ်စဉ် ပတ်လမ်းကြောင်းစွမ်းအင်ယိုယွင်းမှု
ကနေတစ်ဆင့် ဒြပ်ဆွဲလှိုင်းတွေကို ထုတ်လွှတ်ပါတယ်။ နောက်ဆုံးမှာတော့ သူတို့နှစ်ခု
ဟာ ရောနှောသွားရပါတော့တယ်။
ဒါဆိုကျွန်တော်တို့
အောင်မြင်အောင်လုပ်နိုင်မလား။
စကြဝဠာဟာ
ထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေတာ ဖြစ်ပါတယ်။ ကွမ်တမ်အဏု လောကနယ်ပယ်ထဲမှာဆိုရင် မဖြစ်နိုင်တာတွေဟာ
ဖြစ်လာနိုင်ပါတော့တယ်။ ဒီထဲကနေ ဒီနိယာမနှစ်ခုကို လက်တစ်လုံးခြားလုပ်ထားတဲ့ perpetual
motion တစ်ခုကိုလဲ ဖော်ပြပေးပါရစေ။ ဒါကတော့ Brownian Ratchet ဖြစ်ပါတယ်။ ဟုတ်ပါတယ်။
Brownian motion ကို အသုံးပြုထားတာပါ။ Brownian motion အရ မော်လီကျူးလေး တွေဟာ
ကျပန်းရွေ့လျားနေတယ်လို့ဆိုပါတယ်။
Brownian Ratchet
ဒီလိုကျပန်းရွေ့လျားမှုကို အသုံးပြုပြီးတော့
ဒလတ်ကို အမြဲထာဝရ လည်အောင် လည့်ပတ်မှာဖြစ်ပါတယ်။ ဒါက သာမိုဒိုင်းနမစ်နိယာမနှစ်ခုလုံးကို
မချိုးဖောက်ပါဘူး။ သို့ပေမယ့် ဒါကအပူချိန်ပေါ် မူတည်နေပါတယ်။ အပူချိန်အနိမ့်မှာဆိုရင်
မော်လီကျူးတွေ ဟာလည်း ရွေ့လျားမှုနည်းနေမှာကြောင့် လည်ပတ်နိုင်မှာမဟုတ်ပါဘူး။
နောက်ဆုံးပြောပြချင်တဲ့တစ်ခုကတော့
၂၀၁၆ ခုနှစ်မှာတွေ့ရှိခဲ့တဲ့ time crystal တွေပဲ ဖြစ်ပါတယ်။ သူတို့တွေက ground-energy
state မှာရှိတဲ့ ကွမ်တမ်အမှုန်စနစ်တစ် ခုဖြစ်ပြီး ထပ်ခါထပ်ခါရွေ့လျားမှုဖြစ်နေကြပါတယ်။
ဘာစွမ်းအင် input မှ မလိုပါဘူး။ ဆိုးတာက ဘာစွမ်းအင် output ကိုမှလည်း ထုတ်မပေးပါဘူး။
ground-state မှာ ရှိနေတာ ကြောင့် ဒီစနစ်ကနေ စွမ်းအင်ဆုံး ရှုံးမှုဖြစ်စရာအကြောင်းမရှိပါဘူး။
သုံးမရဘူးဆိုရင်တော့ ဘာမှအကျိုးမရှိပါဘူး။ နောက်ပိုင်းအနာဂတ်မှာတော့ ဒီလိုစွမ်းအင်မျိုးတွေကို
အသုံးချ ကောင်းချနိုင်လာပါတယ်။ ဒါဆိုရင်တော့ လူသားမျိုးနွယ်ရဲ့ အနာဂတ်ဟာလည်း လုံးဝကို
တစ်ဆစ်ချိုးတိုးတက်ပြောင်းလဲသွားနိုင်မှာဖြစ်ပါတယ်။
time crystal
ဒီလောက်ဆိုရင်တော့
perpetual motion နဲ့ပတ်သက်ပြီး တော်တော်စုံပြီ ထင်ပါတယ်။ ဆက်လက်လေ့လာချင်သူများကတော့
အောက်ကလင့်တွေနဲ့ u tube မှာ ကြည့်ရှုနိုင်ပါတယ်။ vacuum energy တွေပါဆက်ပြောရင်တော့
ရှုပ်ကုန်တော့မှာမလို့ နောက်မှာပဲဆက်ကြရအောင်။
All photos are credited to Google
သိပ္ပံဆောင်းပါးများဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။
ကိုးကား
https://en.wikipedia.org/wiki/Brownian_ratchet
https://en.wikipedia.org/wiki/Time_crystal
https://en.wikipedia.org/wiki/Perpetual_motion
U tube videos
#newstein
Comments
Post a Comment