ရှစ်နှစ်ကြာပြီးနောက်တောင်မှ အာကာအတွင်းမှပေါက်ကွဲမှုတစ်ခုသည် ကြယ်များ၏ ဘဝနှင့်ပတ်သက်သော လျှို့ဝှက်ချက်များကို ဆက်လက်ဖော်ပြနေ။
နိုင်ငံတကာနက္ခတ္တဗေဒပညာရှင်အဖွဲ့တစ်ဖွဲ့ဟာ ရှစ်နှစ်ကြာတုန်းက
ဖြစ်ပေါ်ခဲ့တဲ့ ဆန်းကြယ်တဲ့ပေါက်ကွဲမှုနဲ့ပတ်သက်တဲ့ သဲလွန်စအသစ်များကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ဒီရလဒ်တွေဟာ နေထက်အဆပေါင်းများစွာကြီးတဲ့ ဒြပ်ထုမြင့်ကြယ်ကြီးတွေ
ဘယ်လိုရှင်သန်ပြီး သေဆုံးကြသလဲဆိုတဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ပိုမိုနားလည်နိုင်အောင်
နက္ခတ္တဗေဒပညာရှင်တွေကို အကူအညီပေးနိုင်ပါတယ်။ လေ့လာမှုကိုတော့ Astrophysical
Journal မှာ ထုတ်ဝေခဲ့ပါတယ်။
2014C ၏ ဘဝ။
၂၀၁၄ ခုနှစ်လောက်တုန်းက ကောင်းကင်မှာ ရုတ်တရက်အလင်းစက်တစ်ခုပေါ်လာ
တာကို နက္ခတ္တဗေဒပညာရှင်တွေမြင်တွေ့ခဲ့ပါတယ်။ သေချာတာကတော့ ဒါဟာ အာကာသအတွင်းက ကြယ်တစ်စင်းပေါက်ကွဲတာရဲ့
လက္ခဏာပဲ ဖြစ်ပါတယ်။
ကြယ်ပေါက်ကွဲမှုကို ပထမဆုံးထောက်လှမ်းမိတုန်းက ပေါက်ကွဲမှုကနေ
ထွက်ပေါ် လာတဲ့အလင်းဟာ အချိန်နဲ့အမျှ လျင်လျင်မြန်မြန်ပြောင်းလဲနေတာကြောင့် ကမ္ဘာတစ်ဝှမ်းလုံးက နက္ခတ္တဗေဒပညာရှင်တွေဟာ တယ်လီစကုပ်ကိုယ်စီနဲ့ ဒီဖြစ်စဉ်ကို စောင့်ကြည့်လေ့လာခဲ့ကြပါတယ်။
မြင်နိုင်တဲ့အလင်း၊ အနီအောက် ရောင်ခြည်၊ X-rays နဲ့ ရေဒီယိုလှိုင်းတွေကို ထောက်လှမ်းနိုင်တဲ့
တယ်လီစကုပ်တွေကို အသုံးပြုပြီးတော့ ဒီအလင်း ဘယ်လိုဆင့်ကဲ ပြောင်းလဲလာသလဲဆိုတာကို စောင့်ကြည့်လေ့လာခြင်းဖြင့်
သိပ္ပံပညာရှင်တွေဟာ ဒီစနစ်နဲ့ပတ်သက်တဲ့ ရုပ်ပိုင်းဆိုင်ရာအသွင်လက္ခဏာတွေကို ကောက်ချက်ချနိုင်ပါတယ်။
ဒီလိုစူးစမ်းလေ့လာမှုမျိုး အကြိမ်ပေါင်းများစွာပြုလုပ်ခြင်းဖြင့်
နက္ခတ္တဗေဒပညာရှင် တွေဟာ ဒီလိုမျိုး ပေါက်ကွဲသွားတဲ့ကြယ်တွေကို 2014C ဆိုတဲ့ အမျိုးအစားထဲကို
အုပ်စုဖွဲ့ နိုင်ခဲ့ပါတယ်။ ဒါက supernovae Type 1b လို့ ကျွန်တော်တို့ ခေါ်ကြတဲ့ ပုံစံမျိုးပါပဲ။
အမျိုး အစားတစ်ခုပေါ့။ သူတို့တွေက စကြဝဠာအတွင်းက အကြီးဆုံးလို့သိထားတဲ့ကြယ်တွေ သေဆုံးတဲ့အခါမှာ
ဘာဖြစ်သလဲဆိုတာအတွက် ဖြစ်ပါတယ်။
အမှန်တော့ မူလကတည်းက သိပ္ပံပညာရှင်တွေက 2014C ဟာ ကြယ်တစ်စင်းတည်း
မဟုတ်ဘဲ တစ်ခုကတစ်ခုထက်ပိုကြီးတဲ့ တစ်ခုနဲ့တစ်ခုလှည့်ပတ်နေတဲ့ ကြယ်နှစ်စင်းလို့ ယူဆခဲ့ကြပါတယ်။
ဒြပ်ထုမြင့်ကြယ်ကြီးတွေ ပိုပြီးမြန်မြန်ဆင့်ကဲပြောင်းလဲလေလေ၊ ပိုပြီး ဖောင်းကားလာလေလေ
သူ့ရဲ့အပြင်ဘက်ကဟိုက်ဒြိုဂျင်အလွှာကလဲ ပိုပြီးကြီးလာလေ ဖြစ်ပါတယ်။ နောက်ဆုံး လောင်စာကုန်ဆုံးသွားတဲ့အချိန်မှာတော့
သူ့ရဲ့အူတိုင်က ပြိုပျက်သွားပြီး ဧရာမပေါက်ကွဲမှုကြီးတစ်ခုကို ဖြစ်ပေါ်စေပါတော့တယ်။
သို့သော်လည်း ပေါက်ကွဲမှုပြီးနောက် ရက်ပေါင်း ၅၀၀ ကြာ စူးစမ်းလေ့လာမှုတွေမှာ
အချိန်နဲ့အမျှ X-rays ရောင်ခြည်ပိုထုတ်လုပ်လာတာကို ပြသနေပါတယ်။ ဒါက ပုံမှန် မဟုတ်ဘဲ
စူပါနိုဗာမှာဆိုရင် ဒါမျိုးအနည်းငယ်သာ တွေ့ရပါတယ်။ “ကျွန်တော်ယူဆရသ လောက်တော့
shockwave က သိပ်သည်းတဲ့ဒြပ်ပစ္စည်းတွေနဲ့ သက်ရောက်မှုရှိနေပုံပဲ။” လို့ Vikram
Dwarkadas က ဆိုပါတယ်။
အဖွဲ့က လွန်ခဲ့တဲ့ ၈ နှစ်အတွင်း ရရှိထားတဲ့ ဒေတာတွေနဲ့ ဒေတာအသစ်တွေ
အပါအဝင် 2014C နဲ့ပတ်သက်သမျှ ဒေတာအားလုံးကို စုဆောင်းခဲ့ပြီး ကြယ်ကြီးဘာဖြစ်ခဲ့ သလဲဆိုတာအတွက်
ယုတ္တိကျတဲ့ ပုံစံတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။
X-rays၊ အနီအောက်ရောင်ခြည်နဲ့ ရေဒီယိုလှိုင်း ထုတ်လွှတ်မှုအားလုံးက
ကွဲပြားခြား နားတဲ့ တိုးခြင်း၊ လျော့ခြင်းပုံစံတွေကို ပြနေပါတယ်။ အဲ့အချိန်မှာပဲ မြင်နိုင်တဲ့အလင်းကတော့ တစ်သတ်မတ်တည်းရှိနေပါတယ်။ ရေဒီယိုအချက်ပြကနေပြီးတော့ shockwave ကြီးဟာ အလွန်မြန်တဲ့နှုန်းတစ်ခုနဲ့
တိုးနေတာကိုပြသနေပြီး မြင်နိုင်တဲ့အလင်းကတော့ ပိုပြီးနှေးတဲ့နှုန်းတစ်ခုနဲ့ သွားနေတာကို
ညွှန်ပြနေပါတယ်။
သုတေသီတွေကတော့ ဒီထူးခြားတဲ့အပြုအမူက သူတို့အစောပိုင်းသက်တမ်း
တစ်လျှောက်ကျန်ရစ်ခဲ့တဲ့ ကြယ်နှစ်စင်းပတ်လည်က သိပ်သည်းတဲ့ဟိုက်ဒြိုဂျင်တိမ်တိုက် ကြီးနဲ့
သက်ဆိုင်လိမ့်မယ်လို့ ယူဆထားပါတယ်။
ကြယ်ပေါက်ကွဲတဲ့အခါမှာ လားရာအရပ်အားလုံးကို တစ်နာရီ ၆၇ သန်းမိုင်နှုန်းနဲ့
shockwave ကြီးတစ်ခု ထုတ်လွှတ်လိုက်ပါတယ်။ ဒီ shockwave ကြီး တိမ်တိုက်ကြီးဆီ ရောက်တဲ့အခါမှာ
သူ့ရဲ့အပြုအမူဟာ ဒီတိမ်တိုက်ကြီး ဘယ်လိုပုံစံရှိသလဲဆိုတဲ့အပေါ် မူတည်ပြီး သက်ရောက်ခြင်းခံရပါတယ်။
အရိုးရှင်းဆုံးမော်ဒယ်အတွက် ဒီတိမ်တိုက်ကြီးဟာ စက်လုံးပုံရှိပြီး
ဘက်ညီမှုရှိတယ်လို့ ယူဆသင့်ပါတယ်။ သို့သော်လည်း အကယ်လို့ ကြယ်နှစ်စင်းပတ်လည်က တိမ်တိုက်ဟာ
ဒိုးနတ်ပုံစံ (ဒါက အလယ်မှာ ပိုပြီးထူပါတယ်။) ဖြစ်ခဲ့မယ်ဆိုရင် ဒီဒိုးနတ်ကြီးရဲ့ ပိုပြီးထူထဲတဲ့အပိုင်းဟာ
shockwave ရဲ့နှုန်းကို နှေးသွားစေပြီး ပါးတဲ့အခြမ်းမှာ ရေဒီယိုလှိုင်းရောင်စဉ်မှာ
မြင်တွေ့ရတဲ့အတိုင်း shockwave ဟာ လျင်လျင်မြန်မြန်သွားပါ လိမ့်မယ်။ “မြစ်အလယ်ခေါင်ထဲကို
ပစ်လိုက်တဲ့ ကျောက်တုံးတစ်တုံးကို မြင်ယောင်ကြည့် ပါ။” လို့ Dwarkadas က ဆိုပါတယ်။
မေးခွန်းတွေကတော့ ကျန်ရှိနေဆဲပါပဲ။ ဒါပေမယ့် ဒီမညီမျှမှုက အမျိုးမျိုးသော
လှိုင်းအလျားတွေမှာ ညွှန်ပြနေတဲ့ shockwave ကြီးရဲ့ အမျိုးမျိုးသော အမြန်နှုန်းတွေအတွက် ထည့်သွင်းစဉ်းစားလို့ ရနိုင်ပါတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။
ဒီလေ့လာမှုက ဒီကြယ်ကြီးတွေရဲ့ ဆင့်ကဲပြောင်းလဲမှုနဲ့ ဒီစနစ်တွေကနေ
ဒြပ်ထု ဆုံးရှုံးမှုဖြစ်တာနဲ့ ပတ်သက်ပြီး တန်ဖိုးရှိတဲ့သဲလွန်စတွေကို ထောက်ပံ့ပေးခဲ့ပါတယ်။
ပိုပြီး ကြီးကြီးကျယ်ကျယ်ပြောရရင်တော့ ဒီသဲလွန်စတွေဟာ အတော်လေးဆန်းကြယ်တဲ့ဒီ ကြယ်ကြီးတွေရဲ့
အသက်ရှင်မှုနဲ့ သေဆုံးမှုတို့နဲ့ပတ်သက်နေပါတယ်။
“ဒြပ်ထုမြင့်ကြယ်ကြီးတွေ သူတို့ရဲ့ဒြပ်ထုဘယ်လို ဆုံးရှုံးသွားသလဲဆိုတာဟာ
ကျွန်တော်တို့ အဖြေရှာနေတဲ့ သိပ္ပံမဟာမေးခွန်းကြီးတစ်ခုဖြစ်ပါတယ်။” လို့ UT Austin
က ဆိုပါတယ်။ “ဒြပ်ထုဘယ်လောက်ဆုံးရှုံးသွားလဲ။ ဒါတွေဘယ်ကိုရောက်သွားသလဲ။ ဘယ် အချိန်တုန်းက
ပန်းထုတ်လိုက်သလဲ။ ဘယ်လိုနည်းလမ်းမျိုးနဲ့လဲ။ ဒါတွေဟာ နောက်ပိုင်း ကျွန်တော်တို့ အဖြေရဖို့ကြိုးစားရမယ့်
မေးခွန်းတွေဖြစ်ပါတယ်။
“ဒီတော့ 2014C ဟာ ဒီလိုဖြစ်စဉ်မျိုးတွေကို ဖော်ပြနေတဲ့ အရေးကြီးတဲ့
တစ်ခုတည်းသော ဖြစ်ရပ်ဖြစ်ပါတယ်။
ကိုးကား

Comments
Post a Comment