ဝပ်ဘ်တယ်လီစကုပ်၏ ပထမဆုံးကာလာသွင်းပုံရိပ်များ (သိပ္ပံဆိုင်ရာ ပုံရိပ်များ) ကို လာမည့် ဂျူလိုင်လတွင် ဖော်ပြနိုင်တော့မည်။

 

   မေလ ၉ ရက်နေ့တွင် နာဆာမှ ထုတ်ပြန်ခဲ့သော Large Magellanic Cloud ၏ တစ်စိတ်တစ်ဒေသ။ (ဘယ်ပုံ - taken by Spitzer Telescope) (ညာပုံ - taken by Webb Telescope)  

          ဂျိမ်းစ်ဝပ်ဘ်တယ်လီစကုပ်ဟာ အာကာသကြီး၏ “အံဩမှင်တက်ဖွယ် ကာလာ သွင်းပုံရိပ်တွေ” ကို လာမယ့် ဂျူလိုင်လအလယ်ပိုင်းလောက်မှာ ထုတ်ပေးနိုင်တော့မယ်။ သူ့ရဲ့ ပထမဆုံးလေ့လာမှုက သိပ္ပံဆိုင်ရာတွေ့ရှိမှုတွေကို ပြုလုပ်ဖို့ဖြစ်ပါတယ်။

          ဟယ်ဘယ်ပြီးနောက် နောက်ထပ်အောင်ပွဲဝင်မယ့် ဝပ်ဘ်ဟာ လွန်ခဲ့တဲ့ ငါးလကြာ ကာလကို သူ့ရဲ့ တိုင်းတာရေးကိရိယာတွေကို ချိန်ညှိခြင်းအားဖြင့် အချိန်ကုန်ဆုံးခဲ့ပြီးပါပြီ။ သို့သော်လည်း သိပ္ပံပညာရှင်တွေကတော့ ဘယ်နေရာကို ပထဆုံး ကင်မရာထိုးမလဲဆိုတာ အတွက်တော့ မပြောချင်ကြသေးပါ။

          “ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့က surprise လုပ်ချင်ပါတယ်။” လို့ Klaus Pontoppidan က ဆိုပါတယ်။ နောက်ပြီး ဘယ်ကို target ပထမဆုံးလုပ်ရမလဲ ဆိုတာ အတွက်လဲ မဆုံးဖြတ်ရသေးတာကြောင့် ပါတယ်လို့ ထပ်လောင်းပြောဆိုပါတယ်။

          နာဆာနဲ့ သူ့ရဲ့ ပါတာနာတွေဖြစ်တဲ့ European Space Agency (ESA) နဲ့ Canadian Space Agency (CSA) တို့က ဘယ်နေကို ရည်ရွယ်ပြီး traget ထားရမလဲ ဆိုတာကို rank နဲ့ စာရင်းလုပ်ဖို့ ကော်မတီတစ်ခု ဖွဲ့စည်းပြီးထားပါပြီ။

          ဝပ်ဘ်အဖွဲ့ဟာ တွက်ချက်မှုဆိုင်ရာရည်ရွယ်ချက်တွေအတွက် ကြယ်ပေါင်းများစွာ ပါဝင်တဲ့ ပုံရိပ်အတွဲလိုက်ကို ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဓာတ်ပုံအသစ်တွေက လူသားတို့ စကြဝဠာအကြောင်း ပိုမိုနားလည်နိုင်ဖို့ အဓိကသော့ချက်ဖြစ်လာလိမ့်မယ်လို့ Pontoppidan က ဆိုပါတယ်။  

          ဒီပုံရိပ်တွေကို အနီအောက်ရောင်ခြည်မှာ ရိုက်ကူးမှာဖြစ်ပြီး ဒီနောက်မှာတော့ လူထုနားလည်နိုင်ဖို့ ကာလာသွင်းပုံရိပ်တွေအဖြစ် ထုတ်ပေးမှာ ဖြစ်ပါတယ်။


          ပထမဆုံးသော အလင်းထုတ်နိုင်တဲ့ ဝတ္ထုတွေကနေ ထွက်ပေါ်လာတဲ့ မြင်နိုင်တဲ့ အလင်းနဲ့ ခရမ်းလွန်ရောင်ခြည်တွေဟာ စကြဝဠာပြန့်ကားမှုနဲ့အတူ ဆန့်ထွက်သွားကြပြီး ယနေ့အချိန်မှာတော့ ကျွန်တော်တို့ဆီကို အနီအောက်ရောင်ခြည်အဖြစ် ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဝပ်ဘ်ရဲ့ အဓိကလုပ်ဆောင်ချက်ဟာ ဒီအနီအောက်ရောင်ခြည်ကို လုံးဝ မမျှော်လင့်ခဲ့ဖူးတဲ့ ကြည်လင်ပြတ်သားသော ပုံရိပ်တွေအဖြစ် ဖော်ပြနိုင်မယ့် တိုင်းတာရေး ကိရိယာတွေ တပ်ဆင်ထားခြင်း ဖြစ်ပါတယ်။ ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃.၈ ဘီလီယံက ပေါ်ထွက်ခဲ့သော ပထမဆုံးကြယ်တွေနဲ့ ဂလက်စီတွေကို အရှင်းလင်းအပြတ်သားဆုံး မြင်နိုင်အောင် ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

          ဒေါ်လာ ၁၀ ဘီလီယံ ကုန်ကျခဲ့တဲ့ နာဆာရဲ့ ဝပ်ဘ်တယ်လီစကုပ်ဟာ Large Hadron Collider (LHC) နဲ့ ဟယ်ဘယ်တို့နဲ့ယှဉ်ရင်  တည်ဆောက်ခဲ့ဖူးသမျှ သိပ္ပံဆိုင်ရာ ပစ္စည်းတွေထဲမှာ ‌ဈေးအကြီးဆုံးတစ်ခုဖြစ်ပါတယ်။

          သူ့ရဲ့မစ်ရှင်တွေထဲမှာတော့ exoplanet လို့ခေါ်တဲ့ ဝေးကွာတဲ့အရပ်က ဂြိုဟ်တွေရဲ့ ဇစ်မြစ်၊ ဆင့်ကဲပြောင်လဲပုံနဲ့ သက်ရှိရှင်သန်နိုင်ပုံတို့ကို လေ့လာမှုတို့ ပါဝင်ပါတယ်။

ကိုးကား

Webb telescope's first full color, scientific images coming in July (phys.org)

           

         

Comments

Popular posts from this blog

အလွန့်အလွန်ဒြပ်ထုမြင့်သော ကာဗွန်-အောက်ဆီဂျင် ကြယ်ဖြူပုများ၏ ဖြစ်ပေါ်ပုံအား စူးစမ်းလေ့လာခြင်း။

ရူပဗေဒပညာရှင်အချို့နဲ့ ဒဿနဗေဒပညာရှင်အချို့ရဲ့ အဆိုအရ အချိန်ဆိုတဲ့အရာမျိုး မရှိပါ။

အသေးစိတ်အကျဆုံး နဂါးငွေ့တန်းဂလက်စီ စစ်တမ်းကောက်ယူမှုတွင် ဂီရာဂြိုဟ်တု မြင်တွေ့ခဲ့သော ထူးဆန်းသောကြယ်များ။