ဖလော်ရီဒါမှ သိပ္ပံပညာရှင်များသည် ပထမဆုံးအကြိမ်အဖြစ် လကမ္ဘာမြေဆီလွှာပေါ်တွင် အပင်စိုက်ပျိုးနိုင်ခဲ့။
ပထမဆုံးအကြိမ်အဖြစ် သိပ္ပံပညာရှင်တွေဟာ နာဆာမှ အပိုလိုအာကာသယာဉ်မှူး
များယူဆောင်လာတဲ့ လကမ္ဘာမှ မြေစာပေါ်တွင် အပင်စိုက်ပျိုးနိုင်ခဲ့ပါသည်။
ခက်ထန်ကြမ်းတမ်းတဲ့ လကမ္ဘာရဲ့ မြေလွှာပေါ်မှာ တစ်ခုခု ပေါက်ရောက်ကြီးထွား
နိုင်တယ်လို့ သုတေသီတွေ မထင်ခဲ့မိပါဘူး။ အကယ်လို့ ပေါက်ရောက်နိုင်ခဲ့မယ်ဆိုရင်လဲ နောင်တစ်ချိန်
လကမ္ဘာပေါ်မှာ စူးစမ်းလေ့လာမှုလုပ်မယ့် နောက်မျိုးဆက်တွေအတွက် အစာရနိုင်ဖို့ အသုံးပြုနိုင်မလားဆိုတာ
သိချင်မြင်ချင်နေကြပါတယ်။ ရလဒ်တွေကတော့ သူတို့ကို လုံးဝမှင်တက်သွားစေခဲ့ပါတယ်။
“သောက်ကျိုးနည်း။ လကမ္ဘာပေါ်မှာ အပင်တွေတကယ်ပေါက်နိုင်ပါတယ်။ နောက်နေသလားလို့တောင် ထင်ရတယ်ဟေ့။” လို့ ဖလော်ရီဒါတက္ကသိုလ် Food and Agricultural
Sciences မှ ရောဘတ်ဖားရ်က ဆိုပါတယ်။
ဖားရ်နဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ အပိုလို ၁၁ အာကာသယာဉ်မှူးတွေဖြစ်တဲ့ နေးလ်အမ်းစထရောင်း၊ ဘပ်စ်အယ်ဒရင်းတို့နဲ့ တခြားအာကာသယာဉ်မှူးတွေ ကမ္ဘာကို ပြန်ယူဆောင်လာတဲ့
လကမ္ဘာက မြေစာတွေမှာ thale cress လို့ခေါ်တဲ့ နေရာတော်တော် များများမှာ အလေ့ကျပေါက်နိုင်တဲ့
အပင်တွေကို စိုက်ပျိုးနေတာ ဖြစ်ပါတယ်။ သတင်းကောင်းကတော့ အစေ့တွေအားလုံး အညှောင့်ထွက်လာတာပဲ
ဖြစ်ပါတယ်။
သတင်းဆိုးကတော့ ပထမသီတင်းပတ်အပြီးမှာ လကမ္ဘာမြေစာရဲ့ ကြမ်းတမ်းခက်ထန်မှုနဲ့ အခြားသော ဂုဏ်သတ္တိတွေက အပွင့်ပွင့်နိုင်တဲ့ အပင်ငယ်လေးတွေကို ဝန်ပိစေတာကြောင့်
ကမ္ဘာပေါ်မှာ အတုပြုလုပ်ထားတဲ့ လကမ္ဘာမြေစာနဲ့ ယှဉ်ရင်တော့ ကြီးထွားနှုန်းဟာ ပိုနှေးပါတယ်။
လပေါ်မှာ ကြီးထွားပေါက်ရောက်မယ့် အပင်အများစုဟာ ပိန်လှီသေးငယ်နေမှာ ဖြစ်ပါတယ်။
ရလဒ်တွေကို Communication Biology မှာ ကြာသပတေးနေ့က ထုတ်ပြန်ခဲ့ပါ
တယ်။
မြေစာဟာ အာကာသရောင်ခြည်တွေနဲ့ ဆိုလာဝင်းတွေနဲ့ ပိုထိလေလေ အပင်ဟာ
ပိုပြီး ကြီးထွားနှုန်း ဆိုးရွားလေလေ ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေရဲ့အဆိုအရ အပိုလို
၁၁ က နမူနာပစ္စည်းတွေဟာ အပင်ကြီးထွားမှုအတွက် အဆိုးဆုံးနေရာဖြစ်ပါတယ်။ ဒီနေရာ က လွန်ခဲ့တဲ့
နှစ်ဘီလီပေါင်းများစွာကတည်းက ဒီရောင်ခြည်တွေနဲ့ ထိတွေ့မှု အများဆုံး ဖြစ်ခဲ့တာကြောင့်ပါ။
“ဘာပင်စိုက်ပျိုးနိုင်သလဲဆိုတာ သိထားတာက တကယ့်ခြေလှမ်းကြီးတစ်ခုပါပဲ။”
လို့ Plant Biologist ဖြစ်တဲ့ ဆိုင်မွန်ဂေရွိုင်းက ဆိုပါတယ်။ “နောက်တစ်ဆင့်ကတော့ လပေါ်သွားပြီး
မျက်နှာပြင်ပေါ်မှာ တကယ်စိုက်ပျိုးကြည့်ဖို့ပါပဲ။”
လကမ္ဘာရဲ့မြေစာက မိုက်ခရိုဥက္ကာခဲတွေရိုက်ခတ်မှုကြောင့်ဖြစ်လာတဲ့
အလွန်သေးငယ်တဲ့ ဖန်ပုံစံအပိုင်းအစလေးတွေနဲ့ ပြည့်နှက်နေတာ ဖြစ်ပါတယ်။ ဒီဟာတွေက နေရာတိုင်းမှာ ရှိနေပြီး အပိုလိုလူနာဆင်းသက်ယာဉ်တွေနဲ့ လပေါ်လမ်းလျှောက်သူတွေရဲ့ အာကာသဝတ်စုံတွေမှာတောင်
ကပ်တင်နေခဲ့ပါတယ်။
အပင်ကြီးထွားနိုင်ဖို့ အဖြေတစ်ခုကတော့ လပေါ်က ပိုပြီးသက်တမ်းနုတဲ့
နေရာတွေကို ရွေးချယ်ဖို့ပဲ။ ဥပမာ ချော်ရည်စီးကြောင်းတွေလိုမျိုးပေါ့။ အပင်စိုက်ပျိုးမယ့်
ပတ်ဝန်းကျင်ကိုလဲ အစာအဟာရအရောတွေကို ပြောင်းလဲခြင်း သို့မဟုတ် အလင်းရောင် အတွက်ဆိုရင်လဲ
လူလုပ်နေရောင်တွေနဲ့ ချိန်ညှိခြင်းတို့နဲ့ ပြောင်းလဲလို့ ရနိုင်ပါသေးတယ်။
အပိုလိုအာကာသယာဉ်မှူး ခြောက်ယောက် ကမ္ဘာကိုပြန်သယ်လာတဲ့ လကမ္ဘာပေါ်က ကျောက်ခဲနဲ့ မြေစာစုစုပေါင်း ၈၄၂ ပေါင် (၃၈၂) ကီလိုဂရမ်သာရှိပါသေးတယ်။ မနှစ်တုန်းကမှ
ဖလော်ရီဒါတက္ကသိုလ်က သုတေသီတွေဆီကို ၁၂ ဂရမ် နာဆာက လွှဲပေးလိုက်တာ ဖြစ်ပါတယ်။
ဒီလိုစမ်းသပ်ချက်မျိုး လုပ်ဆောင်ဖို့ အချိန်ရောက်ပြီလို့ နာဆာကဆိုပါတယ်။
ဘာကြောင့်လဲဆိုတော့ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ အာကာသအေဂျင်စီတွေက အာကာသယာဉ်မှူးတွေကို
လပေါ်ကို ပြန်ပို့ဖို့ လုပ်နေကြပါပြီ။
“ဘာမဆိုစိုက်ပျိုးနိုင်ပြီဆိုတဲ့ အချက်က အတော်လေးကောင်းမွန်တဲ့
အစတစ်ခု ဖြစ်ပါတယ်။ အခုဆိုရင် မေးခွန်းက ဒါကို ပိုကောင်း ပိုတိုးတက်အောင် ဘယ်လို လုပ်ဆောင်ရမလဲဆိုတာပါပဲ။”
လို့ နာဆာရဲ့ ပရိုဂရမ်သိပ္ပံပညာရှင် Shamila Bhattacharya က ဆိုပါတယ်။
ကိုးကား
Scientists
grow plants in lunar dirt, next stop moon (phys.org)
Comments
Post a Comment