ရှေးဟောင်း လကမ္ဘာမီးတောင်တွေက ထွက်ပေါ်ခဲ့တဲ့ ရေတွေကို တစ်ချိန်ချိန်မှာ အာကာသယာဉ်မှူးတွေ အသုံးပြုနိုင်လောက်ပါတယ်။

 


          လွန်ခဲ့တဲ့ နှစ်ဘီလီယံပေါင်းများစွာတုန်းက လကမ္ဘာပေါ်မှာ မီးတောင်ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ဒီအာကသဝတ္ထုကြီးရဲ့ စတုရန်းမိုင် ရာပေါင်းထောင်ချီတဲ့ မျက်နှာပြင်ကို ပူပြင်းတဲ့ချော်ရည်တွေနဲ့ ဖုံးလွှမ်းစေခဲ့ပါတယ်။ နှစ်ကာလပေါင်းများစွာ တစ်လျှောက် ဒီချော်ရည်တွေက အမဲကွက် သို့မဟုတ် မာရီယာ (maria) တွေကို ဖန်တီးခဲ့ပြီး ကျွန်တော်တို့ ယနေ့ညအချိန်မှာ မြင်တွေ့နေရတဲ့ လမျက်နှာပြင်ပုံစံမျိုး ဖြစ်ပေါ်စေခဲ့ပါတယ်။

            အခုဆိုရင်တော့ သုတေသနအသစ်တစ်ခုက ဒီမီးတောင်တွေဟာ လမျက်နှာပြင်ပေါ်မှာ နောက်ထပ်ရိုက်ခတ်မှုတစ်ခုကို ကျန်ရစ်စေခဲ့လိမ့်မယ်လို့ ထင်မြင်ချက်ပေးထားပါတယ်။ ဒါကတော့ တခြားမဟုတ်ပါဘူး။ လရဲ့ ဝင်ရိုးစွန်းတွေနဲ့ တခြားနေရာအချို့မှာ တွေ့ရတဲ့ ပေပေါင်းရာချီ သို့မဟုတ် ဒါဇင်လောက်ထူနိုင်တဲ့ ရေခဲလွှာကြီးတွေပဲ ဖြစ်ပါတယ်။

          “ဒါကြီးကို လကမ္ဘာပေါ်မှာ အချိန်အတော်ကြာဖွဲ့စည်းတည်ဆောက်ခဲ့တဲ့ နှင်းခဲတစ်ခုအဖြစ် ကျွန်တော်တို့ ခန့်မှန်းထားပါတယ်။” လို့ စာတမ်းဦးဆောင်ရေးသားသူ အန်ဒ ရူး ဝေးလ်ကောစကီးက ဆိုပါတယ်။

          သူနဲ့ သူရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ သူတို့တွေ့ရှိမှုကို Planetary Science Journal မှာ ထုတ်ဝေခဲ့ပါတယ်။

          သုတေသီတွေဟာ ကွန်ပျူတာသရုပ်ပြုမှု သို့မဟုတ် မော်ဒယ်တွေကို တည်ဆောက်ပြီး ကမ္ဘာပေါ်မှာ ရှုပ်ထွေးတဲ့သက်ရှိတွေမပေါ်ခင်အချိန်က လကမ္ဘာရဲ့အခြေအနေကို ပြန်လည်ဖန်တီးကြည့်ဖို့ ကြိုးစားခဲ့ပါတယ်။ လပေါ်က ရှေးဟောင်းမီးတောင်တွေဟာ ပမာဏမြောက်များစွာသော ရေငွေတွေကို ပန်းထုတ်ခဲ့ပြီး ဒါတွေက မျက်နှာပြင်ပေါ် အချိန်တစ်ခုအကြာမှာ အခြေကျသွားခဲ့တာကို သူတို့တွေ့ရှိခဲ့ကြပါတယ်။ ဒီနောက်မှာတော့ သူတို့တွေဟာ ရေခဲတွေအဖြစ် စုစည်းသွားပြီး အခုအချိန်ထိ လပေါ်က ချိုင့်ခွက်တွေအတွင်းမှာ ပုန်းကွယ်နေနိုင်ပါတယ်။ အကယ်လို့ အဲ့အချိန်မှာ လူသားတွေရှိနေမယ်ဆိုရင် လမျက်နှာပြင်ရဲ့ ညနဲ့နေ့ နယ်နိမိတ် မျဉ်းကြားလောက်မှာ ဒီနှင်းခဲတွေကို ငွေရောင်အဖြစ်နဲ့ မြင်နိုင်ပါလိမ့်မယ်။

          ဒါက အနာဂတ်မှာ လကမ္ဘာကိုစူးစမ်းလေ့လာမယ့်သူတွေအတွက် အလားအလာ ကောင်းတဲ့ ဆုလာဒ်တစ်ခုပါပဲ။ သူတို့လိုသောက်ဖို့ရေနဲ့ ဒုံးပျံလောင်စာအတွက် ဆောင်ရွက်နိုင်မယ့် ရေအတွက် ဒါကို လိုအပ်ပါတယ်လို့ စာတမ်းတွဲဖက်ရေးသားသူ ပေါလ်ဟေနီက ဆိုပါတယ်။

          “မျက်နှာပြင်အောက် ၅ ပေ သို့မဟုတ် ၁၀ ပေလောက်မှာ ရေခဲလွှာကြီးတစ်ခု ရှိနေနိုင်ပါတယ်။” လို့ ဟေနီက ဆိုပါတယ်။

ယာယီလေထု

          လေ့လာမှုအသစ်ကနေပြီးတော့ လဟာ သိပ္ပံပညာရှင်တွေထင်ထားတာထက် ပိုများတဲ့ ရေပမာဏရှိခဲ့တယ်လို့ ထင်မြင်ချက်ပေးပါတယ်။ ၂၀၂၀ လေ့လာမှုတုန်းက ဟေနီနဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက လမျက်နှာပြင်ရဲ့ စတုရန်မိုင် ၆၀၀၀ နီးပါးလောက် များသောအားဖြင့် လရဲ့တောင်နဲ့မြောက်ဝင်ရိုးစွန်းတွေဟာ ရေခဲတွေကို သိုလှောင်ထားနိုင်ကြောင်း ခန့်မှန်းတွက်ချက်ခဲ့ပါတယ်။ ဒီရေတွေအားလုံး ဘယ်ကရောက်လာသလဲဆိုတာ အတွက်တော့ အခုအချိန်အထိ မသဲကွဲသေးပါဘူး။

          “လောလောဆယ်မှာတော့ အလားအလာကောင်တဲ့ အရင်းအမြစ်တွေအများကြီး ရှိနေပါတယ်။” လို့ ဟေနီက ဆိုပါတယ်။

          မီးတောင်တွေက အဖြစ်နိုင်ဆုံးပါပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ ဘီလီယံကနေ ၄ ဘီလီယံ လောက်တုန်းက လကမ္ဘာဟာ ပရမ်းပတာအခြေအနေတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခု ဖြစ်ခဲ့တယ်လို့ planetary scientist တွေက ရှင်းပြပါတယ်။ ဒီကာလအတွင်းမှာ ရာပေါင်းထောင်ချီတဲ့ မီးတောင်ပေါက်ကွဲမှုတွေဖြစ်ပေါ်ခဲ့ပြီး ဧရာမချော်ရည်ကန်ကြီးတွေနဲ့ မြစ်ချောင်းတွေကို ဖန်တီးထုတ်လုပ်ခဲ့ပါတယ်။

          မကြာသေးခင်က သုတေသနတစ်ခုမှာတော့ ဒီမီးတောင်ပေါက်ကွဲမှုတွေဟာ ကာဗွန်မိုနောက်ဆိုဒ်အများစုနဲ့ ရေငွေ့တွေပါဝင်တဲ့ တိမ်တိုက်ကြီးတစ်ခုကိုလဲ ထုတ်လုပ်ခဲ့ပုံရကြောင်း ပြသနေပါတယ်။ ဒီတိမ်တိုက်ကြီးဟာ လကမ္ဘာတစ်ဝိုက် လှည့်ပတ်နေပြီး ပါးလွှားတဲ့ သက်တမ်းတိုလေထုတစ်ခုကို ဖန်တီးခဲ့နိုင်ပါတယ်။

          ဒါက ဟေနီနဲ့ ဝေးလ်ကော့စကီးတို့ကို အံ့အားသင့်စေခဲ့တာ ဖြစ်ပါတယ်။ ဒီလေထုကပဲ လမျက်နှာပြင်ပေါ်မှာ ရေခဲတွေကို ကျန်ရစ်စေခဲ့တာလား။ အေးမြတဲ့ဆောင်းတစ်ည ပြီးနောက် မြေပေါ်မှာကျန်ရစ်နေတဲ့ နှင်းခဲလေးတွေလိုပေါ့။

ထာဝရရေခဲအဖြစ်

          ဒါကိုအဖြေရှာဖို့အတွက် ဒီအတွဲနဲ့အတူ မာဂရက်လန်းဒစ်တို့ဟာ လွန်ခဲ့တဲ့ နှစ်ဘီလီယံပေါင်းများစွာက လကမ္ဘာရဲ့မျက်နှာပြင်ပေါ်သို့ သွားနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။

          အဖွဲ့က သူ့ရဲ့မီးတောင်ပေါက်ကွဲမှု အမြင့်ဆုံးကာလမှာ ပျမ်းမျှအားဖြင့် နှစ်ပေါင်း ၂၂၀၀၀၀ ကြာတိုင်းတစ်ကြိမ် ပေါက်ကွဲမှုတစ်ခုကို ကြုံတွေ့ခဲ့ရပါတယ်လို့ ခန့်မှန်းပါတယ်။ ဒီနောက်မှာတော့ သုတေသီတွေဟာ လကမ္ဘာတစ်ဝိုက်မှာ ဒီမီးတောင်ဓာတ်ငွေ့တွေ အာကာသအတွင်း မလွှတ်ထွက်ခင် ဘယ်လိုလှည့်လည်သွားလာနေသလဲဆိုတာကို ထောက်လှမ်းခဲ့ပါတယ်။ အခြေအနေတွေက မျက်နှာပြင်ပေါ်မှာ ရေခဲဖြစ်စေခဲ့တာကို သူတို့တွေ့ရှိခဲ့ပါတယ်။ အဖွဲ့ရဲ့ခန့်မှန်းတွက်ချက်မှုအရ မီးတောင်ပေါက်ကွဲမှုတွေကနေ ထွက်ပေါ်ခဲ့တဲ့ ရေ ၄၁ ရာခိုင်နှုန်းလောက်ဟာ လမျက်နှာပြင်ပေါ်မှာ ရေခဲအဖြစ် သိပ်သည်း သွားခဲ့ပါတယ်။

          “လေထုဟာ နှစ်ပေါင်း ၁၀၀၀ သက်တမ်းကျော်လောက်မှာ အာကာသအတွင်းကို လွတ်ထွက်သွားခဲ့တာကြောင့် ရေခဲတွေဖြစ်ပေါ်ဖို့ အချိန်လုံလုံလောက်လောက်ရှိပါ တယ်။” လို့ ဝေးလ်ကောစကီးက ဆိုပါတယ်။

          အမှန်တော့ လပေါမှာ ရေခဲတွေအများကြီး ရှိနေနိုင်ပြီး ကမ္ဘာကနေတောင် ဝင်ရိုးစွန်းက ထူထဲတဲ့ရေခဲဖုံးကြီးတွေနဲ့ ပြောင်လတ်လတ်ရေခဲတွေကို ထောက်လှမ်းကြည့်နိုင်ပါတယ်။ ဒီကာလအတွင်းမှာ မီးတောင်ရေပေါင်း ၁၈ ကွာဒရီလီယံလောက် ရေခဲအဖြစ် သိပ်သည်းသွားခဲ့တယ်လို့ အဖွဲ့က တွက်ချက်ခဲ့ပါတယ်။ ဒါက မီချီဂန်ကန်အတွင်းမှာ လောလောဆယ်ရှိနေတဲ့ ရေပမာဏထက်တောင် ပိုများပါသေးတယ်။ ဒီလကမ္ဘာပေါ်က ရေတွေက အခုအချိန်အထိ ရှိနိုင်သေးတယ်လို့ သုတေသီတွေက အရိတ်အမြွတ်ပြောပါ တယ်။

          သို့သော်လည်း ဒီအာကာသရေခဲတုံးကြီးတွေဟာ ရှာဖွေဖို့ မလွယ်ကူပါဘူး။ ရေခဲ အများစုဟာ လရဲ့ဝင်ရိုးစွန်နားမှာ စုရင်စု ဒါမှမဟုတ်ရင် လမျက်နှာပြင်ရဲ့ ပေပေါင်း ရာချီ လောက်မှာ မြုပ်နေနိုင်ပါတယ်။

          ဒါပေမယ့် ဒါတွေကိုလည်း ရိုဘော့တွေ သို့မဟုတ် လူအင်အားသုံးပြီး တူးဖော် ထုတ်ယူလို့ ရနိုင်တယ်လို့ ဟေနီက ဆက်ပြောပါတယ်။

          “ကျွန်တော်တို့ တကယ်သွားပြီး တူးကြည့်ဖို့ပါပဲ။”

ကိုးကား

Astronauts may one day drink water from ancient moon volcanoes (phys.org)

 

Comments

Popular posts from this blog

ရူပဗေဒပညာရှင်အချို့နဲ့ ဒဿနဗေဒပညာရှင်အချို့ရဲ့ အဆိုအရ အချိန်ဆိုတဲ့အရာမျိုး မရှိပါ။

နဂါးငွေ့တန်းဂလက်စီပြင်ပရှိ နျူထရီနိုထုတ်လုပ်သည့် အရင်းအမြစ်များ။

ဂလက်စီများအား ရေတွက်ခြင်းဖြင့် အထူးနှိုင်းရသီအိုရီအား လက်တွေ့အသုံးချခြင်း။