ကမ္ဘာဆီသို့ စူပါနိုဗာတစ်ခု၏ ပထမဆုံးသဲလွန်စများကို ယူဆောင်လာသော ဂြိုဟ်သား ကျောက်တုံး။
Chemistry “forensics” အသစ်ကနေပြီးတော့ အီဂျစ်သဲကန္တရက ရရှိထားတဲ့
ဟိုက်ပတီးယား (Hypatia) လို့ အမည်ရတဲ့ ကျောက်တုံးတစ်ခုဟာ type Ia supernovae ရဲ့ ကမ္ဘာပေါ်မှာတွေ့ရှိရတဲ့
ပထမဆုံးသော ခိုင်လုံတဲ့ သက်သေအထောက်အထားတစ်ခု ဖြစ်မယ်လို့ ညွှန်ပြနေပါတယ်။ ဒီရှားပါးတဲ့စူပါနိုဗာအမျိုးအစားတွေဟာ
စကြဝဠာအတွင်းမှာ စွမ်းအားအကြီးဆုံးဖြစ်စဉ်တွေထဲက တစ်ခုဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်လောက်တည်းက Belyanin နဲ့ Kramer တို့က ဟိုက်ပတီးယာကျောက်တုံးရဲ့ ပုံမှန်မဟုတ်တဲ့ ဓာတုဗေဒ သဲလွန်စတွေနဲ့ပတ်သက်ပြီး ဖော်ထုတ်နေကြတာ ဖြစ်ပါတယ်။ အခုသုတေသနအသစ်မှာတော့ သူတို့က ဒီကျောက်တုံးရဲ့ဇစ်မြစ်အတွက် အဖြစ်နိုင်ဆုံး အရင်းအမြစ်တစ်ခုကို
ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒီလိုဖော်ထုတ်နိုင်ဖို့အတွက် သူတို့ဟာ နေ၊ ကမ္ဘာနဲ့ နေအဖွဲ့အစည်းအတွင်းရှိ
အခြားဂြိုဟ်တွေရဲ့ အစောပိုင်းဖြစ်ပေါ်ပုံ အဆင့်တွေအားလုံးကို ပေါင်းစည်းခဲ့ရပါတယ်။
အာကာသအချိန်စီးကြောင်း
ဟိုက်ပတီးယားကျောက်တုံးနဲ့ပတ်သက်တဲ့ သူတို့ရဲ့ အယူအဆက ကြယ်တစ်စင်းနဲ့
စတင်ပါတယ်။ ကြယ်နီဘီလူးကြီးတစ်လုံးဟာ ကြယ်ဖြူပုတစ်လုံးအဖြစ် ပြိုပျက်သွားခဲ့ပါတယ်။
ဒီပြိုပျက်မှုဟာ နဗျူလာလို့ခေါ်တဲ့ ဧရာမဓာတ်ငွေ့တိမ်တိုက်ကြီးအတွင်းမှာ ဖြစ်ပျက်ခဲ့ပါတယ်။
ဒီကြယ်ဖြူပုဟာ နောက်ထပ်ဒုတိယမြောက်ကြယ်တစ်လုံးနဲ့ စုံတွဲစနစ်ဖြစ်သွားခဲ့ပြီး
နောက်ဆုံးမှာတော့ ကြယ်ဖြူပုဟာ ဒီကြယ်ကြီးကို “စားသောက်” လိုက်ပါတော့တယ်။ အချိန်တစ်ခုရောက်တဲ့အခါမှာတော့
ဗိုက်ပြည့်သွားတဲ့ ကြယ်ဖြူပုကြီးဟာ ဓာတ်ငွေ့တိမ်တိုက်ကြီးအတွင်းမှာပဲ type 1a
supernovae အဖြစ်နဲ့ ပေါက်ကွဲထွက်သွားပါတော့တယ်။
တဖြည်းဖြည်းအေးမြလာတဲ့အခါမှာတော့ supernovae type 1a ကနေ ကျန်ရစ်ခဲ့တဲ့ ဓာတ်ငွေ့အက်တမ်တွေဟာ ဓာတ်ငွေ့တိမ်တိုက်ကြီးရဲ့အမှုန်တွေမှာ စတင်ကပ်ငြိလာခဲ့ပါတယ်။
“ဆိုရမယ်ဆိုရင် supernovae type 1a တစ်ခုရဲ့ အဖြစ်အပျက်တွေကို
ကျွန်တော်တို့ ဖမ်းမိလိုက်သလိုပါပဲ။ ဘာကြောင့်လဲဆိုတော့ ပေါက်ကွဲမှုကနေကျန်ရစ်ခဲ့တဲ့
ဓာတ်ငွေ့ အက်တမ်တွေကို နောက်ပိုင်းမှာ ဟိုက်ပတီးယားရဲ့ ပင်မခန္ဓာကိုယ်ကြီးဖြစ်လာခဲ့တဲ့
ပတ်ပတ်လည်က ဓာတ်ငွေ့တိမ်တိုက်အတွင်းမှာ ဖမ်းမိလိုက်လို့ပါ။” လို့ Kramers က ဆိုပါတယ်။
“ဒီစူပါနိုဗာရဲ့ ဖုန်မှုန်နဲ့ ဓာတ်ငွေ့အက်တမ်ရောထွေးနေတဲ့ ဧရာမပူဖောင်းကြီးဟာ
တခြားသော ဓာတ်ငွေ့တိမ်တိုက်တွေနဲ့ လုံးဝရောနှောခြင်းမရှိခဲ့ပါဘူး။”
နှစ်သန်းပေါင်းများစွာကုန်ဆုံးပြီးနောက်မှတော့ “ပူဖောင်း” ကြီးဟာ
တဖြည်းဖြည်း နဲ့ အစိုင်အခဲဖြစ်လာခဲ့ပါတယ်။ ဟိုက်ပတီးယားရဲ့ “ပင်မခန္ဓာကိုယ်ကြီး” ဟာ
ကျွန်တော်တို့ နေအဖွဲ့အစည်းဖြစ်ပေါ်နေတဲ့ အစောပိုင်းအချိန်ကာလအတွင်းမှာ အစိုင်အခဲကျောက်တုံးကြီးတစ်ခု ဖြစ်ခဲ့ပုံရပါတယ်။
ဒီဖြစ်စဉ်က နေအဖွဲ့အစည်းအပြင်ပိုင်း အေးခဲတဲ့ အော့တ်တိမ်တိုက်
သို့မဟုတ် ကွေပါးခါးပတ်အတွင်းမှာ ဖြစ်ပေါ်ခဲ့နိုင်ပါတယ်။
အချိန်တစ်ခုရောက်တဲ့အခါမှာတော့ ဟိုက်ပတီးယားရဲ့ ပင်မခန္ဓာကိုယ်ကြီးဟာ
ကမ္ဘာဆီသို့ တစ်ရှိန်ထိုး ဦးတည်လာခဲ့ပါတယ်။ ကမ္ဘာလေထုအတွင်းဝင်ရောက်မှုကြောင့် ဖြစ်ပေါ်လာတဲ့
အပူဟာ အီဂျစ်နိုင်ငံရဲ့ Great Sand Sea မှာ ရိုက်ခတ်မှုကြောင့်ဖြစ်တဲ့ ဖိအားနဲ့ပေါင်းစပ်ပြီး
မိုက်ခရိုအရွယ်အစားစိန်လေးတွေကို ဖန်တီးခဲ့ပြီး ပင်မခန္ဓာကိုယ်ကြီးကိုလည်း အစိတ်စိတ်အမွှာမွှာကွဲအက်စေခဲ့ပါတယ်။
“အကယ်လို့ ဒီအယူအဆသာ မှန်မယ်ဆိုရင်တော့ ဟိုက်ပတီးယားကျောက်တုံဟာ
supernovae type 1a ပေါက်ကွဲမှုတစ်ခုရဲ့ ကမ္ဘာပေါ်က ပထမဆုံးသော ခိုင်လုံးတဲ့သဲလွန်စတစ်ခု ဖြစ်လာနိုင်ပါတယ်။” လို့ Kramers က ဆိုပါတယ်။
နမူနာပုံစံလေးတစ်ခုအတွက် လိုအပ်တဲ့
စွမ်းအင်ဗို့သုံးသန်း
ဟိုက်ပတီးယား ဘယ်လိုဖြစ်ပေါ်ခဲ့သလဲဆိုတဲ့ အချိန်သမိုင်းကြောင်းကို
စုစည်းနိုင်ဖို့ အတွက် သုတေသီတွေဟာ ဒီထူးဆန်းတဲ့ကျောက်တုံးကို နည်းလမ်းပေါင်းများစွာ
အသုံးပြု ပြီး သရုပ်ခွဲစိစစ်ခဲ့ကြပါတယ်။
၂၀၁၃ ခုနှစ်တုန်းက အာဂွန်အိုက်ဆိုတုပ်လေ့လာမှုကနေပြီးတော့ ဒီကျောက်တုံးဟာ ကမ္ဘာပေါ်မှာ ဖြစ်ပေါ်ခဲ့တာမဟုတ်ကြောင်း ပြသခဲ့ပါတယ်။ ဒါက ကမ္ဘာပြင်ပမှာ ဖြစ်ပေါ်ခဲ့တဲ့
ဂြိုဟ်သားကျောက်တုံးဖြစ်ရပါမယ်။ ၂၀၁၅ ခုနှစ်မှာ အပိုင်းအစအတွင်းက နိုဗယ်ဓာတ်ငွေ့တွေကို
လေ့လာမှုကနေပြီးတော့ သိရှိထားတဲ့ ဥက္ကာခဲ သို့မဟုတ် ကြယ်တံ ခွန်အမျိုးအစား မဟုတ်ကြောင်း
ညွှန်ပြခဲ့ပါတယ်။
၂၀၁၈ ခုနှစ်မှာတော့ UJ Team ကနေပြီးတော့ ဒီကျောက်တုံးဟာ နေအဖွဲ့အစည်းအတွင်းက
ဘယ်ဝတ္ထုမှာမှ မတွေ့ရတဲ့ နီကယ်ဖော့စဖိုဒ်ပါဝင်နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒီအခြေအနေရောက်တဲ့အခါမှာတော့ ဟိုက်ပတီးယားကို သရုပ်ခွဲစစ်စစ်ဆေးဖို့
ခက်ခဲလာခဲ့ပါပြီ။ သဲလွန်စရနိုင်တဲ့ သတ္တုတွေကို ရှာကြည့်ဖို့ဆိုရင် သူတို့မှာရှိတဲ့
ပစ္စည်းနဲ့ မလုံလောက်ပါဘူး။ ဒီနမူနာပစ္စည်းသေးသေးလေးကို မဖျက်စီးပဲ သရုပ်ခွဲစိစစ်နိုင်မယ့်
ပိုပြီး စွမ်းအားကြီးတဲ့ စက်ပစ္စည်းကြီးတစ်ခု လိုအပ်လာခဲ့ပါတယ်။
၂၀၁၅ ခုနှစ်မှာတော့ Belyanin က proton beam တစ်ခုပေါ်မှာ မြောက်များစွာသော သရုပ်ခွဲစစစ်မှုတွေကို ပြုလုပ်ခဲ့ပါတယ်။
ပုံစံတစ်ခုရှာဖွေခြင်း
“ဟိုက်ပတီးယားဖော်ပြသမျှ မူမမှန်မှုအားလုံးကို လေ့လာမယ့်အစား အခြေခံဝိသေဿတစ်ခု ရှိသလားဆိုတာ ကျွန်တော်တို့ သိချင်ခဲ့ကြပါတယ်။ ဒီကျောက်တုံးမှာ ယုတ္တိကျတဲ့
ဓာတုဗေဒပုံစံမျိုး ရှိသလားဆိုတာ ကျွန်တော်တို့ သိချင်ခဲ့ကြပါတယ်။” လို့ Kramers က ဆိုပါတယ်။
သရုပ်ခွဲစိစစ်ဖို့အတွက် ဒီနမူနာပုံစံထဲက ပစ်မှတ် ၁၇ ခုကို သေချာ
ရွေးယူခဲ့ပါတယ်။ သူတို့ ရွေးထားသမျှဟာ ရိုက်ခတ်မှုပြီးနောက် မူလကျောက်တုံးပေါ်မှာ ဖြစ်ပေါ်ခဲ့တဲ့
ကမ္ဘာပေါ်က ဓာတ်သတ္တုအားလုံးကို ဖယ်ထုတ်ထားပြီးသား ဖြစ်ပါတယ်။
“ဟိုက်ပတီးယားထဲမှာ မတူညီတဲ့ ဒြပ်စင် ၁၅ မျိုးကို ကျွန်တော်တို့
အတိကျဆုံးနဲ့ အသေချာဆုံး အတည်ပြုခဲ့ပါတယ်။ ဒါက ကျွန်တော်တို့ လိုချင်နေတဲ့ ဓာတု ‘ပါဝင်ပစ္စည်း’
တွေကို ပေးနိုင်ခဲ့ပါတယ်။” လို့ Belyanin က ဆိုပါတယ်။
Proton beam က ကျွန်တော်တို့
နေအဖွဲ့အစည်းကိုလဲ ဖယ်ထုတ်ခဲ့ပါတယ်။
Proton beam က ရလာတဲ့ အံ့ဩဖို့ကောင်းတဲ့ ပထမဆုံးသဲလွန်စအသစ်ကတော့
ဟိုက်ပတီးယားကျောက်တုံးပစ်မှတ်တွေထဲက ဆီလီကွန်ပမာဏ အလွန်နည်းနေခြင်း ဖြစ်ပါတယ်။ ဆီလီကွန်၊
ခရိုမီနီယမ်နဲ့ မဂ္ဂန်းနိစ်တို့က ကျွန်တော်တို့ နေအဖွဲ့အစည်းအတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့
ပစ္စည်းတွေမှာ မျှော်လင့်ထားတာရဲ့ ၁ ရာခိုင်နှုန်းထက်တောင် နည်းနေပါသေးတယ်။
ဒါ့အပြင် အိုင်းယွန်း၊ ဆာလ်ဖာ၊ ဖော့စဖရပ်စ်၊ ကော့ပါးနဲ့ ဗနေဒီယမ်ပါဝင်နှုန်းမြင့်မားမှုတွေကလဲ ထူးဆန်းနေပြီး မူမမှန်ဖြစ်နေပါတယ်လို့ Kramers က ဆက်ပြောပါတယ်။
“ကျွန်တော်တို့ နေအဖွဲ့အစည်းအတွင်းက ပစ္စည်းတွေနဲ့ လုံးဝကွဲပြားခြားနားမှုရှိတဲ့
ဒြပ်စင်ပေါကြွယ်ဝမှုပုံစံကို တွေ့ရပါတယ်။ ဂြိုဟ်ပဲ့ခါးပတ်နဲ့ ဥက္ကာခဲတွေကလဲ ဒါနဲ့ လုံးဝ
ကိုက်ညီမှုမရှိပါဘူး။ ဒီနောက်မှာတော့ နေအဖွဲ့အစည်းပြင်ပမှာ ရှာကြည့်ဖို့ ဖြစ်လာပါ တယ်။”
လို့ Kramers က ဆိုပါတယ်။
ကျွန်တော်တို့ အိမ်နီးနားချင်းပစ္စည်းမဟုတ်ပါ။
ဒီနောက်မှာတော့ Kramers က ဟိုက်ပတီးယား ဒြပ်စင်ပေါကြွယ်ဝမှုပုံစံကို
နဂါးငွေ့ တန်းဂလက်စီရဲ့ နေပါဝင်တဲ့ လက်တံအပိုင်းက ကြယ်တွေကြား ဓာတ်ငွေ့တွေနဲ့ နှိုင်းယှဉ် ကြည့်ခဲ့ပါတယ်။
“နဂါးငွေ့တန်းလက်တံက ကြယ်တွေကြားကွက်လပ်ရှိ ဓာတ်ငွေ့က ကျွန်တော်တို့
ရထားတဲ့ ပုံစံနဲ့ ဟိုက်ပတီးယားမှာ တွေ့ရတဲ့ပုံစံ ကိုက်ညီသလားလို့ ကျွန်တော်တို့ စစ်ကြည့်ခဲ့ပါတယ်။
ဒီတစ်ကြိမ်မှာလဲ ကိုက်ညီမှုလုံးဝမတွေ့ရပါဘူး။” လို့ Kramers က ဆက်ပြောပါတယ်။
ဒီအချိန်မှာတော့ proton beam ဟာ ဖြစ်နိုင်ခြေရှိတဲ့ အရင်းအမြစ်
လေးခုလောက်ကို ဖယ်ထုတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။
ဟိုက်ပတီးယားက ကမ္ဘာမှာဖြစ်ခဲ့တာလဲမဟုတ်ဘူး သိရှိထားတဲ့ ဥက္ကာခဲ
သို့မဟုတ် ကြယ်တံခွန်တစ်ခုရဲ့ အစိတ်အပိုင်းလဲမဟုတ်ဘူး။ နောက်ပြီး နေအဖွဲ့အစည်းအတွင်းပိုင်း
က ဓာတ်ငွေ့တွေကနေ ဖြစ်ပေါ်ခဲ့တာလဲ မဟုတ်ဘူး။ ကြယ်တွေကြားကွက်လပ်က ဓာတ်ငွေ့တွေကနေ ဖြစ်ပေါ်ခဲ့တာလဲ
မဟုတ်ပြန်ဘူး။
ကြယ်နီဘီလူးကြီးမဟုတ်ပါ။
ဟိုက်ပတီးယားရဲ့ ဒြပ်စင်ပေါကြွယ်ဝမှုပုံစံအတွက် နောက်ထပ်အရှင်းဆုံး
ဖြစ်နိုင်ခြေကတော့ ကြယ်နီဘီလူးကြီးပဲ ဖြစ်ပါတယ်။ ကြယ်နီဘီလူးကြီးတွေဟာ စကြဝဠာအတွင်းမှာ
ပေါပေါများများ ရှိကြပါတယ်။
ဒါပေမယ့် Proton beam က ဒေတာတွေကတော့ ကြယ်နီဘီလူးကြီးကနေ စီးဆင်းလာတဲ့ ဒြပ်ထုတွေကိုလဲ ဖယ်ထုတ်လိုက်ပြန်ပါတယ်။ ဟိုက်ပတီးယားဟာ အိုင်းယွန်းပါဝင်မှုအရမ်ကိုးများနေပြီး
ဆီလီကွန်ပါဝင်မှုအရမ်းနည်းနေကာ အိုင်းယွန်းထက်ပိုလေးတဲ့ လေးလံတဲ့ ဒြပ်စင်ပါဝင်မှုကလည်း
နည်းနေပြန်ပါတယ်။
စူပါနိုဗာ type II လဲမဟုတ်ပြန်ပါ။
နောက်ထပ်ဖြစ်နိုင်တဲ့အရင်းအမြစ်ကတော့ type II supernovae ဖြစ်ပါတယ်။
ဒီ အမျိုးအစား စူပါနိုဗာတွေက အိုင်းယွန်းအများကြီး ထုတ်လုပ်နိုင်ပါတယ်။ သူတို့တွေကလဲ
ရှားပါးတဲ့ အမျိုးအစားတွေပါပဲ။
ဒီတစ်ကြိမ်မှာလဲ
Proton beam ဒေတာတွေကနေပြီးတော့ ဒီအလားအလာကောင်းနေတဲ့ အရင်းအမြစ်ကြီးကိုဖယ်ထုတ်လိုက်ပြန်ပါတယ်။
ဒီ type II supernovae တွေက ထူးခြားတဲ့ ဓာတ်သတ္ထုတစ်မျိုးဖြစ်တဲ့ နီကယ်ဖော့စ်စဖိုဒ်ကို
မရှင်းပြနိုင်ပါဘူး။ နောက်ပြီး ဆီလီကွန်နဲ့ ကယ်ဆီယမ်တို့နဲ့ယှဉ်ရင် ဟိုက်ပတီးယားမှာ
အိုင်းယွန်းပါဝင်မှု အရမ်းများနေပါတယ်။
လေးလံတဲ့သတ္ထုထုတ်စက်
ပိုပြီးရှားပါးတဲ့ စူပါနိုဗာတစ်မျိုးက အိုင်းယွန်းအမြောက်အများ
ပြုလုပ်နိုင်ပါတယ်။ type Ia supernovae တွေဟာ ရာစုနှစ်တစ်ခုကြာမှာ တစ်ကြိမ် သို့မဟုတ်
နှစ်ကြိမ် လောက်ပဲ ဖြစ်ပေါ်ပါတယ်။ ဒါပေမယ့် သူတို့တွေက စကြဝဠာအတွင်းမှာ သံထုတ်လုပ်မှု
အများဆုံးဖြစ်ပါတယ်။ ကမ္ဘာပေါ်က စတီးအများစုဟာ type Ia supernovae တွေမှာ ဖြစ်ပေါ်ခဲ့တဲ့
သံကနေလာတာ ဖြစ်ပါတယ်။
ဒါ့အပြင် တချို့သော type Ia supernovae တွေက ထူးခြားတဲ့ “forensic
chemistry” သဲလွန်စတစ်ခုကိုလဲ ချန်ရစ်ခဲ့ပါသေးတယ်။
ပထမဆုံးအနေနဲ့ ကြယ်နီပုကြီးဟာ သူ့သက်တမ်းနောက်ဆုံးအချိန်မှာ အလွန်သိပ်သည်းတဲ့ကြယ်ဖြူပုတစ်ခုအဖြစ် ပြိုပျက်သွားပါတယ်။ ကြယ်ဖြူပုတွေဟာ များသောအားဖြင့် အလွန်တည်ငြိမ်တဲ့ပစ္စည်းတွေဖြစ်ပြီး
အချိန်အတော်ကြာ မပြောင်းလဲဘဲ တည်ရှိ နိုင်ပါတယ်။ အများစုက ပေါက်ကွဲထွက်သွားတာမျိုးမရှိပါဘူး။
ဒါပေမယ့် ချွင်းချက်တော့ ရှိပါတယ်။
ကြယ်ဖြူပုတစ်စင်းဟာ စုံတွဲစနစ်တစ်ခုမှာ အခြားကြယ်တစ်ခုဆီကနေ ဒြပ်သား
တွေကို ဆွဲယူပါတယ်။ ကြယ်ဖြူပုက အဖော်ကြယ်ကို စားသုံးနေတယ်လို့ ပြောလို့ ရပါတယ်။ နောက်ဆုံးမှာတော့
ကြယ်ဖြူပုက အရမ်းလေးလံလာပြီး ပူပြင်းလာကာ မတည် မငြိမ်ဖြစ်လာပါတော့တယ်။ ဒီနောက်မှာတော့
type Ia စူပါနိုဗာအဖြစ် ပေါက်ကွဲထွက်သွား ပါတော့တယ်။
Type Ia supernovae အတွင်း နျူကလိယပေါင်းစည်းမှုဖြစ်စဉ်ကနေ ပုံမှန်မဟုတ်
တဲ့ ဒြပ်စင်တွေ၊ ပေါကြွယ်ဝမှုပုံစံတွေကို ထုတ်လုပ်နိုင်ပါတယ်။
Forensic elements
evidence
“type Ia supernovae ဒေတာအားလုံးနဲ့ သီအိုရီမော်ဒယ်တွေကနေပြီးတော့
စူပါနိုဗာ type II မော်ဒယ်တွေနဲ့စာရင် သံပါဝင်မှုပိုများတာကို ပြနေပါတယ်။” လို့
kramers က ဆိုပါတယ်။
“ဒီအတိုင်းသာဆိုရင် proton beam က ဒေတာတွေက type Ia
supernovae ဒေတာ တွေနဲ့ ကိုက်ညီမှုရှိနေပါတယ်။”
“ဒြပ်စင် ၁၅ ခုလုံးတော့ ကိုက်ညီမှုရှိတာမဟုတ်ပါဘူး။ ၁၅ ခုထဲက ခြောက်ခုက
type Ia မှာတွေ့ရတာမျိုး မဟုတ်ပါဘူး။”
“ကြယ်ဖြူပုက သေဆုံးကြယ်နီဘီလူးကြီးကနေ ဖြစ်လာတာကြောင့် ဟိုက်ပတီးယားမှာ
ဒီကြယ်နီပုကြီးဆီက ဒြပ်စင်တွေလဲ ပါဝင်နေပါတယ်။ ဒီလို ဖြစ်စဉ်မျိုး ကို တခြားကြယ်ဖြူပုသုတေသနေတွေမှာလဲ
တွေ့ရတတ်ပါတယ်။” လို့ Kramers က ဆို ပါတယ်။
ဒီအယူအသာမှန်မယ်ဆိုရင်တော့ ဟိုက်ပတီးယားကျောက်တုံးဟာ ကမ္ဘာပေါ်မှာ
တွေ့ရတဲ့ type Ia supernovae ရဲ့ ခိုင်မာတဲ့သဲလွန်စတစ်ခု ဖြစ်လာပါလိမ့်မယ်။
ကိုးကား
Extraterrestrial
stone brings first supernova clues to Earth (phys.org)
Comments
Post a Comment