ဝပ်ဘ်တယ်လီစကုပ်သည် မကြာမီအချိန်အတွင်း နေအဖွဲ့အစည်းကို လေ့လာနိုင်တော့မည်။

 

Simulated spectroscopy results from the plumes of Europa. This is an example of the data the Webb telescope could return that could identify the composition of subsurface ocean of this moon. 

          နာဆာရဲ့ ဝပ်ဘ်တယ်လီစကုပ်ဟာ သိပ္ပံတိုင်းတာရေးကိရိယာတွေကို commissioning လုပ်တဲ့ နောက်ဆုံးအဆင့်ကို ဖြတ်သန်းနေပြီဖြစ်တာကြောင့် တယ်လီစကုပ်ကြီးရဲ့ နည်းပညာဆိုင်ရာဆောင်ရွက်မှုတွေအတွက်လဲ ကျွန်မတို့ စတင်လုပ် ဆောင်နေပြီ ဖြစ်ပါတယ်။ အာကာသအတွင်း တယ်လီစကုပ်ကြီး ဖြတ်သန်းစဉ်ကာလမှာ ဝေးကွာတဲ့အရပ်က ကြယ်တွေနဲ့ ဂလက်စီတွေကို တောက်လျှောက်ရှာဖွေသွားမှာ ဖြစ်ပြီး ပုံရိပ်တွေနဲ့ ရောင်စဉ်တွေကိုရနိုင်ဖို့ ဒီအရာတွေကို အတိအကျအပြတ်သားဆုံး ထောက်လှမ်းသွားမှာ ဖြစ်ပါတယ်။   

          ပုံရိပ်တွေနဲ့ ရောင်စဉ်တွေရနိုင်ဖို့ဆိုရင် ဝပ်ဘ်ဟာ ဒီအရာတွေကို lock လုပ်ဖို့ လိုပြီး လိုအပ်တဲ့ တိကျပြတ်သားမှုနဲ့ ထောက်လှမ်းနိုင်မှုကိုလဲ လိုပါတယ်။ ဝပ်ဘ်အသင်းအနေနဲ့ ရွေ့လျားနေတဲ့ ဝတ္ထုတစ်ခုကို ထောက်လှမ်းခြင်း ပထမဆုံးစမ်းသပ်မှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီစမ်းသပ်မှုကနေပြီးတော့ ဝပ်ဟာ ရွေ့လျားနေတဲ့ ဝတ္ထုတွေကို ထောက်လှမ်းနိုင်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ commissioning ဆက် လက်လုပ်ဆောင်နေတုန်း ဖြစ်တဲ့အတွက် နေအဖွဲ့အစည်းအတွင်း သွားလာနေစဉ်မှာ ဝပ်ဘ်နဲ့ အမျိုးမျိုးသော အလျင်ရှိတဲ့ ဝတ္ထုတွေကိုလဲ အတည်ပြုနိုင်မလားဆိုတာကို စမ်းသပ်စစ်ဆေးသွားမှာဖြစ်ပါတယ်။  

          ဒီနေ့မှာတော့ နေအဖွဲ့အစည်းလေ့လာမှုအတွက် Webb interdisciplinary scientist ဖြစ်တဲ့ ဟေဒီဟမ်မယ်ကို သူမရဲ့အစီအစဉ်နဲပတ်သက်ပြီး ပြောပြဖို့ မေးမြန်းခဲ့ပါတယ်။

          “သိပ္ပံဆောင်ရွက်မှုတွေလုပ်မယ့် ဝပ်ဘ်ရဲ့ ပထမဆုံးနှစ်အတွက် ကျွန်မတို့ တော်တော်စိတ်လှုပ်ရှားနေပါပြီ။ ကျွန်မလိုမျိုးစိတ်အားထက်သန်မှုရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စုဖွဲ့ထားတဲ့ အဖွဲ့တစ်ဖွဲ့ရှိပါတယ်။ ဝပ်ဘ်ဟာ စကြဝဠာအတွင်းက အစောဆုံးဂလက်စီတွေရဲ့ အမှေးမှိန်ဆုံးအလင်းကို ထောက်လှမ်းနိုင်မှာဖြစ်ပေမယ့် ကျွန်မတို့အဖွဲ့ကတော့ အိမ်နဲ့ပိုပြီးနီးတဲ့ နေရာတွေကို စူးစမ်းလေ့လာသွားမှာ ဖြစ်ပါတယ်။ သူတို့က နေအဖွဲ့အစည်း အတွင်းက ဆန်းကြယ်မှုတွေကို ဝပ်ဘ်ကို အသုံးပြုပြီးဖော်ထုတ်သွားမှာဖြစ်ပါတယ်။”

          “ကျွန်မခဏခဏအမေးခံရတဲ့‌ မေးခွန်းတွေထဲကတစ်ခုက နေအဖွဲ့အစည်းကို လေ့လာဖို့ ဘာကြောင့် ဒီလောက်စွမ်းအားကြီးတဲ့ တယ်လီစကုပ်တစ်ခုကို အသုံးပြုဖို့ လိုရသလဲဆိုတာပါပဲ။ ကျွန်မတို့ planetary scientist တွေက မူလပထမမစ်ရှင်တွေကို တယ်လီစကုပ်အမျိုးမျိုးသုံးပြီး အောင်မြင်ပြီးမြောက်ပြီး ဖြစ်ပါတယ်။ ပျံသန်းဖို့ သို့မဟုတ် မြေပေါ် ဆင်းသက်ဖို့ အာကာသအတွင်းကနေ လေ့လာဖို့ မစ်ရှင်တွေ စေလွှတ်ခဲ့ပြီး ဖြစ်ပါတယ်။ မူလမစ်ရှင်တွေမဟုတ်တဲ့မစ်ရှင်တွေအတွက်လဲ နေအဖွဲ့အစည်းရဲ့ အပြင်ပိုင်းက ယူရေးနပ်စ်နဲ့ နပ်ကျွန်းတို့ကိုလဲ တယ်လီစကုပ်တွေအသုံးပြုပြီး လေ့လာခဲ့ပြီးပါပြီ။ ဒီဟာတွေအတွက်တော့ လေ့လာမှု နည်းနည်းပဲ ရှိခဲ့ပါတယ်။”

          “ဝပ်ဘ်အဖွဲ့ဟာ “ရွေ့လျားနေတဲ့ ဝတ္ထု (Moving Target, MT)” ကို engineering test လုပ်ဖို့ နေအဖွဲ့ အစည်းအတွင်းက ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုကို အသုံးပြုခဲ့ပြီးပါပြီ။ ဒီစမ်းသပ်မှုကို ဂြိုဟ်ပဲ့ခါးပတ်အတွင်းက 6481 Tenzing လို့ အမည်ရတဲ့ ဂြိုဟ်သိမ်လေးအပေါ်မှာ ပြုလုပ်ခဲ့ပါတယ်။”

          “Interdisciplinary scientist တစ်ယောက်အနေနဲ့ ကျွန်မတာဝန်ကတော့ ကျွန်မရဲ့ ပရိုဂရမ်တွေဟာ ဒီအရေးကြီးတဲ့တယ်လီစကုပ်ကြီးရဲ့ လုပ်နိုင်စွမ်းအားလုံးကို အသုံးချဖို့ ဖြစ်ပါတယ်။ နေအဖွဲ့အစည်း (နဲ့ စကြဝဠာ) ကို သေချာနားလည်နိုင်ဖို့ ဒါတွေအားလုံးကို လိုအပ်ပါတယ်။

          “ကျွန်မတို့နေအဖွဲ့အစည်းကြီးမှာ ကျွန်မတို့ အဖွဲ့ဖြေရှင်းနိုင်တာထက် ပိုများတဲ့ ဆန်းကြယ်မှုတွေ ရှိနေပါတယ်။ ကျွန်မတို့ရဲ့ ပရိုဂရမ်က နေအဖွဲ့အစည်းတစ်လျှောက်မှာ ရှိတဲ့ ဝတ္ထုတွေကို စူးစမ်းလေ့လာသွားမှာ ဖြစ်ပါတယ်။ ဓာတ်ငွေ့ဂြိုဟ်ကြီးတွေနဲ့ စနေဂြိုဟ်ခါးပတ်ကြီးကို ဓာတ်ပုံရိုက်ကူးသွားမှာ ဖြစ်ပြီး ကွေပါးခါးပတ်အတွင်းက ဝတ္ထုတွေကိုလဲ စူးစမ်းလေ့လာသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မားစ်ဂြိုဟ်ရဲ့လေထုကိုလဲ သရုပ်ခွဲစိစစ် သွားမှာ ဖြစ်သလို တိုက်တန်နဲ့ တခြားတခြားသော နေအဖွဲ့အစည်းဝတ္ထုတွေကို အသေးစိတ် လေ့လာမှုပြုလုပ်သွားမှာ ဖြစ်ပါတယ်။ လေ့လာစူးစမ်းမှုတွေလုပ်မယ့် တခြားအဖွဲ့တွေလဲ ရှိပါသေးတယ်။ သူ့ရဲ့ ပထမဆုံးနှစ်မှာတော့ ဝပ်ဘ်ကုန်ဆုံးမယ့် အချိန် ၇ ရာခိုင်နှုန်းဟာ ကျွန်တော်တို့ နေအဖွဲ့အစည်းအတွင်းက ဝတ္ထုတွေကို အဓိကထားစူးစမ်းသွားမှာ ဖြစ်ပါတယ်။”

          “စိတ်လှုပ်ရှားဖို့နဲ့ စိန်ခေါ်မှုအဖြစ်ဆုံး ပရိုဂရမ်တစ်ခုကတော့ ရေကမ္ဘာကြီးတွေကို စူးစမ်းလေ့လာဖို့ စီစဉ်ထားတာပါပဲ။ ဟယ်ဘယ်တယ်လီစကုပ်ကနေ ရရှိထားတဲ့ သက်သေတွေကနေပြီးတော့ ဂျူပီတာဂြိုဟ်ရဲ့ လတစ်စင်းဖြစ်တဲ့ ယူရိုပါမှာ ရေပေါကြွယ်ဝတဲ့ ဓာတ်သတ္တုပစ္စည်းတွေရှိနေတယ်လို့ သိထားပါတယ်။ ဒီလကြီးရဲ့ မျက်နှာပြင်ကို လေ့လာနိုင်ဖို့ ယူရိုပါရဲ့ ပုံရိပ်ကို high-resolution နဲ့ ရိုက်ကူးနိုင်ဖို့ စီစဉ်ထားပါတယ်။ ပြီးရင်တော့ plume activity နဲ့ ဘူမိဗေဒဖြစ်စဉ်တွေ သက်ဝင်လှုပ်ရှားနေတဲ့နေရာတွေကို ရှာဖွေသွားမှာ ဖြစ်ပါတယ်။ အကယ်လို့ ကျွန်တော်တို့ plume (မီးတောင်‌ ပေါက်ကွဲမှု ဖြစ်စဉ်များကြောင့် ကမ္ဘာ့ကြားလွှာအတွင်းမှ ချော်ရည်ပူများ ထွက်ပေါ်ခြင်း) တစ်ခုကို ထောက်လှမ်းမိပြီဆိုရင် ဝပ်ဘ်ရဲ့ ရောင်စဉ်တိုင်းကိရိယာကို အသုံးပြပြီးတော့ ဒီ plume ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို သရုပ်ခွဲစိစစ်သွားမှာ ဖြစ်ပါတယ်။”

          “ယူရေးနပ်စ်နဲ့ နပ်ကျွန်းတို့နဲ့ ပတ်သက်ပြီး ကျွန်မအခဲမကျေသေးဘူး။ ဒီလိုနေရာတွေကို သွားတဲ့မစ်ရှင်တွေအရမ်းနည်းတာက ဝပ်ဘ်မှာ ကျွန်မကို ပါဝင်စေခဲ့တာပါပဲ။ ယူရေးနပ်စ်အဖွဲ့က လွန်ခဲ့တဲ့ဆယ်စုနှစ်ပေါင်းများစွာတစ်လျှောက် လေ့လာထားတဲ့ နက်ရှိုင်းတဲ့ လေထုနဲ့ ဝပ်ဘ်ကနေထောက်လှမ်းရရှိမယ့် အပေါ်ပိုင်းလေထုရဲ့ သက်ဝင်လှုပ်ရှားမှုနဲ့ ဓာတုဗေဒကို ချိန်ဆက်ပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ လူသားတွေ လုပ်ဖူးသမျှတွေထဲက အကြီးဆုံးနဲ့ အကောင်းဆုံးတယ်လီစကုပ်တွေကို အသုံးပြုပြီး ဒီဓာတ်ငွေ့ဂြိုဟ်ဘီလူးကြီးတွေကို နှစ်သုံးဆယ်လောက် ကျွန်မလေ့လာခဲ့ပြီးပါပြီ။ အခု ဆိုရင်တော့ ဒီတယ်လီစကုပ်တွေစာရင်းထဲမှာ ဝပ်ဘ်ကိုပါ ပေါင်းထည့်လို့ရပါပြီ။”

          “ဝပ်ဘ်လေ့လာစူးစမ်းမှုအတွက် နှစ်နှစ်ဆယ်ကျော်လောက် ကျွန်မတို့ စီစဉ်ထားတာပါ။ ကျွန်မတို့သိသမျှအားလုံးကို ချက်ချင်းတင်ပေးသွားမှာဖြစ်ပြီး planetary science community မှာ လွတ်လပ်စွာဖတ်ရှုနိုင်ပါတယ်။”

ကိုးကား

Webb telescope nearly set to explore the solar system (phys.org)

           

Comments

Popular posts from this blog

ရူပဗေဒပညာရှင်အချို့နဲ့ ဒဿနဗေဒပညာရှင်အချို့ရဲ့ အဆိုအရ အချိန်ဆိုတဲ့အရာမျိုး မရှိပါ။

နဂါးငွေ့တန်းဂလက်စီပြင်ပရှိ နျူထရီနိုထုတ်လုပ်သည့် အရင်းအမြစ်များ။

ဂလက်စီများအား ရေတွက်ခြင်းဖြင့် အထူးနှိုင်းရသီအိုရီအား လက်တွေ့အသုံးချခြင်း။