ဟယ်ဘယ်စုဆောင်းသိမ်းဆည်းရရှိထားသော စူပါနိုဗာအရင်းခံဂလက်စီများ။
၂၀၀၃ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ နာဆာဟယ်ဘယ်တယ်လီစကုပ်ကနေ
စုဆောင်းရရှိထားတဲ့ ဒီပုံရိပ်တွေဟာ Cepheid variables တွေနဲ့ စူပါနိုဗာတွေ နှစ်ခုစလုံး အရင်းခံတည်ရှိနေတဲ့ ဂလက်စီတွေဖြစ်ပါတယ်။ ဒီအရေးပါတဲ့အာကာသဖြစ်စဉ်နှစ်ခုစလုံးဟာ နက္ခတ္တအကွာအဝေးတွေကို ဆုံးဖြတ်နိုင်ဖို့ အရေးကြီးတဲ့ပစ္စည်းတွေဖြစ်ပြီး စကြဝဠာပြန့်ကားနှုန်း ဟယ်ဘယ်ကိန်းသေကို တိုင်းတာနိုင်ဖို့ အသုံးပြုတဲ့ အရာတွေလဲ ဖြစ်ပါတယ်။
ဒီအထူးစုဆောင်းသိမ်းဆည်းမှုထဲက ပုံရိပ်တစ်ခုချင်းစီဟာ
Cepheid
variables တွေနဲ့ စူပါနိုဗာနှစ်ခုစလုံး အရင်းခံတည်ရှိတဲ့ ခရုပတ်ပုံဂလက်စီတစ်ခုစီ
ဖြစ်ပါတယ်။ ဒီဖြစ်စဉ်နှစ်ခုလုံးဟာ စကြဝဠာအတွင်းက ရှားပါးဖြစ်စဉ်တွေဖြစ်ပါတယ်။ Cepheid
variables တွေဆိုတာကတော့ ကျုံ့လိုက်ဆန့်လိုက်ဖြစ်နေတဲ့ ကြယ်တွေဖြစ်ပြီး
သူတို့အလင်းဟာ အချိန်မှန်မှန် လင်းလိုက်၊ မှိန်လိုက်ဖြစ်နေပါတယ်။ Type 1a
supernovae တွေကတော့ ပူပြင်းသိပ်သည်းလှတဲ့ ကြယ်ဖြူပုကြီးတွေ ပေါက်ကွဲတဲ့ဖြစ်စဉ် ဖြစ်ပါတယ်။
ဒါပေမယ့် ဒီနှစ်ခုစလုံးကို နက္ခတ္တဝတ္ထုတွေရဲ့ အကွာအဝေးကို တိုင်းတာနိုင်ဖို့ အသုံးပြုနိုင်ပါတယ်။
အာကာသဝတ္ထုတစ်ခုရဲ့ အကွာအဝေးကို တိုင်းတာနိုင်ဖို့ဆိုတာ
နက္ခတ္တဗေဒပညာရှင်တွေအတွက် အလွန်ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်ခဲ့ပါတယ်။ ကမ္ဘာနဲ့အတော်လေးနီးပြီး မှေးမှိန်တဲ့ ဝတ္ထုတွေနဲ့ ကမ္ဘာနဲ့အလှမ်းဝေးပြီး တောက်ပတဲ့ဝတ္ထုတွေကြား ခွဲခြားဖို့ရာ ခက်ခဲနိုင်ပါတယ်။ ဒီအခက်အခဲကို ကျော်လွှားနိုင်ဖို့အတွက် နက္ခတ္တဗေဒပညာရှင်တွေဟာ အာကာသအကွာအဝေးလှေကားထစ်လို့သိတဲ့
နည်းစနစ်တစ်ခုကို တိုးတက်ခဲ့ပါတယ်။ ဒါကတော့ အကွာတိုင်းတာတဲ့ နည်းလမ်းအစဉ်လိုက်ဖြစ်ပါတယ်။
ဘယ်အကွာအဝေးအထိဆို ဘယ်နည်းလမ်းနဲ့တိုင်းပြီး ဘယ်လောက်ဆို ဘယ်နည်းလမ်းနဲ့တိုင်းမယ်ဆိုတာမျိုးပါ။
ဒီလှေကားထစ်မှာ အရေးကြီးဆုံးနှစ်ခုက Cepheid variables နဲ့ စူပါနိုဗာတွေဖြစ်ပါတယ်။ သူတို့ရဲ့ ကျုံလိုက်ဆန့်လိုက်ဖြစ်တဲ့ အချိန်ကာလက
သူတို့ရဲ့အကွာအဝေးကို တွက်ချက်ဖို့ အသုံးပြုနိုင်ပါတယ်။ စူပါနိုဗာတွေဟာဆိုရင်လည်း
သူတို့အားလုံးရဲ့ အလင်းအား ပမာဏဟာ အတူတူဖြစ်တာကြောင့် ကမ္ဘာကနေ သူတို့ရဲ့ အလင်းအားကိုကြည့်ပြီး သူတို့ အကွာအဝေးကို ဆုံးဖြတ်လို့ ရနိုင်ပါတယ်။ ဒီစုဆောင်းသိမ်းဆည်းမှုအတွင်းက
ဂလက်စီ အားလုံးဟာ Cepheid variables အရင်းခံတွေဖြစ်ပြီး အနည်းဆုံး
type 1a supernovae တစ်ခုပါဝင်ပါတယ်။ သူတို့ထဲက တစ်ခုဆိုရင် real
time မှာ ဖမ်းမိထားတဲ့ စူပါနိုဗာတစ်ခုတောင် ပါဝင်ပါသေးတယ်။ (ဒါကို သတင်းတစ်ပုဒ်အဖြစ်
ကျွန်တော်တင်ခဲ့ပါတယ်။)
မလွှတ်တင်ခင်ကတည်းက ဟယ်ဘယ်ရဲ့သိပ္ပံဆိုင်ရာရည်မှန်းမှန်းချက်တွေထဲက
တစ်ခုဟာ Cepheid
variables နဲ့ စူပါနိုဗာတွေကို လေ့လာစူးစမ်းဖို့ ဖြစ်ပါတယ်။ ဒီလေ့လာမှုတွေက
စကြဝဠာပြန့်ကားနှုန်းကို တိုင်းတာဖို့ ကူညီပေးနိုင်ပါတယ်။ ခေတ်အဆက် က် နက္ခတ္တဗေဒပညာရှင်တွေဟာ
နှစ်ပေါင်း ၃၀ ကြာအောင် ဒီတန်ဖိုးကို တိကျသထက် ပိုတိကျအောင်လို့ ကြိုးစားခဲ့ကြပါတယ်။
မကြာသေးခင်ကပဲ နက္ခတ္တဗေဒပညာရှင်အဖွဲ့ တစ်ဖွဲ့က နှစ်ပေါင်း ၄၀ ကျော်ရရှိခဲ့တဲ့ ဟယ်ဘယ်ဒေတာတွေကို
အသုံးပြုပြီးတော့ ဟယ်ဘယ်ကိန်းသေတန်ဖိုးကို ၇၃.၀၄ + or - ၁.၀၄
kilometer per second per Mega persec per second အထိ ရရှိခဲ့ပါတယ်။
“ဒါက ဟယ်ဘယ်ကိုတည်ဆောက်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ပါပဲ။
စံတယ်လီစကုပ်တစ်ခုကနေပြီးတော့ စကြဝဠာကြီးအတွက် စံတိုင်းတာမှုတစ်ခုကို ရရှိနေတာပါ။”
လို့ Adam
Riess က ဆိုပါတယ်။
စိတ်ဝင်စားဖို့ကောင်းတာက ဟယ်ဘယ်ကနေတိုင်းတာရရှိထားတဲ့
ဒေတာတွေက နေဆုံးဖြတ်ထားတဲ့ စကြဝဠာပြန့်ကားနှုန်းဟာ စံအာကာသမော်ဒယ်ကနေရရှိထားတာနဲ့ အတော်လေး
ကွဲပြားခြားနားနေခြင်းပါ။ ဒါကိုတော့ ကျွန်တော်တို့ ဟယ်ဘယ်တင်းမာမှု ပဟေဠိမှာ ဖော်ပြခဲ့ပြီး
ဖြစ်ပါတယ်။
ကိုးကား
A
dazzling Hubble collection of supernova host galaxies (phys.org)
Comments
Post a Comment