မားစ်ဂြိုဟ်ရဲ့ ဘယ်အစိတ်အပိုင်းက အာကာသရောင်ခြည်တွေကနေ အန္တရာယ်အကင်းဆုံး နေရာ ဖြစ်မလဲ။
နောက်လာမယ့်ဆယ်စုနှစ်အတွင်းမှာ နာဆာနဲ့ တရုတ်တို့က မားစ်ဂြိုဟ်သို့
ပထမ ဆုံ လူပါဝင်တဲ့ မစ်ရှင်တွေစေလွှတ်နိုင်ဖို့
စီစဉ်နေကြပါတယ်။ ဒါက ၂၀၃၃၊ ၂၀၃၅ နဲ့ ၂၀၃၇ တို့အပြင် မားစ်ဂြိုဟ်ရဲ့ “opposition” (ကမ္ဘာနဲ့မားစ်တို့ရဲ့
ပတ်လမ်းကြောင်းအနီးကပ်ဆုံး အချိန်) ဖြစ်တဲ့ ၂၆ လကြာတိုင်း အာကာသယာဉ်စေလွှတ်မယ့် အေဂျင်စီအားလုံး
ပါဝင်ပါတယ်။ ဒီပရိုဂရမ်တွေရဲ့ ရေရှည်ရည်မှန်းချက်က အနာဂတ်မစ်ရှင်တွေကို ထောက်ပံ့ပေးနိုင်မယ့် နေရာတစ်ခုအဖြစ် ဆောင်ရွက်ပေးနိုင်မယ့် မားစ်အခြေစိုက်စခန်းတစ်ခု တည်ဆောက်ဖို့
ဖြစ်ပါတယ်။ သို့သော်လည်း တရုတ်နိုင်ငံကတော့ အမြဲနေနိုင်မယ့် အခြေစိုက်စခန်းတစ်ခုတည်ဆောက်ဖို့
ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
ခြောက်လကနေ ၉ လကြာမယ့် မားစ်ဂြိုဟ်ခရီးသို့ အာကာသယာဉ်မှူးတွေ စေလွှတ်နိုင်ဖို့
မျှော်လင့်ချက်ဟာ (မျက်နှာပြင်ပေါ်မှာ သိပ္ပံလုပ်ငန်းများ ဆောင်ရွက်ရမှာ ကြုံတွေရမယ့်
အန္တရာယ်များ ထည့်သွင်းမစဉ်းစားဘူးဆိုရင်တောင်) စိန်ခေါ်မှုအများကြီးနဲ့ ရင်ဆိုင်ရမှာ
ဖြစ်ပါတယ်။ မကြာသေးခင်က လေ့လာမှုတစ်ခုမှာတော့ နိုင်ငံတကာသိပ္ပံပညာရှင်အဖွဲ့က ဘယ်နေရာမှာ
အာကာသရောင်ခြည်အနည်းဆုံးဖြစ်သလဲဆိုတာ ရှာတွေ နိုင်ဖို့ မားစ်ဂြိုဟ်ပတ်ဝန်းကျင် (အိုလံပတ်စ်တောင်ကြီးရဲ့ထိပ်ကနေ
သူ့ရဲ့မြေအောက် လှိုဏ်ခေါင်းတွေအထိ) စစ်တမ်းကောက်ယူမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ သူတို့ရဲ့တွေ့ရှိမှုက
မားစ်ဂြိုဟ်သို့ အနာဂတ်မစ်ရှင်များနဲ့ မားစ်ဂြိုဟ်ပေါ်မှာ အသက်ရှင်နေထိုင်ဖို့အတွက်
သတင်းအချက်အလက်တွေ ပေးနိုင်ပါတယ်။
မားစ်ဂြိုဟ်သို့သွားရမယ့် မစ်ရှင်တွေ၊ ကမ္ဘာ့ပတ်လမ်းနိမ့်နေရာကို
ကျော်ပြီး သွားရမယ်ဆိုတဲ့အခါ ဓာတ်ရောင်ခြည်ဟာ ထည့်သွင်းစဉ်းစားစရာတစ်ခု ဖြစ်လာပါတယ်။
ကမ္ဘာ နဲ့နှိုင်းယှဉ်မယ်ဆိုရင် မားစ်ဂြိုဟ်ရဲ့ လေထုဟာအလွန်ပါးလွှာပြီး (ကမ္ဘာ့လေထု
၁ ရာခိုင် နှုန်းထက်တောင်နည်းပါသေးတယ်) အာကာသရောင်ခြည်တွေနဲ့ နေကလာတဲ့ ရောင်ခြည်တွေကို
အကာအကွယ်ပေးနိုင်တဲ့ သံလိုက်စက်ကွင်းအလွှာတစ်ခုလဲ ရှိမနေပါဘူး။
သို့သော် ရောင်ခြည်ထိတွေ့မှုပမာဏဟာ အမြင့်ပေပေါ်မူတည်ပြီး ပြောင်းလဲနေတဲ့
လေထုဘယ်လောက်ထူသလဲဆိုတဲ့ အပေါ်မူတည်နေပါတယ်။ မားစ်ဂြိုဟ်ရဲ့ နာမည်ကြီး တူးမြောင်းစနစ်
(Valles Marineris) နဲ့ သူ့ရဲ့အကြီးဆုံးချိုင့်ခွက် (Hellas Planitia) လိုမျိုး အနိမ့်ပိုင်းဒေသတွေမှာ
လေထုဖိအားဟာ ၁.၂ နဲ့ ၁.၂၄ ကီလိုပါစကယ်ကျော်လောက်ရှိမယ် လို့ခန့်မှန်းရပါတယ်။ ဒါက ပျမ်းမျှအားဖြင့်
၀.၆ ကီလိုပါစကယ်လောက်ရှိပြီး အမြင့်ပေ အများဆုံး အိုလံပတ်စ်မွန်း (နေအဖွဲ့အစည်းအတွင်းရှိ
အကြီးဆုံးတောင်ကြီး) တောင်ထိပ်က လေထုဖိအားရဲ့ ၁၀ ဆနီးပါးရှိပါတယ်။
“မတူညီတဲ့အမြင့်ပေတွေမှ မတူညီတဲ့လေထုအထူရှိပါတယ်။ အမြင့်ပေပိုပြီး
မြင့်လာလေ လေထုပိုပြီးပါးလာလေဖြစ်ပါတယ်။ စွမ်းအင်မြင့်အမှုန်တွေဟာ မားစ်ဂြိုဟ်ရဲ့ မျက်နှာပြင်ကိုရောက်ဖို့
လေထုကိုထွင်းဖောက်ဝင်ရောက်လာဖို့ လိုအပ်ပါတယ်။ အကယ်လို့ လေထုအထူပြောင်းလဲနေတယ်ဆိုရင်
မျက်နှာပြင်ရောင်ခြည်ကလဲ လိုက်ပြီး ပြောင်းလဲနိုင်ပါတယ်။ ဒါ့ကြောင့် အမြင့်ပေဟာ မားစ်ဂြိုဟ်ရဲ့
မျက်နှာပြင်ရောင်ခြည်အပေါ်သက်ရောက်မှုရှိနိုင်ပါတယ်။” လို့ စာတမ်းတွဲဖက်ရေးသားသူ
Jian Zhang က ဆိုပါ တယ်။
ဒါကြောင့်မလို့ အဖွဲ့က မားစ်ဂြိုဟ်ရဲ့ဓာတ်ရောင်ခြည်ပမာဏအပေါ် လေထု
အတိမ်အနက်ကလွှမ်းမှုကို ထည့်သွင်းစဉ်းစားခဲ့ပါတယ်။ ဒီထဲမှာ rads၊ rems နဲ့
sieverts (Sv) တို့နဲ့တိုင်းတာနိုင်တဲ့ absorbed dose တို့အပြင် GCR ကြောင့်ဖြစ်တဲ့
body effective dose rates တို့လဲ ပါဝင်ပါတယ်။
“ကျွန်မတို့က မားစ်ဂြိုဟ်ရဲ့လေထု၊ regolith (ကျောက်ဖြာပေါ်တွင်
တင်ကျန်နေသော ဖုန်မှုန့်နဲ့ ကျောက်စိုင်ကျောက်ခဲစများ) နဲ့ စွမ်းအင်မြင့်အမှုန်တွေ
အပြန်အလှန်သက်ရောက်မှု၊ ကူးသန်းသွားလာမှုတွေကို မော်ဒယ်တည်ဆောက်နိုင်ဖို့ GEANT4 လို့ခေါ်တဲ့
Monte Carlo ချဉ်းကပ်နည်းကို အသုံးပြုခဲ့ပါတယ်။ မားစ်ဂြိုဟ်ရဲ့ ပတ်ဝန်းကျင်ကိုတော့
မားစ်ဂြိုဟ်ရဲ့လေထုဖွဲ့စည်းပုံ၊ တည်ဆောက်ပုံနဲ့ regolith ဂုဏ်သတ္တိတွေနဲ့ စက်တင်လုပ်ထားပါတယ်။”
“ဒီမော်ဒယ်မှာ မားစ်ဂြိုဟ်ရဲ့လေထုအပေါ်ပိုင်းမှာ ထည့်သွင်းထားတဲ့
အမှုန်တွေက ဂြိုဟ်တွေကြားကွက်လပ်အတွင်းရှိ အမှုန်ရောင်ခြည်ပတ်ဝန်းကျင်ကိုဖော်ပြထားတဲ့
ဒေတာတွေကနေ ရရှိထားတဲ့ဟာတွေကို ထည့်ထားတာဖြစ်ပါတယ်။ ဒီထဲမှာဆိုရင်တော့ အမျိုမျိုးသော
လျှပ်စစ်ဓာတ်ဆောင်အမှုန်တွေပါဝင်ပြီး အဓိကအားဖြင့် ပရိုတွန် (၈၇ ရာခိုင်နှုန်း) ၊ ဟီလီယံအိုင်းယွန်း
(၁၂ ရာခိုင်နှုန်း) နဲ့ တခြားလေးလံတဲ့အိုင်းယွန်းတွေဖြစ်တဲ့ ကာဗွန်၊ အောက်စီဂျင်နဲ့
သံတို့လဲ ပါဝင်ပါတယ်။”
မျက်နှာပြင်လေထုဖိအားမြင့်ခြင်းက လေးလံတဲ့အိုင်းယွန်းရောင်ခြည်ပမာဏ
(GCRs) ကို သိသိသာသာလျော့ချပေးနိုင်တာကို တွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် အကာအကွယ်တော့
ထပ်လိုပါသေးတယ်။ သို့သော်လည်း ကံဆိုးတာက ဒီလိုအပိုထပ်ကာလိုက် တာက “cosmic ray
showers” ကို ဦးတည်သွားစေပါတယ်။ ဘာကြောင့်လဲဆိုတော့ အကာကို GCRs တွေရိုက်ခတ်တဲ့အခါ
သူတို့က ဒုတိယမြောက်အမှုန်တွေကို ဖန်တီးတာ ကြောင့် ဒါတွေဟာ သက်ရှိရဲ့အတွင်းပိုင်းကို
နျူထရွန်ရောင်ခြည်ပမာဏ (neutron flux) အမျိုးမျိုးနဲ့ စီးဆင်းသွားနိုင်လို့ ဖြစ်ပါတယ်။
ဒါက အာကာသယာဉ်မှူးတွေစုပ်ယူမယ့် ရောင်ခြည်ရဲ့ effective dose အတွက် သိသိသာသာထည့်သွင်းစဉ်းစားရမယ့်
ပမာဏဖြစ် လာစေပါတယ်။
Neutron flux နဲ့ effective dose ဟာ မျက်နှာပြင်အောက် ၃၀ စင်တီမီတာ
တစ်ဝိုက်မှာ အမြင့်ဆုံးဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကံကောင်းစွာနဲ့ ဒီတွေ့ရှိမှုဟာ
မားစ်ဂြိုဟ်ရဲ့ regolith ကို အကာအကွယ်အဖြစ် ထည့်သွင်းစဉ်းစားနေသမျှ စဉ်းစားစရာမလိုတာပါပဲ။
“ကင်ဆာမဖြစ်နိုင်တဲ့ ဓာတ်ရောင်ခြည်ထိတွေ့မှုအကန့်အသတ် ၁၀၀ mSv
အတွက် လိုအပ်တဲ့ regolith အနက်ဟာ ၁ မီတာနဲ့ ၁.၆ မီတာအောက်ဖြစ်ပါတယ်။ မျက်နှာပြင် ဖိအားမြင့်တဲ့
အတော်လေးနက်တဲ့ချိုင့်ခွက်တစ်ခုက ဒီအကွာအဝေး အတွင်းမှာရှိတယ် ဆိုရင် လိုအပ်တဲ့
regolith အကာအကွယ်က ပိုတောင်သေးပါဦးမယ်။ မောင့်အိုလံပတ်စ် တောင်ထိပ်မှဆိုရင် လိုအပ်တဲ့
regolith အကာအကွယ်က ပိုပြီးမြင့်ပါလိမ့်မယ်။
သူတို့ရဲ့တွေ့ရှိမှုအရ မားစ်ဂြိုဟ်ပေါ်မှာ အနာဂတ်လူသားတွေအတွက်
အကောင်း ဆုံး နေထိုင်ရာက အနိမ့်ပိုင်းဒေသမှာရှိပြီး မျက်နှာပြင်အောက် အနက် ၁ မီတာနဲ့
၁.၆ မီတာကြားမှာ ရှိရပါမယ်။ ဒါ့ကြောင့် တောင်ဘက်အနိမ့်ပိုင်းဒေသတွေနဲ့ Valles
Marineris ဟာ အသင့်တော်ဆုံးနေရာတွေဖြစ်ပါလိမ့်မယ်။ လေထုဖိအားပိုပြီးထူထဲတဲ့အပြင် ဒီဒေသ
တွေမှာ ရေပေါများပြီး မျက်နှာပြင်အောက်တင်ရှိနေတာ ဖြစ်ပါတယ်။
အားလုံးစီစဉ်ထားတဲ့အတိုင်း ဖြစ်ခဲ့မယ်ဆိုရင် မားစ်ဂြိုဟ်ရဲ့မျက်နှာပြင်ပေါ်မှာ
အာကာသယာဉ်မှူးတွေ ခြေချနိုင်ဖို့ဟာ နောင်လာမယ့်ဆယ်စုနှစ်အတွင်းမှာ ဖြစ်ပါလိမ့် မယ်။
ဒါက သွားရမယ့်ခရီး (၆ လကနေ ၉လ) လဲပါဝင်ပြီး ၁၈ လလောက်ကြာမယ့် မျက် နှာပြင်ပေါ်မှာ လုပ်ငန်းဆောင်ရွက်မှုတွေလဲ
ပါဝင်ပါတယ်။ အကျဉ်းချုပ်အနေနဲ့ အာကာယာဉ်မှူးတွေဟာ သုံးနှစ်လောက်တော့ ဓာတ်ရောင်ခြည်အန္တရာယ်ကို
မဖြစ်မနေ ကြုံတွေ့ရပါလိမ့်မယ်။ ဒါ့ကြောင့် ပိုပြီးကောင်းတဲ့ သွားလာမှုနည်းစနစ်တွေကို
တိုးတက်ဖို့ လိုအပ်ပါတယ်။
ကိုးကား
Which parts of
Mars are the safest from cosmic radiation? (phys.org)

Comments
Post a Comment