နျူထရွန်ကြယ်များ တိုက်မိရာမှ မဂ္ဂနက်တာများ ဖြစ်ပေါ်လာခြင်းအတွက် သက်သေ အထောက်အထား။
မဂ္ဂနက်တာတွေဟာ စကြဝဠာအတွင်းမှာ စိတ်ဝင်စားဖို့အကောင်းဆုံး နက္ခတ္တပစ္စည်းတွေ
ဖြစ်ကြပါတယ်။ သူတို့ကို ပြုလုပ်ထားတဲ့ ပစ္စည်းတွေရဲ့ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာဟာ တစ်ဘီလီယံတန်လောက်
လေးနိုင်ပြီး ကမ္ဘာပေါ်မှာ တည်ရှိနေတဲ့ ဘယ်သံလိုက် စက်ကွင်းထက်မဆို အဆပေါင်း သန်းချီပိုပြီးပြင်းထန်တဲ့
သံလိုက်စက်ကွင်းတွေ ရှိနေကြပါတယ်။ ဒါပေမယ့် သူတို့ ဘယ်လိုဖြစ်ပေါ်လာသလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့
ကျွန်တော်တို့ များများစားစား မသိထားပါဘူး။ အခုစာတမ်းအသစ်တစ်ခုမှာတော့ ဖြစ်နိုင်ခြေရှိတဲ့အရင်းအမြစ်တစ်ခုကို
ထောက်ပြခဲ့ပါတယ်။ ဒါကတော့ နျူထရွန်ကြယ်တွေ ရောနှောမှုပဲ ဖြစ်ပါတယ်။
နျူထရွန်ကြယ်တွေဟာလဲ သူတို့ဟာနဲ့ သူတို့ စိတ်ဝင်စားဖို့ ကောင်းကြပါတယ်။
အမှန်တော့ ယေဘုယျအားဖြင့် မဂ္ဂနက်တာတွေဟာ နျူထရွန်ကြယ်အမျိုးအစားတစ်မျိုး ဖြစ်တယ်လို့
လက်ခံထားကြတာ ဖြစ်ပါတယ်။ သူတို့နှစ်ခုရဲ့ အဓိကခြားနားချက်ကတော့ သံလိုက်စက်ကွင်း ပြင်းအားပဲ
ဖြစ်ပါတယ်။ နဂါးငွေ့တန်းဂလက်စီအတွင်းမှာ နျူထရွန် ကြယ်ပေါင်း တစ်ဘီလီယံလောက်ရှိတယ်လို့
ယူဆရပြီး တချို့ဟာ စုံတွဲလိုက်လာကြ ပါတယ်။
သူတို့တစ်ခုနဲ့တစ်ခု ဒြပ်ဆွဲအားနဲ့ချည်နှောင်သွားတဲ့အခါမှာတော့
ဒီကြယ်နှစ်စင်း ဟာ နောက်ဆုံးထွက်သက်တိုက်ပွဲအတွင်းကို ဝင်ရောက်လာကြပါတော့တယ်။ ဒီကနေ
တစ်ဆင့် တွင်းနက်သို့မဟုတ် သူတို့နှစ်ခုထဲက တစ်ခုဟာ မဂ္ဂနက်တာအဖြစ်ကို ကူးပြောင်း သွားနိုင်ပါတယ်။
အမှန်တကယ်ပေါက်ကွဲမှု ဖြစ်ပေါ်တဲ့ ဖြစ်စဉ်ဟာ နှစ်သန်းရာဂဏာန်း လောက်ကြာနိုင်ပါတယ်။
သို့ပေမယ့် ဒီလိုဖြစ်တဲ့အခါမှာတော့ ဒါဟာ ရင်သပ်ရှုမောဖွယ် ဖြစ်စဉ်ဖြစ်ပြီး သုတေသနအဖွဲ့တစ်ဖွဲ့က
သူတို့မထောက်လှမ်းမိခင် သီတင်းပတ်အနည်း ငယ်အကြာတုန်းက ဒီဖြစ်စဉ်ဖြစ်ပေါ်ခဲ့တယ်လို့
ယူဆထားကြပါတယ်။
အတိအကျပြောရရင်တော့ ဒီဖြစ်စဉ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၂၂၈
သန်း လောက်က ဖြစ်ပေါ်ခဲ့တာ ဖြစ်ပြီး ဒါက ဂလက်စီရဲ့ အကွာအဝေးလဲ ဖြစ်ပါတယ်။ ဒါပေမယ့်
ဒီကနေလာတဲ့ အလင်းဟာ Pan-STARRs ဆင်ဆာထဲတွင် လွန်ခဲ့တဲ့ သီတင်းပတ်အနည်း ငယ်လောက်ကမှ
ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒီမဂ္ဂနက်တာကို တခြားအရာတွေထဲ ကနေ သိပ္ပံပညာရှင်တွေ သတိပြုမိစေခဲ့တဲ့
အချက်ကတော့ သူ့ရဲ့မြန်ဆန်တဲ့ လည်ပတ် နှုန်းကြောင့်ပဲ ဖြစ်ပါတယ်။
များသောအားဖြင့် နျူထရွန်ကြယ်တွေဟာ တစ်မိနစ်အတွင်း အကြိမ်ထောင်ပေါင်း
များစွာ လည်ပတ်ကြပြီး တစ်ပတ်ပြည့်ဖို့ မီလီစက္ကန့်လောက်သာ ကြာမြင့်ကြပါတယ်။ ဒါပေမယ့်
သိပ္ပံပညာရှင်တွေ တွေ့ရှိထားတဲ့ မဂ္ဂနက်တာတွေကတော့ ကွဲပြားခြားနားကြပြီး သူတို့ရဲ့လည်ပတ်ချိန်ဟာ
ပိုပြီးတိုတောင်းကြတဲ့အတွက် တစ်ပတ်ပြည့်ဖို့ နှစ်စက္ကန့်ကနေ ဆယ်စက္ကန့်လောက်သာ ကြာမြင့်ကြပါတယ်။
သို့သော်လည်း အခု အသစ်တွေ့ရှိထားတဲ့ မဂ္ဂနက်တာအသစ်ဖြစ်တဲ့ GRB130310A ရဲ့ တစ်ပတ်ပြည့်ရန်ကြာချိန်ကတော့
၈၀ မီလီ စက္ကန့်လောက်သာရှိပါတယ်။ ဒါ့ကြောင့် သူဟာ သာမန်မဂ္ဂနက်တာတစ်ခုထက်စာရင် နျူထရွန်ကြယ်တစ်စင်းနဲ့
ပိုတူနေပါတယ်။
ဒီလိုကွဲပြားချက်ဟာ Zhang Binbin နဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေ
ဒီမဂ္ဂနက်တာ ကို တွေ့ရှိချိန်မှာ အလွန်သက်တမ်းနုတဲ့အချိန်မှာ ရှိနေလို့ ဖြစ်ပါလိမ့်မယ်။
တခြားတွေ့ရှိ ထားတဲ့ မဂ္ဂနက်တာတွေလိုမျိုး သူ့ရဲ့ rotational slowing ဖြစ်မှု လိုနေသေးပေမယ့်
သူ့ရဲ့ rotational period က နျူထရွန်ကြယ်တွေနှုန်းနားကို ကပ်နေတဲ့အချက်က သူရဲ့စမှတ်
ဟာ နျူထရွန်ကြယ်တွေကနေတစ်ဆင့် ဖြစ်ပေါ်ခဲ့တာ ဖြစ်ကြောင်းကို ပြသနေပါတယ်။
GRB130310A ရဲ့ rotational slowing ဖြစ်မှုက နှစ်ထောင်ပေါင်းများစွာ
အချိန် ယူရမှာဖြစ်ပေမယ့် နောက်ဆုံးမှာတော့ မဂ္ဂနက်တာဟာ တဖြည်းဖြည်နဲ့ ပျောက်ကွယ်သွား
ပြီး ထောက်လှမ်းလို့ မရဖြစ်လာပါလိမ့်မယ်။ ခန့်မှန်းခြေ သေဆုံးသွားတဲ့ မဂ္ဂနက်တာ သန်း
၃၀ လောက်ဟာ နဂါးငွေ့တန်းဂလက်စီအတွင်းမှာ မျောလွင့်နေကြပြီး သူတို့ထဲက တချို့ဟာ အနည်းဆုံးတော့
GRB130310A လိုမျိုး orbital period နဲ့ စတင်ခဲ့နိုင်ပါတယ်။
ဒီမဂ္ဂနက်တာအသစ်ဟာ နျူထရွန်ကြယ်နှစ်စင်းရောနှောမှုကနေ ထွက်ပေါ်လာ
တယ်ဆိုတာအတွက် နောက်ထပ် သက်သေအထောက်အထားကတော့ နက္ခတ်ကြည့် မျှော်စင်တွေမှာ ဖမ်းယူရရှိနိုင်မယ့်
ဘယ်ဖြစ်စဉ်မှမတွေ့ရခြင်း ဖြစ်ပါတယ်။ မဂ္ဂနက်တာ တစ်ခုမဖြစ်ပေါ်မီ ဖြစ်ပွားလေ့ရှိတဲ့
စူပါနိုဗာပေါက်ကွဲမှုမျိုးနဲ့ ဂမ်မာရောင်ခြည်ပေါက်ကွဲ ထွက်မှု ဘယ်တစ်ခုကိုမှ မတွေ့ရပါ။
ဒါ့ကြောင့် သုတေသီတွေအနေနဲ့ အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ နျူထရွန်ကြယ်ရောနှောမှုတစ်ခုကို
ထောက်လှမ်းမိခြင်းဖြစ်မယ်လို့ ယူဆ ရခြင်းဖြစ်ပါတယ်။
နျူထရွန်ကြယ်ရောနှောမှုတွေကို
ထောက်လှမ်းနိုင်မယ့် တခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒါကတော့ သူတို့ကနေထုတ်လွှတ်တဲ့
ဒြပ်ဆွဲလှိုင်းတွေကို ထောက်လှမ်း ခြင်းဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဟာ သုတေသီတွေ ခန့်မှန်းထားတဲ့အတိုင်း
ဖြစ်ခဲ့သလား ဆိုတာကို အတည်ပြုနိုင်ဖို့ ဒီရောနှောမှု ဖမ်းယူနိုင်မယ့် တခြားသောတိုင်းတာရေး
ပစ္စည်း တွေရှိမလားဆိုတာကတော့ မသေချာသေးပါ။ အကယ်လို့ ရှိခဲ့မယ်ဆိုရင်တော့ အနည်းဆုံး
တော့ နျူထရွန်ကြယ်တွေရောနှောမှုကနေ မဂ္ဂနက်တာတွေဖြစ်လာနိုင်တယ်ဆိုတဲ့ ကာလ ရှည်ကြာဆန်းကြယ်မှုကို
အတည်ပြုနိုင်မယ့် အချက်အလက်တစ်ခု ဖြစ်လာနိုင်ပါတယ်။
ကိုးကား
The
case is building that colliding neutron stars create magnetars (phys.org)
Comments
Post a Comment