Gravitational lensing နည်းအားဖြင့် စူပါနိုဗာရှာဖွေမှုကို ပိုကောင်းအောင် လုပ်ဆောင် နိုင်လောက်ပါတယ်။ အဓိကကတော့ ရှာကြည့်ဖို့ပါပဲ။

 

          Gravitational lensing နည်းက ကျွန်တော်တို့ တတ်နိုင်တာထက် ပိုဝေးတဲ့ အရပ်က စူပါနိုဗာတွေနဲ့ တခြားကြားပိုင်းဖြစ်ပေါ်တဲ့ ဖြစ်စဉ်တွေကို ရှာတွေ့နိုင်ဖို့ အခွင့်အရေးကောင်းတစ်ခု ထောက်ပံ့ပေးနိုင်ပါတယ်။ သုတေသနအသစ်တစ်ခုမှာ အလွန်ဝေးတဲ့ အရပ်ဆီက ရှားပါးဖြစ်စဉ်တွေကို ဖမ်းယူနိုင်ဖို့ အားကောင်းတဲ့ Gravitational lens တွေ စာရင်းကို အသုံးပြုမယ့် plan တစ်ခုကို တင်ပြခဲ့ပါတယ်။

စူပါနိုဗာနဲ့ ကြားပိုင်းဖြစ်စဉ် (transients) များ

                   ကြားပိုင်းဖြစ်ပေါ်တဲ့ ဖြစ်စဉ်တွေဟာ အလွန်ထူးဆန်းပါတယ်။ နက္ခတ္တဗေဒ ဘာသာရပ်မှာတော့ ကြားပိုင်းဖြစ်စဉ်တစ်ခုဟာ ကောင်းကင်မှာ အချိန်အကြာကြီး တည်ရှိတာမဟုတ်တဲ့ ဖြစ်စဉ်ကို ဆိုလိုပါတယ်။ သူတို့တွေက (ကြယ်ဖြူပုတစ်လုံးရဲ့ နျူကလိယ ပေါက်ကွဲမှုကတစ်ဆင့်ဖြစ်လာတဲ့) classical novae၊ (နျူထရွန်ကြယ်နှစ်လုံး ရောနှောရာ မှ ဖြစ်ပေါ်လာတဲ့) ကီလိုနိုဗာ (Kilonovae)၊ (ကြယ်တစ်စင်းပေါက်ကွဲရာမှာ ဖြစ်ပေါ် လာတဲ့) စူပါနိုဗာ၊ (တွင်းနက်တစ်ခုက ကြယ်တစ်စင်းအား စုတ်ဖြဲမှုကြောင့် ဖြစ်ရတဲ့) tidal disruption events တွေ စသဖြင့် အမျိုးမျိုး ရှိပါတယ်။ သို့ပေမယ့် ဒီကြားပိုင်းဖြစ်ပေါ်မှုတွေဟာ များသောအားဖြင့် ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။ သူတို့ဘယ်လိုကြောင့် ဖြစ်ရတာကို ကောင်းကောင်းနားလည်နိုင်ဖို့ဆိုရင် နက္ခတ္တဗေဒပညာရှင်တွေအနေ နဲ့ ဒီကြားပိုင်းဖြစ်စဉ်တွေနဲ့ ပတ်သက်တဲ့ ဧရာမကတ်တလောက်ကြီးတစ်ခု တည်ဆောက် ဖို့ပါပဲ။

          အခုမှ နက္ခတ္တဗေဒပညာရှင်တွေဟာ စူပါနိုဗာနဲ့ တခြားကြားပိုင်းဖြစ်ရပ်တွေကို အပြည့်အဝနားလည်ကာစ ရှိပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဖြစ်ရပ်တွေက အလွန့်ကိုရှားပါးလွန်းလို့ပါ။ သူတို့ကို အမိဖမ်းနိုင်ဖို့က ကံကောင်းဖို့လိုပြီး တွေ့ခဲ့ပြီဆိုရင်လဲ ဒီဖြစ်စဉ်မပျောက်ကွယ်ခင် ဆက်တိုက်လေ့လာနိုင်ဖို့ လိုအပ်ပါသေးတယ်။

          ဒါ့အပြင် စူပါနိုဗာနဲ့ တခြားကြားပိုင်းဖြစ်စဉ်တွေကို မြင်နိုင်ဖို့ တယ်လီစကုပ်အရွယ် အစားပေါ်မူတည်ပြီး အကန့်အသတ်ရှိနေပါသေးတယ်။ အကယ်လို့ အလွန်ဝေးကွာတဲ့ အရပ်က ဂလက်စီတစ်ခုမှာ စူပါနိုဗာတစ်ခုဖြစ်ခဲ့တယ်ဆိုရင် ကျွန်တော်တို့ ကံဆိုးပါပြီ။ ဒါကို ကျွန်တော်တို့မြင်နိုင်မှာ မဟုတ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ စာရင်းထဲလဲ ပေါင်းထည့်လို့ မရနိုင်တော့ပါဘူး။

          စူပါနိုဗာတွေနဲ့ ကြားပိုင်းဖြစ်စဉ်တွေအပေါ် ကျွန်တော်တို့နားလည်မှုကို မြှင့်တင်နိုင်ဖို့ နည်းတစ်ခုကတော့ ပိုပြီးအတွင်းကျတဲ့ စကြဝဠာရဲ့နေရာတွေမှာ သူတို့ကို ဖမ်းယူဖို့ပါပဲ။ ဒါပေမယ့် သူတို့ရဲ့အကွာအဝေးက စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါတယ်။ ကံကောင်းတာက နက္ခတ္တဗေဒပညာရှင်တွေဟာ အလင်းပေါင်းများစွာကိုဖြတ်ပြီး မြင်နိုင်ဖို့ ခပ်ဆန်းဆန်း နည်းလမ်းတစ်ခုကို တိုးတက်ခဲ့ပါတယ်။ ဒါကတော့ သူ့တို့ရဲ့ မြင်နိုင်စွမ်းကို မြှင့်တင်ဖို့ ဒြပ်ဆွဲအားကိုအသုံးပြုခြင်းပဲ ဖြစ်ပါတယ်။

          ဒီထူးဆန်းတဲ့နည်းလမ်းကတော့ Gravitational lensing ပဲ ဖြစ်ပါတယ်။ ဒြပ်ထုကြီးမားတဲ့ ဝတ္ထုတစ်ခုက အလင်းကို ကွေးနိုင်စွမ်းရှိပါတယ်။ အကယ်လို့ ဖြစ်စဉ်မှာပါတဲ့ ပစ္စည်းအားလုံးက ချိန်သားကိုက်နေတယ်ဆိုရင် ဒီလိုကွေးခြင်းက မှန်ဘီလူးတစ်လုံးလိုမျိုး ဆောင်ရွက်ပေးပါလိမ့်မယ်။ ဒါ့ကြောင့် အကယ်လို့ ကျွန်တော်တို့က ဂလက်စီအစုအဝေး တစ်ခုကို ကြည့်လိုက်တယ်ဆိုရင် သူ့ရဲ့အနောက် ဝေးကွာတဲ့အရပ်က ဂလက်စီတွေကို ကျွန်တော်တို့ မြင်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအစုအဝေးက နောက်ခံက ဂလက်စီတွေရဲ့ အလင်းကိုကွေးပေးလိုက်ပြီး မှန်ဘီလူးတစ်လုံးလို ပြုမူပေးတာကြောင့် ဖြစ်ပါတယ်။ ဂလက်စီအစုအဝေးတွေကို သေချာဂရုတစိုက် လေ့လာခြင်းအားဖြင့် နက္ခတ္တဗေဒ ပညာရှင်တွေဟာ လေ့လာဖို့ ဝေးကွာလွန်းနေတဲ့ ဂလက်စီတွေကို ထောက်လှမ်းနိုင်တာ ဖြစ်ပါတယ်။

          အကယ်လို့ စူပါနိုဗာ သို့မဟုတ် ကြားပိုင်းဖြစ်စဉ်တွေက ဒီလိုအလွန်ဝေးကွာတဲ့ ဂလက်စီတွေမှာ ဖြစ်ပေါ်ခဲ့တယ်ဆိုရင် သူတို့တွေကို အကယ်လို့ ဂလက်စီအစုအဝေးတွေသာ သူတို့အရှေ့မှာ ရှိနေခဲ့တယ်ဆိုရင် သူတို့ရဲ့အလင်းကို ကွေးပြီး မှန်ဘီလူးအဖြစ် လုပ်ဆောင်ပေးမှာကြောင့် ဒီဖြစ်စဉ်တွေကို ကျွန်တော်တို့ ဖမ်းယူနိုင်မှာ ဖြစ်ပါတယ်။ တစ်ခါတစ်လေ ဒီနည်းလမ်းက ဖြစ်စဉ်တစ်ခုတည်းရဲ့ ပုံရိပ်အများကြီးကိုတောင် ထုတ်ပေးနိုင်ပါသေးတယ်။ ဘာကြောင့်လဲဆို‌တော့ မတူညီတဲ့ ပုံရိပ်တွေက ကြားခံဂလက်စီ အစုအဝေးကြီးကို မတူညီတဲ့ လမ်းကြောင်း ကနေ ရိုက်ယူထားတာမလို့ပါ။

          ဒါပေမယ့် ဒီလိုကံကောင်းမှ မြင်ရတာမျိုးကနေ ပြည့်စုံတဲ့စမ်တမ်းပရိုဂရမ်တစ်ခုကို ကျွန်တော်တို့ ဘယ်လိုရနိုင်ပါမလဲ။ ဒါကိုပဲ သုတေသီတွေက အခုစာတမ်းမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီစာတမ်းကို ရေးသားတဲ့ သုတေသီတွေဟာ မှန်ဘီလူးအဖြစ် ဆောင်ရွက်ပေးနိုင်မယ့် ဂလက်စီအစုအဝေးတွေနဲ့ အစုအဖွဲ့ အလျောင်းအလျာစာရင်းကို တည်ဆောက်ဖို့ တင်ပြခဲ့ပါတယ်။ ဒီနောက် ဒီအလျောင်းအလျာတွေကို သူ့နောက်က ဝတ္ထုကို ဘယ်လောက်ချဲ့ပေးနိုင်သလဲဆိုတဲ့အပေါ် မူတည်ပြီး အတည်ပြုပါလိမ့်မယ်။

          ဒီနောက်မှာတော့ နောက်လာမယ့်စစ်တမ်းတွေမှာ ဒီအလာအလာကောင်းတဲ့ အလျောင်းအလျာတွေကို တောက်လျှောက်စောင့်ကြည့်လေ့လာနေပါလိမ့်မယ်။ စမ်းတမ်းတွေမှာ စူပါနိုဗာနဲ့ တခြားကြားပိုင်းဖြစ်စဉ်တွေ စတင်ဖြစ်ပေါ်မှုကို ကြည့်ရှုပါလိ့မ်မယ်။ အတည်ပြုပြီးနောက်တော့ automated alert တစ်ခု ပို့ပေးပါမယ်။ ဒီနောက် မှာတော့ တခြားစမ်တမ်းတွေက ဒီကြားပိုင်းဖြစ်စဉ်ကို traget လုပ်ပြီး ဘယ်လို ဆင့်ကဲ ပြောင်းလဲသလဲဆိုတာကို စောင့်ကြည့်လေ့လာပါလိမ့်မယ်။

ကိုးကား

We can probably find supernovae enhanced by gravitational lensing, we just need to look (phys.org)   

         

Comments

Popular posts from this blog

နျူထရွန်ကြယ်များ တိုက်မိရာမှ မဂ္ဂနက်တာများ ဖြစ်ပေါ်လာခြင်းအတွက် သက်သေ အထောက်အထား။

နာဆာရဲ့ ကမ္ဘာဂြိုဟ်ကာကွယ်ရေး အစီအစဉ်အနေနဲ့ ပထမဆုံး စမ်းသပ်မှုကို ဒီးဒီးမို့စ် စုံတွဲဂြိုဟ်သိမ်ဂြိုဟ်မွှားစနစ်မှာ ယမန်နေ့က ပြုလုပ်ခဲ့ပါတယ်။

“Ingenuity” အမည်ရှိ မားစ်ဟယ်လီကော်ပတာသည် Perseverance Rover Land အား ကူညီပေးခဲ့သော ဂီယာအား ထောက်လှမ်းတွေ့ရှိခဲ့။