နာဆာ၏ Ingenuity Mars Helicopter ၏ စံချိန်တင် ပျံသန်းမှု ဗီဒီယိုမှတ်တမ်း။

 


          အရင်တုန်းကထက် ပိုမြန်မြန် ပိုဝေးဝေးပျံသန်းနိုင်ခဲ့တဲ့ Rotocraft ရဲ့ မကြာသေးခင်က ပျံသန်းမှုကို ဖမ်းယူထားတဲ့ မားစ်ပေါ်က ပုံရိပ်တွေ ရောက်လာပါပြီ။

          Ingenuity Mars Helicopter ရဲ့ black-white လမ်းကြောင်းပြကင်မရာက ဧပြီလ ၁၈ ရက်နေ့မှာ ဆောင်ရွက်ခဲ့တဲ့ ၂၅ ကြိမ်မြောက် စံချိန်တင်ပျံသန်းမှု ဗီဒီယိုတစ်ခုကို ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ တစ်နာရီ ၁၂ မိုင်နှုန်းနဲ့ ပေပေါင်း ၂၃၁၀ (၇၀၄ မီတာ) ရောက် ရှိပြီးတဲ့အချိန်မှာတော့ ဒါက ဂြိုဟ်နီကြီးပေါ်မှာရှိတဲ့ Rotorcraft ရဲ့ အရှည်ဆုံးနဲ့ အဝေးဆုံး ပျံသန်းမှု ဖြစ်လာခဲ့ပါတယ်။ (အခုဆိုရင် Ingenuity က သူ့ရဲ့ ၂၉ ကြိမ်မြောက် ပျံသန်းမှု အတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။)

             “ကျွန်တော်တို့ရဲ့ စံချိန်တင်ပျံသန်းမှုအတွက် Ingenuity ရဲ့ အောက်ဖက်ဆိုက်နေ တဲ့ လမ်းကြောင်းပြကင်မရာဟာ မားစ်ဂြိုဟ်ရဲ့ မျက်နှာပြင်အထက် ၃၃ ပေအမြင့်မှာ တစ်နာရီ ၁၂ မိုင်နှုန်းနဲ့ ပျံသန်းရတဲ့ ခံစားချက်က ဘယ်လိုမျိုးလဲဆိုတာကို ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။” လို့ Ingenuity အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ Teddy Tzanetos က ဆိုပါတယ်။

          ဗီဒီယိုရဲ့ ပထမဆုံး frame က ပျံသန်းမှုစတင်ချိန် တစ်စက္ကန့်မှာ စတင်ပါတယ်။ အမြင့်ပေ ၃၃ ပေရောက်ရှိပြီးနောက်မှာတော့ ဟယ်လီကော်ပတာဟာ အနောက်တောင်ဘက်ကို မျက်နှာမူသွားပြီး သူရဲ့ အမြင့်ဆုံးအမြန်နှုန်းကို သုံးစက္ကန့်အတွင်း အရှိန်မြှင့်တင်ခဲ့ပါတယ်။ စစချင်းမှာ rotorcraft က လှိုင်းထနေသော သဲမြေပြင်ကို ဖြတ်ပျံသန်းပြီး လမ်းတစ် ဝက်ရောက်တဲ့အခါမှတော့ ကျောက်ဆောင်ကွင်းပြင်ကြီးတွေကို ဖြတ်သန်းခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အတော်လေး ပြေပြစ်ပြီး အသွင်အပြင်မဲ့နေတဲ့ မြေပြင်တစ်ခုပေါ်လာ ပါတယ်။ ဒါက ဆင်းသက်စရာနေရာကောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ ၁၆၁.၃ စက္ကန့်စာ ပျံသန်းမှုကို ၃၅ စက္ကန့်အထိ ဒီဗီဒီယိုမှာ လျော့ချထားပါတယ်။



          Rotorcraft မျက်နှာပြင်အထက် ၃ ပေ (၁ မီတာ) ရောက်တာနဲ့တစ်ပြိုင်နက် လမ်းကြောင်းပြကင်မရာကို ပိတ်ပစ်လိုက်ဖို့ ပရိုဂရမ်ရေးဆွဲထားပါတယ်။ ဒါက ထွက်ခွါစဉ် နဲ့ ဆင်းသက်စဉ်တို့အနားမှာ ဝင်လာမယ့် ဖုန်မှုန့်တွေ လမ်းကြောင်းပြစနစ်ကို မနှောက် ယှက်နိုင်ဖို့ ဖြစ်ပါတယ်။

          Ingenuity ရဲ့ ပျံသန်းမှုတွေဟာ အော်တိုမက်တစ်တွေဖြစ်ပါတယ်။ JPL မှာ ရှိတဲ့ လေယာဉ်မှူးတွေက ဒီပျံသန်းမှုတွေအတွက် အစီအစဉ်ရေးဆွဲပြီး Perseverance Mars rover ဆီကို command တွေ ပို့ပေးလိုက်ပါတယ်။ ဒီကနေတစ်ဆင့် ဒီ command တွေကို ဟယ်လီကော်ပတာဆီ ပြန်ပို့ပါတယ်။ ပျံသန်းစဉ်အတွင်းမှာ ဒီယာဉ်ပေါ်က ဆင်ဆာတွေ (လမ်းကြောင်းပြကင်မရာ၊ inertial measurement unit နဲ့ lase range finder) တို့က Ingenuity ရဲ့ navigation processor နဲ့ main flight computer တို့ဆီကို real-time data တွေ ထောက်ပံ့ပေးထားပါတယ်။

          မကြာသေးခင်ကပဲ မစ်ရှင်ထိန်းချုပ်စက်တွေဟာ ဟယ်လီကော်ပတာ low-power state ကိုရောက်လာတာကြောင့် Ingenuity နဲ့ ဆက်သွယ်မှုပြတ် တောက်ခဲ့ရပါတယ်။ အခုဆိုရင်တော့ ပြန်လည်ဆက်သွယ်နိုင်ခဲ့ပြီး သူ့ရဲ့ solar array ကနေ လုံလောက်တဲ့ စွမ်းအင်ကို ရရှိနေပါပြီ။ အဖွဲ့က နောက်လာမယ့် ပျံသန်းမှုကို မျှော်လင့်စောင့်စားနေပါပြီ။

ကိုးကား

 NASA's Ingenuity Mars Helicopter captures video of record flight (phys.org)

 

တယ်လီဂရမ်ချန်နယ်

https://t.me/wfMGPRK2Bh82NTY1

Comments

Popular posts from this blog

ရူပဗေဒပညာရှင်အချို့နဲ့ ဒဿနဗေဒပညာရှင်အချို့ရဲ့ အဆိုအရ အချိန်ဆိုတဲ့အရာမျိုး မရှိပါ။

နဂါးငွေ့တန်းဂလက်စီပြင်ပရှိ နျူထရီနိုထုတ်လုပ်သည့် အရင်းအမြစ်များ။

ဂလက်စီများအား ရေတွက်ခြင်းဖြင့် အထူးနှိုင်းရသီအိုရီအား လက်တွေ့အသုံးချခြင်း။