နပ်ကျွန်းဂြိုဟ်နဲ့ ယူရေးနပ်စ်ဂြိုဟ်တို့ဟာ လေထုဖွဲ့စည်းပုံတူကြပေမယ့် ဘာကြောင့် ကွဲပြားတဲ့ အရောင်ရှိနေကြပါသလဲ။


          ဟယ်ဘယ်တယ်လီစကုပ်၊ နာဆာရဲ့ အနီအောက်ရောင်ခြည်တယ်လီစကုပ်နဲ့ ဂျမီနီ နက္ခတ်ကြည့်မျှော်စင်တို့ကနေရရှိတဲ့ စူးစမ်းလေ့လာချက်တွေက တစ်ဆင့် ယူရေးနပ်စ် ပေါ်မှာမြူခိုးငွေ့တွေပိုလျှံမှုက နပ်ကျွန်းထက်ပိုမှိန်အောင်ပြုလုပ်ပေးနေပြီး အမဲစက်တွေဟာ ဒုတိယမြောက် တိမ်တိုက်အလွှာကြီး ပိုပြီး မဲနက်နေမှုကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်တယ်လို့ ဖော်ပြနေပါတယ်။

          အခုဆိုရင်တော့ နက္ခတ္တဗေဒပညာရှင်တွေအနေနဲ့ ဘာကြောင့်ပုံစံတူ ဂြိုဟ်နှစ်ခုဖြစ်တဲ့ ယူရေးနပ်စ်နဲ့ နပ်ကျွန်းတို့ဟာ ကွဲပြားခြားနားတဲ့ အရောင်တွေ ရှိနေရသလဲဆိုတာကို နားလည်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေကတစ်ဆင့် သုတေသီတွေဟာ ဂြိုဟ်နှစ်ခုလုံးက လေ့လာတွေ့ရှိချက်တွေနဲ့ ကိုက်ညီတဲ့ လေထုမော်ဒယ်တစ်ခုကို တိုးတက်နိုင်ခဲ့ပါတယ်။ ဒီမော်ဒယ်ကနေပြီးတော့ ယူရေးနပ်စ်ဂြိုဟ်ပေါ်က ပိုလျှံနေတဲ့ မြူခိုးငွေ့တွေဟာ ဂြိုဟ်ရဲ့ အသက်မဲ့ငြိမ်သက်နေတဲ့ လေထုလွှာအတွင်းမှာ ဖြစ်ပေါ်တာကြောင့် နပ်ကျွန်းထက် ပိုပြီးအရောင်နုနေခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီမော်ဒယ်က နက်ရှိုင်းတဲ့ ဒုတိယမြောက်အလွှာက (မဲနက်လာတဲ့အခါ) ဒီလေထုအတွင်းက အမဲစက် (dark spots) တွေအတွက် ထည့်သွင်းစဉ်းစားနိုင်တယ်လို့ ဖော်ပြနေပါသေးတယ်။ ဥပမာအားဖြင့် ၁၉၈၉ ခုနှစ်မှာ ဗွိုင်အေဂျာ ၂ ရှာတွေ့ခဲ့တဲ့ မဟာအမဲစက် (Great Dark Spot) လိုမျိုး ဖြစ်ပါတယ်။

          နပ်ကျွန်းနဲ့ ယူရေးနပ်တို့ဟာ တော်တော်များများ တူညီကြပါတယ်။ သူတို့မှာ တူညီတဲ့ အရွယ်အစား၊ ဒြပ်ထုနဲ့ လေထုဖွဲ့စည်းတည်ဆောက်ပုံ ရှိကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အရောင်ကတော့ သိသိသာသာကို ကွဲပြားကြပါတယ်။ မြင်နိုင်တဲ့အလင်း လှိုင်းအလျားမှာဆိုရင် နပ်ကျွန်းဟာ ယူရေးနပ်စ်ထက် ပိုပြီးထင်ရှားစွာပြာနေပါတယ်။ အခုဆိုရင်  နက္ခတ္တဗေဒပညာရှင်တွေဟာ ဒါဘာကြောင့် ဖြစ်ရသလဲဆိုတာအတွက် ဖြေရှင်းချက် ရှာတွေ့ထားပြီ ဖြစ်ပါတယ်။

          သုတေသနအသစ်မှ ဂြိုဟ်နှစ်ခုလုံးမှာ တည်ရှိနေတဲ့ သိပ်သည်းတဲ့မြူခိုးငွေ့တွေ ပါဝင်တဲ့ အလွှာတစ်ခုဟာ နပ်ကျွန်းထက်စာရင် ယူရေးနပ်စ်မှာ ပိုပြီထူထဲနေတယ်လို့ ယူဆထားပါတယ်။ ဒါ့ကြောင့် ယူရေးနပ်စ်ကို နပ်ကျွန်းထက်ပိုပြီး အရောင်နုစေပါတယ်။ အကယ်လို့ ဂြိုဟ်နှစ်ခုလုံးမှာသာ ဒီအလွှာမရှိဘူးဆိုရင် သူတို့နှစ်ခုလုံးက အပြာရောင် ဖြစ်နေမှာ ဖြစ်ပါတယ်။

          ဒီကောက်နုတ်ချက်က နိုင်ငံတကာအဖွဲ့တစ်ခုဦးဆောင်တဲ့ မော်ဒယ်တစ်ခုကနေ လာပါတယ်။ ဒီဂြိုဟ်နှစ်ခုရဲ့ လေထုအပေါ်ပိုင်းအတွက် အရင်တုန်းက စုံးစမ်းလေ့လာမှုတွေမှာ လှိုင်းအလျားအတိအကျမှာရှိတဲ့ လေထုရဲ့အသွင်အပြင်မှာသာ အာရုံစိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီမော်ဒယ်အသစ်ကတော့ လှိုင်းအလျားအမျိုးမျိုးမှာရှိတဲ့ ဂြိုဟ်နှစ်ခုလုံးက လေ့လာစူးစမ်းချက်တွေနဲ့ ကိုက်ညီမှုရှိပါတယ်။ နောက်ပြီး ဒီမော်ဒယ်အသစ်မှာ အရင်တုန်းက မီသိန်းတိမ်တိုက်တွေနဲ့ ဟိုက်ဒြိုဂျင်ဆာလ်ဖိုဒ်အခဲတွေသာ ပါဝင်တယ်လို့ ထင်ထားခဲ့တဲ့ ပိုပြီးနက်ရှိုင်းတဲ့ အလွှာမှာ မြူခိုးအမှုန်တွေရဲ့ပါဝင်မှုကိုလဲ ထည့်သွင်းစဉ်းစားထားပါတယ်။


          “ဒါက ခရမ်းလွန်ရောင်ခြည်ကနေ အနီအောက်ရောင်ခြည်နား လှိုင်အလျားအထိက အလင်းပြန်လာတဲ့ နေရောင်ခြည်ရဲ့ စူးစမ်းလေ့လာချက်တွေနဲ့ ကိုက်ညီမှုရှိတဲ့ ပထမဆုံး မော်ဒယ်ဖြစ်ပါတယ်။” လို့ စာတမ်းဦးဆောင်ရေးသားသူက ဆိုပါတယ်။ “နောက်ပြီး ဒါက ယူရေးနပ်စ်နဲ့ နပ်ကျွန်းတို့ကြားမှာ အရောင်ကွာခြားမှုကို ရှင်းပြနိုင်တဲ့ ပထမဆုံးလဲ ဖြစ်ပါတယ်။”

          “အဖွဲ့ရဲ့မော်ဒယ်မှာ အမြင့်အမျိုးမျိုးမှာ တွေ့ရှိတဲ့ အေရိုဆိုအလွှာသုံးခု ပါဝင်ပါတယ်။ အရောင်အပေါ်သက်ရောက်မှုရှိတဲ့ အဓိကအလွှာကတော့ အလယ်ကအလွှာဖြစ်ပါ တယ်။ ဒါက ယူရေးနပ်စ်မှာ ထူပြီး နပ်ကျွန်းမှာပါးတဲ့ မြူခိုးငွေ့အမှုန်တွေရှိတဲ့ အလွှာ ဖြစ်ပါတယ်။ အဖွဲ့ကဂြိုဟ်နှစ်ခုလုံးရဲ့ ဒီအလွှာမှာ မီသိန်းရေခဲတွေ အမှုန်တွေအဖြစ် သိပ်သည်းပြီး မီသိန်းနှင်းခဲလေးတွေအဖြစ်နဲ့ လေထုရဲ့ ပိုပြီးနက်ရှိုင်းတဲ့အပိုင်းကို ဆွဲချနေတယ် လို့ ယူဆထားပါတယ်။ နပ်ကျွန်းမှာ ယူရေးနပ်စ်ထက် ပိုပြီး သက်ဝင်လှုပ်ရှား ဝဲဂယက် ထနေတဲ့ လေထုပါရှိတာကြောင့် နပ်ကျွန်းရဲ့လေထုဟာ မီးသိန်းအမှုန်တွေကို ဒီမြူခိုးငွေ့ အလွှာထဲဆွဲချမှုနဲ့ မီးသိန်းနှင်းမိုးရွာသွန်းစေရာမှာ ပိုအလုပ်ဖြစ်စေပါတယ်။ ဒါက မြူခိုးငွေ့ အမြောက်အများကို ဖယ်ထုတ်ပေးနိုင်တာကြောင့် နပ်ကျွန်းရဲ့ မြူခိုးငွေ့အလွှာကို ယူရေး နပ်စ်ထက် ပိုပါးအောင် ထိန်းသိမ်းပေးထားပြီး ယူရေးနပ်ထက် ပိုပြာအောင် ပြုလုပ်ပေး ထားခြင်းဖြစ်ပါတယ်။

          “ဒီမော်ဒယ်က ဒီရေခဲဂြိုဟ်ဘီလူးကြီးတွေရဲ့ လေထုအတွင်းက တိမ်တိုက်တွေနဲ့ မြူခိုးငွေ့တွေနဲ့ ပတ်သက်ပြီး နားလည်အောင် ကူညီပေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။” လို့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Mike Wong က ဆိုပါတယ်။ “ယူရေးနပ်စ်နဲ့ နပ်ကျွန်းကြားက အရောင်ကွဲပြားမှုကို ဖြေရှင်းနိုင်ခြင်းကတော့ အပိုထပ်ဆောင်းရတဲ့ ဆုလာဒ်ဖြစ်ပါ တယ်။”

          ဒီမော်ဒယ်က ဘာကြောင့် အမဲစက်တွေကို ယူရေးနပ်စ်မှာ ပြတ်တောင်း ပြတ်တောင်းမြင်ရပြီး နပ်ကျွန်းပေါ်မှာ မကြာခဏ မြင်ရသလဲဆိုတာအတွက်လဲ ရှင်းပြ နိုင်ပါသေးတယ်။ ဂြိုဟ်နှစ်ခုစလုံးက လေထုအတွင်းမှာ အမဲစက်တွေဖြစ်ပေါ်တာကို နက္ခတ္တဗေဒပညာရှင်တွေ သိကြပေမယ့် ဘယ်အေရိုဆိုအလွှာမှာ အမဲစက်တွေ ဖြစ်သလဲဆိုတာ သို့မဟုတ် ဒီအလွှာမှာရှိတဲ့ အေရိုဆိုတွေဟာ အလင်းပြန်မှု အားနည်းတာလဲ ဆိုတာမသိခဲ့ကြပါဘူး။ အဖွဲ့ရဲ့သုတေသနက ဒီမေးခွန်းတွေနဲ့ ပတ်သက်ပြီး အလင်းပတ်ဖျန်းပေးနိုင်ခဲ့ပါတယ်။ ဒီအမဲစက်တွေဟာ အနက်ရှိုင်းဆုံးအလွှာအတွင်းက အမှုန်တွေရဲ့ နက်မှောင်မှုကြောင့် ဖြစ်တယ်ဆိုတာ သိခဲ့ရပါတယ်။

ကိုးကား

Scientists explain why Uranus and Neptune are different colors (phys.org)

Comments

Popular posts from this blog

နျူထရွန်ကြယ်များ တိုက်မိရာမှ မဂ္ဂနက်တာများ ဖြစ်ပေါ်လာခြင်းအတွက် သက်သေ အထောက်အထား။

နာဆာရဲ့ ကမ္ဘာဂြိုဟ်ကာကွယ်ရေး အစီအစဉ်အနေနဲ့ ပထမဆုံး စမ်းသပ်မှုကို ဒီးဒီးမို့စ် စုံတွဲဂြိုဟ်သိမ်ဂြိုဟ်မွှားစနစ်မှာ ယမန်နေ့က ပြုလုပ်ခဲ့ပါတယ်။

“Ingenuity” အမည်ရှိ မားစ်ဟယ်လီကော်ပတာသည် Perseverance Rover Land အား ကူညီပေးခဲ့သော ဂီယာအား ထောက်လှမ်းတွေ့ရှိခဲ့။