မားစ်ဂြိုဟ်ပေါ်က တိမ်တိုက်တွေကို ရှာဖွေဖို့ နာဆာက လူထုအကူအညီလိုအပ်နေ။

 


    နေဝင်ပြီးနောက်သိပ်မကြာခင်မှာ နာဆာရဲ့ Curiosity rover က ဒီတိမ်တိုက်တွေထဲက တစ်ခုကို ဖမ်းယူ ရရှိထားပုံဖြစ်ပါတယ်။

          နာဆာက သိပ္ပံပညာရှင်တွေဟာ မားစ်ဂြိုဟ်ရဲ့လေထုနဲ့ပတ်သက်တဲ့ အခြေခံ ဆန်းကြယ်မှုတစ်ခုကို ဖြေရှင်းနိုင်ဖို့ မျှော်လင့်နေကြပါတယ်။ ဒါကို စာဖတ်သူတို့လဲ အကူအညီပေးနိုင်ပါတယ်။ အခုဆိုရင် နာဆာက Cloudspotting on Mars လို့ခေါ်တဲ့ ပရောဂျက်တစ်ခုကို ဖွဲ့စည်းထားပါတယ်။ ဒါက citizen science platform Zooniverse ကိုအသုံးပြုပြီးတော့ မားစ်ဂြိုဟ်ပေါ်က တိမ်တိုက်တွေကို အတည်ပြုနိုင်ဖို့ ပြည်သူလူထုကို ဖိတ်ခေါ်ထားတာပါ။

What is zooniverse?

Zooniverse - Wikipedia

Zooniverse register

Register — Zooniverse

 ဒီကရလာမယ့်အချက်အလက်တွေက မြောက်များစွာသော သက်သေအထောက် အထားတွေက ဒီဂြိုဟ်မှာ ထူထဲတဲ့ လေထုတစ်ခုရှိခဲ့ကြောင်း ညွှန်ပြနေပေမယ့် ဘာကြောင့် မားစ်ဂြိုဟ်ရဲ့ လေထုဟာ ကမ္ဘာရဲ့ ၁ ရာခိုင်နှုန်းလောက်သာ ထူထဲနေရသလဲဆိုတာကို အဖြေရှာနိုင်ဖို့ အကူအညီပေးနိုင်မယ့်လို့ ပညာရှင်တွေက မျှော်လင့်ထားကြပါတယ်။ ဒါ့ကြောင့် သင်ဟာ အဖြေပေးနိုင်သူတစ်ယောက်လဲ ဖြစ်သွားနိုင်ပါတယ်။

          လေထုဖိအားအလွန်နည်းတာကြောင့် မားစ်ဂြိုဟ်ပေါ်က အရည်ပုံစံနဲ့ရှိနေတဲ့ ရေတွေဟာ ဂြိုဟ်ရဲ့မျက်နှာပြင်ကနေ လေထုထဲကို အငွေ့ပျံသွားကြပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ဘီလီပေါင်းများစွာတုန်းကတော့ မားစ်ဂြိုဟ်ဟာ မြစ်ချောင်း၊ အင်းအိုင်တို့နဲ့ အပြည့်ဖြစ်ခဲ့ဖူးတာကြောင့် လေထုဟာ အဲ့တုန်းက ပိုပြီးထူထဲလိမ့်မယ်လို့ ယူဆရပါတယ်။

          အချိန်ကြာလာနဲ့အမျှ မားစ်ဂြိုဟ်ဟာ သူ့ရဲ့လေထုကို ဘယ်လို ဆုံးရှုံးခဲ့ပါသလဲ။ သီအိုရီတစ်ခုမှာတော့ အမျိုးမျိုးသောနည်းလမ်းတွေက ရေတွေကို လေထုအပေါ်ပိုင်းကို တွန်းပို့လိုက်တာဖြစ်ပါမယ်။ ဒီနေရာမှာတော့ နေကလာတဲ့ရောင်ခြည်တွေဟာ ရေမော်လီ ကျူးတွေကို ဟိုက်ဒြိုဂျင်နဲ့ အောက်စီဂျင်တို့အဖြစ် အစိတ်စိတ်အမွှာမွှာ ဖြိုခွဲလိုက်ပါတယ်။ ဟိုက်ဒြိုဂျင်ဟာ လုံလုံလောက်လောက်ပေါ့ပါးတာကြောင့် လေထုထဲကို လွင့်ထွက်သွား နိုင်ပါတယ်။ ဒီလိုနည်းဟာလည်း ကျွန်တော်တို့ ကမ္ဘာ့လေထုမှာ ဖြစ်ပေါ်နေပါတယ်။ ဒါပေမယ့် ဘာကြောင့် ဒီလောက်အများကြီး ဆုံးရှုံးခဲ့ရပါသလဲ။

          ကမ္ဘာမှာလိုပဲ မားစ်ဂြိုဟ်မှာ ရေခဲတွေနဲ့ပြုလုပ်ထားတဲ့ တိမ်တိုက်တွေရှိနေပါတယ်။ ဒါပေမယ့် မတူတာက သူ့မှာ ကာဗွန်ဒိုင်အောက်ဆိုဒ် (ရေခဲခြောက်ကို မြင်ယောင်ကြည့်ပါ) နဲ့ပြုလုပ်ထားတဲ့ တိမ်တိုက်တွေလဲ ရှိနေပါသေးတယ်။ ဒီတိမ်တိုက်တွေ ဘယ်နေမရာမှာ ဘယ်လိုဖြစ်ပေါ်သလဲဆိုတာကို နားလည်ခြင်းဖြင့် မားစ်ဂြိုဟ်ရဲ့ အလယ်ပိုင်းလေထုတည် ဆောက်ပုံကို ပိုမိုနားလည်နိုင်လိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက မျှော်လင့်ထားကြပါတယ်။

          “ဒီတိမ်တိုက်တွေဖြစ်ပေါ်ဖို့ ဘယ်ကောင်က trigger လုပ်ပေးလိုက်သလဲဆိုတာကို ကျွန်တော်တို့ လေ့လာချင်ပါတယ်။ အဓိကကတော့ ရေခဲတိမ်တိုက်တွေပါ။ ဒါက အမြင့်ပိုင်း ရေငွေ့တွေ လေထုထဲ ဘယ်ရာသီကာလမှာ ဘယ်လိုရောက်လာသလဲဆိုတာကို ပြောပါပေးနိုင်ပါတယ်။” လို့ နာဆာရဲ့ Jet Propulsion Laboratory မှ Marek Slipski က ဆိုပါတယ်။

          ဒီနေရာမှာ Cloudspotting on Mars ပရောဂျက်ကို လိုအပ်လာတာပါပဲ။ ဒီပရော ဂျက်က ၂၀၀၆ ခုနှစ်တည်းက ဂြိုဟ်နီကြီးကို လေ့လာနေတဲ့ Mars Reconnaissance Orbiter (MRO) က စုဆောင်းထားတဲ့ ၁၆ နှစ်စာဒေတာတွေကို အဓိကထားတာပါတယ်။ ဒီအာကာသယာဉ်ရဲ့ Mars Climate Sounder instrument က လူသားတွေမမြင်နိုင်တဲ့ အနီအောက်ရောင်ခြည်မှာ လေထုကို လေ့လာနေတာပါ။ MRO က မားစ်ဂြိုဟ်ကို လှည့်ပတ်နေစဉ်မှာ ဒီကိရိယာကရရှိထားတဲ့ တိုင်းတာမှုတွေထဲမှာ တိမ်တိုက်တွေဟာ ပေါင်းမိုးသဏ္ဍာန်လေးတွေအဖြစ် ပုံပေါ်နိုင်ပါတယ်။ အဖွဲ့က zooniverse ထဲမှာ ဒေတာ‌ တွေထဲမှာ ဒီသဏ္ဍာန်လေးတွေကို ရှာဖို့ အဖွဲ့က အကူအညီလိုနေပါတယ်။ ဒါမှသာ ပညာရှင်တွေအနေနဲ့ လေထုဘယ်နေရာမှာ သူတို့ဖြစ်ပေါ်သလဲဆိုတာကို ထိထိရောက် ရောက်လေ့လာနိုင်မှာ ဖြစ်ပါတယ်။


ပေါင်းမိုးသဏ္ဍာန်တစ်ခုအဖြစ် ဒေတာထဲတွင် မြင်တွေ့ရသော မားစ်ဂြိုဟ်ပေါ်မှ တိမ်တိုက်များ 

          “ကျွန်တော်တို့မှာ အလွန်အဖိုးတန်တဲ့ ဆယ့်ခြောက်နှစ်စာ အချက်အလက်တွေ ရှာဖို့ရှိနေပါတယ်။ ဒါက မားစ်ဂြိုဟ်ရဲ့ အပူချိန်နဲ့တိမ်တိုက်တွေဟာ ရာသီတစ်ခုကနေ တစ်ခု၊ တစ်နှစ်ကနေတစ်နှစ် ဘယ်လိုပြောင်းလဲသွားလဲဆိုတာကို မြင်နိုင်ဖို့ ကျွန်တော်တို့ ကို ခွင့်ပြုပေးထားပါတယ်။” လို့ JPL က Armin Kleinboehl က ဆိုပါတယ်။ “ဒါပေမယ့် ဒါက ကျွန်တော်တို့လို အဖွဲ့သေးလေးအတွက်တော့ အသေးစိတ်ရှာဖွေဖို့ အတော်များတဲ့ အချက်အလက်တွေပါပဲ။”

          သိပ္ပံပညာရှင်တွေက Mars Climate Sounder Data ထဲမှာ ပေါင်းမိုးသဏ္ဍာန်တွေကို အတည်ပြုနိုင်ဖို့ အယ်ဂိုရစ်သန်တွေကို စမ်းသပ်လုပ်ဆောင်နေ ချိန်မှာ ကျွန်တော်တို့လို သာမန်လူတွေအဖို့တော့ ဒီဟာတွေကို မျက်စိနဲ့လိုက်ရှာရတာ ပိုလွယ်ပါလိမ့်မယ်။ ဒါပေမယ့် Kleinboehl ရဲ့ အဆိုအရတော့ ဒီ Cloudspotting project က အနာဂတ်မှာ ဒီအလုပ်ကိုလုပ်နိုင်မယ့် အယ်ဂိုရစ်သန်တွေကို ပိုကောင်းအောင် train ပေးနိုင်ပါတယ်။ ဒါ့အပြင် ဒီပရောဂျက်မှာ သိပ္ပံပညာရှင်တွေဆီကနေ ဒီအချက်အလက် တွေကို ဘယ်လိုအသုံပြုမလဲဆိုတာကို တိုက်ရိုက်ကြားနိုင်ဖို့ မကြာခဏ webinars တွေ လုပ်သွားဖို့လဲ ရှိနေပါတယ်။

Photos credited to Google

သိပ္ပံဆောင်းပါးများဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။

ကိုးကား

Help NASA scientists find clouds on Mars (phys.org)

#newstein

 

Comments

Popular posts from this blog

ရူပဗေဒပညာရှင်အချို့နဲ့ ဒဿနဗေဒပညာရှင်အချို့ရဲ့ အဆိုအရ အချိန်ဆိုတဲ့အရာမျိုး မရှိပါ။

နဂါးငွေ့တန်းဂလက်စီပြင်ပရှိ နျူထရီနိုထုတ်လုပ်သည့် အရင်းအမြစ်များ။

ဂလက်စီများအား ရေတွက်ခြင်းဖြင့် အထူးနှိုင်းရသီအိုရီအား လက်တွေ့အသုံးချခြင်း။