မိုက်ခရိုဥက္ကာခဲများ၏ ရိုက်ခတ်မှုဒဏ်ကို ခံနိုင်အောင် တည်ဆောက်ထားသော နာဆာ၏ ဝပ်ဘ်တယ်လီစကုပ်။
မိုက်ခရိုဥက္ကာခဲတွေရိုက်ခတ်မှုဟာ အာကာသထဲမှာ တာဝန်ထမ်းဆောင်နေတဲ့
အာကာသယာဉ်တိုင်း မလွဲမသေကြုံရတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ မေလ ၂၃ ရက်နဲ့ ၂၅ ရက်ကြားမှာ
နာဆာရဲ့ ဂျိမ်းစ် ဝပ်ဘ်တယ်လီစကုပ်ဟာလဲ သူ့ရဲ့ပင်မမှန်အစိတ် အပိုင်းထဲက တစ်ခုကို ရိုက်ခတ်မှုဒဏ်ခံခဲ့ရပါတယ်။
ကနဦးစိစစ်တွက်ချက်မှုပြီးနောက်မှာတော့ အဖွဲ့က ဒေတာထဲမှာ မသိမသာသက်ရောက်မှုလေးကလွဲရင်
တခြားသော မစ်ရှင်တွေမှာ လုပ်ဆောင်နိုင်တာထက် သာလွန်စွာလုပ်ဆောင်နိုင်သေးတာကို တွေ့ရှိခဲ့ပါတယ်။
အသေးစိတ် သရုပ်ခွဲစိစစ်မှုတွေနဲ့ တိုင်းတာမှုတွေကိုတော့ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ ဝပ်ဘ်တယ်လီစကုပ်ရဲ့ သက်တမ်းတစ်လျှောက်လုံးမှာ ဒီလိုမျိုး ရိုက်ခတ်မှုတွေကို
တောက်လျှောက်ကြုံနေရမှာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးကို မြေပြင်ပေါ်မှာ စမ်းသပ်တည်ဆောက်စဉ်ထဲက
ကြိုတင်စဉ်းစားထားခဲ့ပါတယ်။ အောင်မြင်စွာလွှတ်တင်မှု၊ နေရာချမှုနဲ့ တယ်လီစကုပ်ကြီးချိန်ညှိမှုတို့ကို
လုပ်ဆောင်ခဲ့ပြီးတဲ့အချိန်မှာ ဝပ်ဘ်ရဲ့လုပ်ဆောင်နိုင်စွမ်းဟာ မျှော်လင့်ထားတာထက် ပိုကောင်းနေပြီး
လုပ်ဆောင်ရမယ့် သိပ္ပံမစ်ရှင်တွေကိုလဲ အပြည့်အဝလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
ဝပ်ဘ်ရဲ့မှန်တွေဟာ ကမ္ဘာနဲ့နေကြားက L2 အမှတ်မှာ လည့်ပတ်နေစဉ်မှာ
အရမ်း မြန်တဲ့အလျင်နဲ့လာတဲ့ ဖုန်မှုန့်အရွယ်အစားအမှုန်တွေ ရိုက်ခတ်မှုကို ခံနိုင်အောင်
ဒီဇိုင်းဆွဲ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒီလိုတည်ဆောက်နေစဉ်မှာ အင်ဂျင်နီယာတွေက ဒီပတ်လမ်းကြောင်းမှာ
ပတ်နေစဉ် လုပ်ငန်းဆောင်ရွက်နိုင်ဖို့အတွက် တယ်လီစကုပ်ကြီးကို ဘယ်လိုကာကွယ်ရမလဲဆိုတာနဲ့ပတ်သက်ပြီး
အကြံဉာဏ်ရနိုင်ဖို့ နမူနာမှန်တွေကို အမှန်တကယ်ရိုက်ခတ်မှုစမ်းသပ်ချက်တွေ ပြုလုပ်ခဲ့ပါတယ်။
မကြာသေးခင်က ရိုက်ခတ်မှုကတော့ မော်ဒယ်မှာစမ်းသပ်စဉ်ကထက် ပိုကြီးပြီး မြေပြင်မှာစမ်းသပ်နိုင်တာရဲ့
အလွန် မှာ ဖြစ်နေပါတယ်။
“ဝပ်ဘ်ဟာ ဒီလိုအာကာသပတ်ဝန်းကျင်ရဲ့ ဒဏ်ကိုခံရမယ်ဆိုတာ ကျွန်တော်တို့
သိထားပြီးသားပါ။ ဒီဒဏ်တွေထဲမှာဆိုရင် ခက်ထန်ပြင်းထန်တဲ့ ခရမ်းလွန်ရောင်ခြည်တွေ၊ နေကလာတဲ့
လျှပ်စစ်ဓာတ်ဆောင်အမှုန်တွေ၊ ဂလက်စီထဲက ခပ်ဆိုးဆိုးအရင်းအမြစ်တွေ ကနေလာတဲ့ အာကာသရောင်ခြည်တွေနဲ့
ကျွန်တော်တို့ နေအဖွဲ့အစည်းအတွင်းက မိုက်ခ ရိုဥက္ကာခဲရိုက်ခတ်မှုတွေလဲ ပါဝင်ပါတယ်။”
လို့ Pau Gethner က ဆိုပါတယ်။ “ဝပ်ဘ်ကို အာကာသအတွင်း အကြာပြီးနေပြီးတဲ့အချိန်မှာတောင်
သူ့ရဲ့ရည်မှန်းချက် သိပ္ပံမစ်ရှင်တွေ လုပ်ဆောင်နိုင်ဖို့ ကျွန်တော်တို့ ဒီဇိုင်းဆွဲတည်ဆောက်ထားတာ
ဖြစ်ပါတယ်။” ဥပမာ အားဖြင့် ဝပ်ဘ်ရဲ့ optics တွေဟာ လိုအပ်တာထက်ပိုပြီး သန့်ရှင်းအောင်ပြုလုပ်ထားပါ
တယ်။ ဒီလိုသန့်ရှင်းမှုက အလင်းပြန်မှုကို ပိုကောင်းစေပြီး အာရုံခံနိုင်စွမ်းကိုလဲ ပိုကောင်း
စေနိုင်ပါတယ်။
ဒါ့အပြင် မှန်တွေရဲ့တည်နေရာကို အာရုံခံနိုင်စွမ်းနဲ့ ထိန်းညှိနိုင်စွမ်းက
ရိုက်ခတ်မှု ကြောင့်ဖြစ်တဲ့ ရလဒ်ကို ပြန်ပြင်နိုင်စွမ်းရှိပါတယ်။ ရိုတ်ခတ်မှုဖြစ်တဲ့
အပိုင်းရဲ့ တည်နေရာ ကို ချိန်ညှိခြင်းဖြင့် အင်ဂျင်နီယာတွေဟာ ပုံပျက်သွားတဲ့နေရာကို
ဖယ်ထုတ်နိုင်စွမ်းရှိပါ တယ်။ ဒါကလုံးဝကြီး ချို့ယွင်းမှုကို ဖယ်ရှားနိုင်တာမဟုတ်ပေမယ့်
ရိုက်ခတ်မှုဒဏ်ကို တော့ လျော့နည်းစေနိုင်ပါတယ်။ မကြာသေးခင်က ရိုက်ခတ်မှုဒဏ်ကြုံခဲ့ရတဲ့
C3 အပိုင်းကို ပထမဆုံးချိန်ညှိမှုလုပ်ပြီးသွားပါပြီ။
ပတ်လမ်းကြောင်းအတွင်း ဝပ်ဘ်ကို ကာကွယ်နိုင်ဖို့အတွက် အဖွဲ့က သိရှိထားတဲ့
ဥက္ကာခဲမိုးရွာသွန်းမှုတွေ မဖြစ်ပေါ်ခင်မှာ optics တွေကို အဝေးဘက်ကို လှည့်နိုင်မယ့်
ကာကွယ်ရေးလုပ်ဆောင်ချက်ကို အသုံးပြုနိုင်ပါတယ်။ မကြာသေးခင်က ရိုက်ခတ်မှုက တော့ ဥက္ကာခဲမိုးရွာသွန်းမှုကြောင့်မဟုတ်ဘဲ
လုံးဝရှောင်လွှဲလို့မရတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပါ တယ်။ ဒီလိုရိုက်ခတ်မှုကြောင့် အထူးအင်ဂျင်နီယာအဖွဲ့တစ်ဖွဲ့က
ဒီလိုအရွယ်အစားမျိုး ရိုက်ခတ်မှု နောက်ပိုင်းမဖြစ်အောင် ရှောင်ရှားနိုင်မယ့် နည်းလမ်းတွေကို
ရှာဖွေနေကြ ပါတယ်။
“ဝပ်ဘ်ရဲ့မှန်တွေဟာ အာကာသအတွင်းမှာ ထင်းထင်းကြီးဖြစ်နေတာကြောင့်
တစ်ခါတစ်ရံကြုံတွေ့ရတဲ့ မိုက်ခရိုဥက္ကာခဲရိုက်ခတ်မှုတွေဟာ အချိန်ကြာလာတာနဲ့အမျှ တယ်လီစကုပ်ရဲ့လုပ်ဆောင်နိုင်စွမ်းကို
ယိုယွင်းလာစေပါလိမ့်မယ်။ လို့ Lee Feinberg က ဆိုပါတယ်။ “စလွှတ်ကတည်းက မိုက်ခရိုဥက္ကာခဲရိုက်ခတ်မှုလေးခုကြုံရပေမယ့်
ဒါက ကျွန် တော်တို့ မျှော်လင့်ထားသလောက်ပါပဲ။ ဒါပေမယ့် မကြာသေးခင်က ဖြစ်ခဲ့တဲ့တစ်ခုက
တော့ ကျွန်တော်တို့ခန့်မှန်းထားတဲ့ ပိုကြီးတယ်လို့ ယူဆရပါတယ်။”
မကြာသေးခင်က ရိုက်ခတ်မှုက ဝပ်ဘ်ရဲ့ လုပ်ဆောင်ရမယ့် အချိန်ဇယားကို
ဘာမှ ပြောင်းလဲမှုမဖြစ်စေခဲ့ပါဘူး။ ဒါ့ကြောင့် အစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်သွားမှာ
ဖြစ်ပါတယ်။
ကိုးကား
NASA's
Webb telescope: Engineered to endure micrometeoroid impacts (phys.org)
Comments
Post a Comment