ဝပ်ဘ်တယ်လီစကုပ်ရဲ့ NIRISS instrument ဟာ စကြဝဠာကြီးကို အနီအောက် ရောင်ခြည်ပေါင်း ၂၀၀၀ ကျော်မှာ မြင်နိုင်ဖို့ အဆင့်သင့်ဖြစ်နေပါပြီ။

 


          သိပ်မကြာခင်မှာပဲ ဝပ်ဘ်တယ်လီစကုပ်ရဲ့အောင်ပွဲနေ့ရက်တွေကို ရောက်လာတော့မှာ ဖြစ်ပါတယ်။ ဝပ်ဘ်တယ်လီစကုပ်ရဲ့ အဓိကစွမ်းရည်ထဲမှာ အနီအောက်ရောင်ခြည် ကဏ္ဍကလဲ တစ်ခုအပါအဝင်ပါပဲ။ ဝပ်ဘ်တယ်လီစကုပ်ရဲ့ ပင်မသိပ္ပံတိုင်းတာရေး ကိရိယာလေးခုထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ Near-infrared Imager and Slitless Spectrograph instrument (NIRISS) ဟာ လွှတ်တင်ပြီးနောက် ပြင်ဆင်သင့်တာအားလုံးကို ပြင်ဆင်ပြီး ဖြစ်လို့ သူ့ရဲ့သိပ္ပံဆိုင်ရာ မစ်ရှင်အတွက် အဆင့်သင့်ဖြစ်နေပြီလို့ သိရပါတယ်။

          သိပ္ပံလုပ်ငန်းတာဝန်တွေ ဆောင်ရွက်နိုင်ပြီလို့ မကြေငြာသေးခင် နောက်ဆုံးစစ် ဆေးရမယ့် NIRISS mode ကတော့ Single Object Slitless Spectroscopy (SOSS) ရဲ့ စွမ်းဆောင်ရည်ပဲ ဖြစ်ပါတယ်။ SOSS mode ရဲ့ ပင်မစွမ်းရည်ကတော့ အထူးပြုလုပ်ထားတဲ့ သုံးမြှောင့်ဖန်တုံးဖြစ်ပြီး အာကာသအရင်းအမြစ်တွေကလာတဲ့ အလင်းကို ကွဲပြားတဲ့ရောင်စဉ်သုံးမျိုး ခွဲထုတ်ပေးမည်ဖြစ်ကာ အနီအောက်ရောင်ခြည်ပေါင်း ၂၀၀၀ ကျော်လောက်ကို လေ့လာစူးစမ်းမှုတစ်ခုတည်းမှာ စုဆောင်းသိမ်းဆည်း ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီ mode ကိုတော့ tranist ဖြစ်သွားတဲ့ ကမ္ဘာ့ပြင်ပဂြိုဟ်တွေရဲ့ လေထုကို စူးစမ်းနိုင်ဖို့ အဓိကအသုံးပြုသွားမှာ ဖြစ်ပါတယ်။

 မိခင်ကြယ်ရဲ့ အရှေ့ကနေ ဂြိုဟ်တွေ ဖြတ်သန်းသွားတဲ့ ဖြစ်စဉ်ကို transit ဖြစ်တယ်လို့ ခေါ်ပါတယ်။ ဒီလို ဖြစ်တဲ့ အခါ မိခင်ကြယ်ရဲ့ အလင်းအားကို အချိန်တစ်ခုလောက် လျော့ကျသွားစေပါတယ်။ transit မဖြစ်ခင်နဲ့ ဖြစ်ပြီးနောက် စုဆောင်းရရှိထားတဲ့ ရောင်စဉ်တွေကို အသေးစိတ် နှိုင်းယှဉ်ခြင်းဖြင့် ပြင်ပဂြိုဟ်မှာ လေထုရှိသလား မရှိဘူးလား ဆိုတာအပြင် လေထုရှိခဲ့ရင်လဲ ဘာအက်တမ်တွေ မော်လီကျူးတွေနဲ့ ဖွဲ့စည်းထားသလဲဆိုတာကိုပါ ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။

“ဒီမစ်ရှင်မှာ ကနေဒီယန်တွေအနေနဲ့ ဆယ်စုနှစ်ခုကြာ ပါဝင်လုပ်ဆောင်ခဲ့တာရဲ့ နောက်ဆုံးအချိန်ကိုရောက်ရှိလာပြီလို့ တွေးမိတာနဲ့ ရင်လဲခုန်ရပါတယ်။ အထိတ်တလန့် လဲ ဖြစ်ရပါတယ်။ NIRISS modes လေးခုစလုံးတော့ အဆင်သင့်မဖြစ်သေးပါဘူး။ ဒါပေမယ့် တိုင်းတာရေးကိရိယာတစ်ခုအနေနဲ့တော့ ကျွန်တော်တို့ ထင်ထားတာထက် ပိုပြီး ကောင်းကောင်း ဆောင်ရွက်နေပါပြီ။” လို့ Rene Doyon က ဆိုပါတယ်။

NIRISS ရဲ့ postluanch commisioning activities တွေကို အပြီးသတ်နိုင်ပြီ ဖြစ်တာကြောင့် ဝပ်အဖွဲ့သားတွေဟာ တခြားတိုင်းတာရေးကိရိယာတွေက ကျန်ရှိနေသေး တဲ့ mode ငါးခုကို ဆက်လက်စစ်ဆေးသွားပါမယ်။ ESA နဲ့ CSA တို့ အတူတွဲဆောင်ရွက်ထားတဲ့ နာဆာရဲ့ ဂျိမ်းဝပ်ဘ်တယ်လီစကုပ်ဟာ ဂျူလိုင်လ ၁၂ ရက် နေ့မှာ သူ့ရဲ့ ပထမဆုံးပုံရိပ်ကို ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။

ကိုးကား

Webb's NIRISS instrument is ready to see cosmos in over 2,000 infrared colors (phys.org)

         

Comments

Popular posts from this blog

ရူပဗေဒပညာရှင်အချို့နဲ့ ဒဿနဗေဒပညာရှင်အချို့ရဲ့ အဆိုအရ အချိန်ဆိုတဲ့အရာမျိုး မရှိပါ။

နဂါးငွေ့တန်းဂလက်စီပြင်ပရှိ နျူထရီနိုထုတ်လုပ်သည့် အရင်းအမြစ်များ။

ဂလက်စီများအား ရေတွက်ခြင်းဖြင့် အထူးနှိုင်းရသီအိုရီအား လက်တွေ့အသုံးချခြင်း။