Posts

Showing posts from July, 2022

နဂါးငွေ့တန်းဂလက်စီပြင်ပရှိ နျူထရီနိုထုတ်လုပ်သည့် အရင်းအမြစ်များ။

Image
          စွမ်းအင် အလွန်မြင့်ပြီးတော့ ထောက်လှမ်းဖို့ အလွန်ခက်ခဲတဲ့ နျူထရီနိုတွေဟာ ကျွန်တော်တို့ ကမ္ဘာကြီးကို ရောက်မလာခင် အလင်းနှစ်ဘီလီယံပေါင်းများစွာ ဖြတ်ကျော် လာခဲ့ရတာ ဖြစ်ပါတယ်။ ဒီအခြေခံအမှုန်တွေဟာ စကြဝဠာရဲ့ အနက်အရှိုင်းဆုံး ဒေသက နေလာတယ်ဆိုတာ ကျွန်တော်တို့ သိထားပေမယ့် သူတို့ရဲ့ ဇစ်မြစ်အတိအကျကတော့ အခုအချိန်အထိ ပဟေဠိဖြစ်နေဆဲပါ။           အခုဆိုရင်တော့ သုတေသီအဖွဲ့တစ်ဖွဲ့ကနေပြီးတော့ ဒီဆန်းကြယ်မှုကို အလင်းပတ် ဖြန်းနိုင်ဖို့ အဖြေတစ်ခုနဲ့ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါကတော့ နျူထရီနိုတွေဟာ ဘလေဇာ လို့ခေါ်တဲ့ ဧရာမတွင်းနက်ကြီးတွေပါဝင်တဲ့ ဂလက်စီအလယ်ဗဟိုချက်ကနေ လာတယ်လို့ ယူဆချက်ဖြစ်ပါတယ်။ သူတို့ရလဒ်ကိုတော့ Astrophysical Journal မှာ ထုတ်ပြန်ခဲ့ပါ တယ်။           ကမ္ဘာ့လေထုဟာ အာကာသရောင်ခြည်တွေရဲ့ ရိုက်ခတ်မှုကို အမြဲတစေခံနေရတာ ဖြစ်ပါတယ်။ ဒီထဲမှာ အီလက်ထရွန်ဗို့ ၁၀ ^ ၂၀ လောက်ထိ ရှိတဲ့ စွမ်းအင်မြင့် လျှပ်စစ် ဓာတ်ဆောင်အမှုန်တွေလဲ ပါဝင်နေပါတယ်။ ဒါက ကမ္ဘာပေါ်က စွမ်းအားအကြီးဆုံး အမှုန်အရှိန်မြှင့်စက်ကြီးက တတ်နိုင်တဲ့ စွမ်းအင်ပမာဏထက် အဆသန်းပေါင်းများစွာ ပိုများပါတယ်။ ဒီလို အလွန်စွမ်းအင်မြင့်တဲ့အမှုန်တွေဟာ နက်ရ

ကမ္ဘာ့ပြင်ပဂြိုဟ်တစ်လုံးကနေ ဝပ်ဘ်တယ်လီစကုပ်ရရှိခဲ့တဲ့ အချက်အလက်တွေက သိပ္ပံပညာရှင်တွေကို ဘယ်လိုအကျိုးပြုနိုင်မလဲ။

Image
            မနေ့ညကတော့ တကယ့်ကို အံ့အားသင့်ဖွယ် ညတစ်ညဖြစ်ခဲ့တာပါပဲ။ ဂျူလိုင်လ ၁၁ ရက်နေ့ ညနေပိုင်းမှာ သမ္မတဂျိူးဘိုင်ဒန်က ဝပ်ဘ်ရဲ့ ပထမဆုံး ပုံရိပ်ဖြစ်တဲ့ Deep Field Image ကို ပြသခဲ့ပြီးနောက်မှာတော့ ဂျူလိုင်လ ၁၂ ရက်နေ့ မြန်မာစံတော်ချိန် ၉ နာရီမှာ နောက်ဆက်တွဲပုံရိပ်လေးခုကို ဆက်လက်ပြသခဲ့ပါတယ်။ ထုတ်ပြန်ခဲ့တဲ့ ပုံရိပ် လေးခုစလုံးဟာ အံ့အားသင့်ဖွယ် ပြတ်သားထင်ရှားတဲ့ ပုံရိပ်တွေဖြစ်ခဲ့ပြီး နက္ခတ္တဗေဒ ပညာရပ်ဟာ နောက်ထပ်တစ်ဆင့်ကို တက်လှမ်းသွားခဲ့ပြီဆိုတာ ထင်ထင်ရှားရှား ပြသနေ ခဲ့ပါတယ်။ ဒီပုံလေးခုထဲမှာ ကျွန်တော်စိတ်ဝင်စားဆုံးကတော့ exoplanet data ပဲ ဖြစ်ပါ တယ်။ ဒါ့ကြောင့်မလို့ ဒီနေ့မှာတော့ အခုရရှိခဲ့တဲ့ exoplanet data အသစ်ကနေပြီးတော့ သိပ္ပံပညာရှင်တွေကို ဘာအချက်အလက်အသစ်တွေ ပြောပြနိုင်သလဲဆိုတာကို တင်ပြ သွားပါမယ်။           ဂျိမ်းစ်ဝပ်တယ်လီစကုပ်ရဲ့ အဓိကပန်းတိုင်နှစ်ခုထဲမှာ ကမ္ဘာ့ပြင်ပဂြိုဟ် (exoplanet) တွေကို လေ့လာဖို့ကလဲ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ တကယ့်ရည်မှန်းချက် အစစ်ကတော့ သက်ရှိရှင်သန်နိုင်မယ့် ကမ္ဘာမဟုတ်တဲ့ တခြားဂြိုဟ်တွေကို ရှာဖွေဖို့ ဖြစ် ပါတယ်။ exoplanet ကို အဓိပ္ပါယ်ဖွင့်ရမယ်ဆိုရင်တော့ နေအဖွဲ့အစည်

နာဆာ၏ ဒေါ်လာဆယ်ဘီလီယံတန် ဓာတ်ပုံ။

Image
            ဂျိမ်းစ်ဝပ်ဘ်တယ်လီစကုပ် စလွှတ်ကတည်းက ကျွန်တော်တို့ သူနဲ့ ပတ်သက်တဲ့ သတင်းတွေကို အဆက်မပြတ် စောင့်ကြည့်ခဲ့ကြတာ အခုဆိုရင် သူ့ရဲ့သိပ္ပံပန်းတိုင်တွေကို ဆောင်ရွက်နိုင်တော့မယ့် ပထမဆုံး ဓာတ်ပုံကို ပြသနိုင်ခဲ့တဲ့အထိပါပဲ။ နိုင်ငံတကာ မှာသာမကဘဲ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလဲ ဒီဓာတ်ပုံအကြောင်းနဲ့ပတ်သက်ပြီး လူထုရဲ့ စိတ်ဝင်စားမှု ရရှိခဲ့တာဖြစ်ပါတယ်။           ပထမဆုံးအနေနဲ့ ကျွန်တော်တို့ ဒီဓာတ်ပုံကို ရိုက်ကူးခဲ့တဲ့ ဂျိမ်းစ်ဝပ်စ်တယ်လီစကုပ် ကြီးအကြောင်း အကျဉ်းချုပ်ကို ဖော်ပြချင်ပါတယ်။ နောက်ပြီးရင်တော့ ဒီဓာတ်ပုံက ဘာတွေပြောပြနေတာလဲ။ နောက်ပိုင်းမှာကော ဂျိမ်းစ်ဝပ်ဘ်တယ်လီစကုပ်က ဘာတွေ လုပ်ဆောင်သွားဖို့ ရှိသလဲ စတာတွေကို ဆက်ဆွေးနွေးသွားပါမယ်။ စွမ်းဆောင်ရည်အမြင့်ဆုံး အနီအောက်ရောင်ခြည် တယ်လီစကုပ်           စကြဝဠာကြီးကို လေ့လာတဲ့နေရာမှာ တယ်လီစကုပ်တွေရဲ့ ပါဝင်မှုဟာ အဓိက ကျပါတယ်။ ဘာကြောင့်လဲဆိုတော့ စကြဝဠာတစ်ခုလုံးမှာ ကျွန်တော်တို့ လေ့လာနိုင် တာဟာ အလင်းတစ်ခုသာ ရှိလို့ ဖြစ်ပါတယ်။ ဒါ့ကြောင့်မလို့ ကျွန်တော်တို့ဟာ စွမ်းအား ကြီးမားတဲ့ တယ်လီစကုပ်တွေကို အသုံးပြုပြီး စကြဝဠာသမိုင်းကြောင်းကို လေ့လာရပါ တယ်။

LHCb မှ အလွန်ဆန်းပြားသော အမှုန်အမျိုးအစားသုံးခုအားရှာတွေ့။ တစ်ခုမှာ ပန်တာ ကွက်ခ်အမျိုးအစားဖြစ်၍ တစ်ခုသည် တက်ထရာကွက်ခ်စုံတွဲ ဖြစ်ခဲ့။

Image
            Large Hadron Collider (LHC) မှာ ရှိတဲ့ နိုင်ငံတာ LHCb အစုအဖွဲ့ဟာ အရင်က တစ်ခါမှ မမြင်ဖူးသေးတဲ့ အမှုန်အသစ်သုံးမျိုးကို ရှာတွေ့ခဲ့ကြပါတယ်။ ဒါတွေကတော့ တက်ထရာကွက်ခ် (tetraquark) အသစ်တစ်ခုနဲ့ ပထမဆုံးတွေ့ရှိခဲ့တဲ့ ပန်တာကွက်ခ်စုံတွဲ (penta-quark pair) ဖြစ်ပါတယ်။ ဒီထဲမှာ အသစ်တွေ့ရှိခဲ့တဲ့ တက်ထရာကွက်ခ်အမျိုးအစား အသစ်ပါဝင်ပါတယ်။ တွေ့ရှိမှုကို CERN seminar မှာ တင်ပြခဲ့ပြီး LHC မှာတွေ့ရှိထားတဲ့ ဟေဒရွန်စာရင်းထဲကို အသစ်သုံးခုပေါင်းထည့်နိုင်ခဲ့ပါတယ်။ ဒါတွေက ရူပဗေဒပညာရှင်တွေကို ကွက်ခ်တွေဒီလိုမျိုး အစုအဖွဲ့အဖြစ် ဘယ်လိုဖွဲ့စည်းကြသလဲဆိုတာ နားလည်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။           ကွက်ခ်တွေဟာ အခြေခံအကျဆုံးအမှုန်တွေဖြစ်ပြီး အရသာ ၆ မျိုးနဲ့လာကြပါ တယ်။ ဒါတွေကတော့ up, down, strange, charm, top နဲ့ bottom တို့ ဖြစ်ပါတယ်။ များသောအားဖြင့် သူတို့ဟာ (နျူကလိယကို ပြုလုပ်ထားတဲ့ ပရိုတွန်နဲ့ နျူထရွန်တို့လိုမျိုး) ဟေဒရွန်တွေဖြစ်ဖို့ နှစ်ခုအုပ်စု သို့မဟုတ် သုံးခုအုပ်စုနဲ့ လာကြပါတယ်။ သို့သော်လည်း ရှားပါးဖြစ်ရပ်တွေမှာတော့ သူတို့ဟာ လေးခု သို့မဟုတ် ငါးခုအဖြစ် စုပေါင်းကြပြီး တက်ထရာကွက်ခ်နဲ့ ပန်တာကွက်ခ်တို့ ဖ

11-year solar cycle ၏ပြင်းအားကို ခန့်မှန်းနိုင်မည့် နည်းလမ်းသစ်တစ်ခု။

Image
            သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က 11-year solar cycle ရဲ့ပြင်းအားကို ခန့်မှန်းနိုင်မယ့် နည်းလမ်းအသစ်တစ်ခုကို တင်ပြခဲ့ကြပါတယ်။ ဒီကရလာတဲ့ ရလဒ်တွေဟာ အာကာသယာဉ်မှူးတွေ၊ လေယာဉ်မှူးတွေနဲ့ ကမ္ဘာပေါ်နဲ့ အာကာသအတွင်းမှာရှိတဲ့ ခေတ်မီ နည်းစနစ်တွေအပေါ် သက်ရောက်နိုင်မယ့် အာကာသရာသီဥတုတွေကို နားလည်နိုင်ဖို့ အတွက် အရေးကြီးပါတယ်။           နေဟာ အာကာသယာဉ်မှူးတွေ၊ ကမ္ဘာပေါ်နဲ့ အာကာသအတွင်းမှာရှိတဲ့ ခေတ်မီ နည်းစနစ်တွေကို သက်ရောက်နိုင်တဲ့ ပြင်းထန်တဲ့ ပေါက်ကွဲပေါက်မှုတွေရဲ့ အရင်းအမြစ် ကြီးတစ်ခု ဖြစ်ပါတယ်။ ၁၇ ရာစုအစပိုင်းလောက်မှာ ဂယ်လီလီယိုက သူ့ရဲ့တယ်လီစကုပ် ကို နေဘက်လှည့်ကြည့်ချိန်က စပြီး sunspots (နေပြောက်) တွေကို တွေ့ရှိခဲ့တာ ဖြစ်ပါ တယ်။ ၁၉ ရာစုရောက်တဲ့အချိန်မှာတော့ ဒီ sunspots တွေဟာ အချိန်မှန်မှန် (ပျမ်းမျှအား ဖြင့် ၁၁ နှစ်) ပေါ်လိုက် ပျောက်လိုက်ဖြစ်နေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိလာ ခဲ့ကြပါတယ်။ အခုဆိုရင်တော့ sunspots တွေကို ကမ္ဘာတစ်ဝှမ်းလုံးက နက္ခတ်ကြည့် မျှော်စင်ပေါင်း ၈၀ ကျော်ကနေ အဆက်မပြတ် စောင့်ကြည့်နေပြီး သုတေသီတွေအနေနဲ့ လဲ ရာစုနှစ်လေးခုကြာ sunspots မှတ်တမ်းတွေကို စုစည်းနိုင်ခဲ့ပါပြီ။ ဒါဟာ

နျူထရွန်ကြယ်များ တိုက်မိရာမှ မဂ္ဂနက်တာများ ဖြစ်ပေါ်လာခြင်းအတွက် သက်သေ အထောက်အထား။

Image
            မဂ္ဂနက်တာတွေဟာ စကြဝဠာအတွင်းမှာ စိတ်ဝင်စားဖို့အကောင်းဆုံး နက္ခတ္တပစ္စည်းတွေ ဖြစ်ကြပါတယ်။ သူတို့ကို ပြုလုပ်ထားတဲ့ ပစ္စည်းတွေရဲ့ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာဟာ တစ်ဘီလီယံတန်လောက် လေးနိုင်ပြီး ကမ္ဘာပေါ်မှာ တည်ရှိနေတဲ့ ဘယ်သံလိုက် စက်ကွင်းထက်မဆို အဆပေါင်း သန်းချီပိုပြီးပြင်းထန်တဲ့ သံလိုက်စက်ကွင်းတွေ ရှိနေကြပါတယ်။ ဒါပေမယ့် သူတို့ ဘယ်လိုဖြစ်ပေါ်လာသလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ များများစားစား မသိထားပါဘူး။ အခုစာတမ်းအသစ်တစ်ခုမှာတော့ ဖြစ်နိုင်ခြေရှိတဲ့အရင်းအမြစ်တစ်ခုကို ထောက်ပြခဲ့ပါတယ်။ ဒါကတော့ နျူထရွန်ကြယ်တွေ ရောနှောမှုပဲ ဖြစ်ပါတယ်။           နျူထရွန်ကြယ်တွေဟာလဲ သူတို့ဟာနဲ့ သူတို့ စိတ်ဝင်စားဖို့ ကောင်းကြပါတယ်။ အမှန်တော့ ယေဘုယျအားဖြင့် မဂ္ဂနက်တာတွေဟာ နျူထရွန်ကြယ်အမျိုးအစားတစ်မျိုး ဖြစ်တယ်လို့ လက်ခံထားကြတာ ဖြစ်ပါတယ်။ သူတို့နှစ်ခုရဲ့ အဓိကခြားနားချက်ကတော့ သံလိုက်စက်ကွင်း ပြင်းအားပဲ ဖြစ်ပါတယ်။ နဂါးငွေ့တန်းဂလက်စီအတွင်းမှာ နျူထရွန် ကြယ်ပေါင်း တစ်ဘီလီယံလောက်ရှိတယ်လို့ ယူဆရပြီး တချို့ဟာ စုံတွဲလိုက်လာကြ ပါတယ်။           သူတို့တစ်ခုနဲ့တစ်ခု ဒြပ်ဆွဲအားနဲ့ချည်နှောင်သွားတဲ့အခါမှာတော့ ဒီ