နပ်ကျွန်းဂြိုဟ်ပေါ်ရှိ အံ့အားသင့်ဖွယ်အပူချိန်ပြောင်းလဲမှုများအား နက္ခတ္တဗေဒပညာရှင် များ ဖမ်းယူနိုင်ခဲ့။
နက္ခတ္တဗေဒပညာရှင်အဖွဲ့တစ်ဖွဲ့ဟာ မြေပြင်အခြေစိုက်တယ်လီစကုပ်တွေကို အသုံးပြုပြီးတော့ နပ်ကျွန်းဂြိုဟ်တစ်ခုလုံးအတွက် အပူချိန်ပြောင်းလဲမှုတွေကို ၁၇ နှစ်ကြာ လေ့လာခဲ့ကြပါတယ်။ တောင်ဝင်ရိုးစွန်းမှာ ရုတ်တရက်ပူနွေးမှုနှင့်အတူ နပ်ကျွန်းဂြိုဟ် တစ်ခုလုံးအပူချိန်ရုတ်တရုတ်ကျဆင်းမှုကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ကြပါတယ်။ “ဒီလိုပြောင်းလဲပုံမျိုးကို လုံးဝမျှော်လင့်မထားပါဘူး။” လို့ စာတမ်းဦးဆောင်ရေး သားသူ မစ်ချယ်ရိုမန်ကဆိုပါတယ်။ “နပ်ကျွန်းရဲ့ တောင်ဘက်ခြမ်းနွေဦးအချိန်ကို လေ့လာ စောင့်ကြည့်နေချိန်ကစလို့ အေးလာရမှာမဟုတ်ဘဲ ပိုပြီးပူနွေးလာရမှာလို့ ကျွန်မတို့ မျှော် လင့်ထားတာ ဖြစ်ပါတယ်။ ကမ္ဘာလိုပဲ နပ်ကျွန်းဂြိုဟ်ဟာလည်း နေကိုလှည့်ပတ်နေတာကြောင့် ဥတုရာသီများ ဖြစ်ပေါ်တည်ရှိနေပါတယ်။ သို့ပေမယ့် နပ်ကျွန်းဟာ နေကို ကမ္ဘာနှစ် ၁၆၅ နှစ်တစ်ကြိမ် လှည့်ပတ်နေတာကြောင့် သူ့ရဲ့ရာသီတစ်ခုဟာ နှစ်ပေါင်း ၄၀ လောက်ကြာမြင့်တတ်ပါ တယ်။ နပ်ကျွန်းဂြိုဟ်ရဲ့ တောင်ဘက်ခြမ်းမှာ ၂၀၀၅ ...