နာဆာရဲ့ ကမ္ဘာဂြိုဟ်ကာကွယ်ရေး အစီအစဉ်အနေနဲ့ ပထမဆုံး စမ်းသပ်မှုကို ဒီးဒီးမို့စ် စုံတွဲဂြိုဟ်သိမ်ဂြိုဟ်မွှားစနစ်မှာ ယမန်နေ့က ပြုလုပ်ခဲ့ပါတယ်။
ဒီးဒီးမို့စ်ဟာ စုံတွဲစနစ်တစ်ခုဖြစ်ပြီး တစ်ခုနဲ့တစ်ခုလှည့်ပတ်နေကြတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေဖြစ်ကြပါတယ်။ တစ်ခုချင်းအနေနဲ့ကတော့ ဒီကျောက်စိုင် ကျောက်ခဲနှစ်ခုကို ဒီးဒီးမို့စ် (Didymos) နဲ့ ဒီမောဖို့စ် (Dimorphos) လို့ သိကြပါတယ်။ နာဆာရဲ့ Double Asteroid Redirection Test ဖြစ်တဲ့ DART မစ်ရှင်မှာ ဒီစုံတွဲစနစ်ထဲက ပိုသေးတဲ့တစ်ခုဖြစ်တဲ့ ဒီမောဖို့စ်ပေါ်ကို အာကာသယာဉ်တစ်ခုအား စက်တင်ဘာလ ၂၆ ရက်နေ့ ဂရင်းနစ်စံတော်ချိန် ၂၃ နာရီ ရည်ရွယ်ချက်ရှိရှိ ဝင်ရောက်တိုက်မိစေခဲ့ပါတယ်။ ဝင်တိုက်စေရတဲ့အကြောင်းအရင်းကတော့ ဒီဂြိုဟ်ပတ်လမ်းရဲ့ အလျင်ကို အနည်းငယ်ပြောင်းလဲစေပြီး ကမ္ဘာကိုအန္တရာယ်ပြုနိုင်တဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေကနေ ကမ္ဘာကို ကာကွယ်ဖို့နည်းလမ်းကို သရုပ်ပြဖို့ ဖြစ်ပါတယ်။ နာဆာရဲ့အဆိုအရ ဒီဖြစ်စဉ်မှာတော့ “kinetic impactor” လို့ခေါ်တဲ့ နည်းလမ်းကို အသုံးပြုခဲ့ပါတယ်။ ဒီးဒီးမို့စ်စနစ်ဟာ ကမ္ဘာကို အန္တရာယ်မပြုနိုင်ပေမယ့်လဲ ဒီနည်လမ်းကို နောင်တစ်ချိန်ကမ္ဘာပေ...