Posts

Showing posts from May, 2022

စကြဝဠာဟာ သူ့ရဲ့သံလိုက်စက်ကွင်းကို ဘယ်လိုရခဲ့သလဲ။

Image
            ကျွန်တော်တို့ စကြဝဠာကြီးကို ကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့ မြင်နေသမျှ နက္ခတ္တပစ္စည်းအားလုံးဟာ သံလိုက်စက်ကွင်းတွေထဲမှာ နစ်မြုပ်နေကြပါတယ်။ ဒါက ကျွန်တော်တို့ အနီးအနားက ကြယ်တွေနဲ့ ဂြိုဟ်တွေအတွက်သာမဟုတ်ဘဲ ဂလက်စီနဲ့ ဂလက်စီအစုအဝေးတွေကြားက နက်ရှိုင်းတဲ့ကွင်းပြင်ကွက်လပ်ကြီးတွေအတွက်လဲ မှန်ကန်ပါတယ်။ ဒီစက်ကွင်းတွေဟာ အားပျော့ကြပါတယ်။ များသောအားဖြင့် ရေခဲသေတ္တာပေါ်က သံလိုက်ထက်တောင် အားပျော့ပါသေးတယ်။ သို့ပေမယ့် သူတို့ရဲ့ သက်ဝင်လှုပ်ရှားမှုတွေဟာ သိသာထင်ရှားတာကြောင့် ရွေ့လျားပြောင်းလဲနေတဲ့ စကြဝဠာကြီးအပေါ်မှာ သိသိသာသာ သက်ရောက်မှုများ ရှိနိုင်ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ ပြင်းပြင်းထန်ထန် သုတေသနပြုခဲ့ပေမယ့်လဲ ဒီအာကာသတစ်ခွင်လုံးရှိ သံလိုက် စက်ကွင်းတွေရဲ့ ဇစ်မြစ်ဟာ အာကာသဗေဒမှာ ထူးခြားဆန်းကြယ်မှုတွေထဲက တစ်ခုအဖြစ် ကျန်ရှိနေဆဲဖြစ်ပါတယ်။           မကြာသေးခင်က သုတေသနတစ်ခုမှာတော့ သိပ္ပံပညာရှင်တွေအနေနဲ့ နဂိုကတည်းက တည်ရှိနေတဲ့ သံလိုက်စက်ကွင်းတွေဟာ ဒိုင်နမိုဖြစ်စဉ်လို့ခေါ်တဲ့ နည်းလမ်းအားဖြင့် ပိုပြီးကြီးထွားလာနိုင်တာကို နားလည်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီပြောင်မြောက်လှတဲ့ တွေ့ရှိမှုလေးကပဲ ဒီဆန်းကြယ်မှု

နာဆာ၏ Ingenuity Mars Helicopter ၏ စံချိန်တင် ပျံသန်းမှု ဗီဒီယိုမှတ်တမ်း။

Image
            အရင်တုန်းကထက် ပိုမြန်မြန် ပိုဝေးဝေးပျံသန်းနိုင်ခဲ့တဲ့ Rotocraft ရဲ့ မကြာသေးခင်က ပျံသန်းမှုကို ဖမ်းယူထားတဲ့ မားစ်ပေါ်က ပုံရိပ်တွေ ရောက်လာပါပြီ။           Ingenuity Mars Helicopter ရဲ့ black-white လမ်းကြောင်းပြကင်မရာက ဧပြီလ ၁၈ ရက်နေ့မှာ ဆောင်ရွက်ခဲ့တဲ့ ၂၅ ကြိမ်မြောက် စံချိန်တင်ပျံသန်းမှု ဗီဒီယိုတစ်ခုကို ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ တစ်နာရီ ၁၂ မိုင်နှုန်းနဲ့ ပေပေါင်း ၂၃၁၀ (၇၀၄ မီတာ) ရောက် ရှိပြီးတဲ့အချိန်မှာတော့ ဒါက ဂြိုဟ်နီကြီးပေါ်မှာရှိတဲ့ Rotorcraft ရဲ့ အရှည်ဆုံးနဲ့ အဝေးဆုံး ပျံသန်းမှု ဖြစ်လာခဲ့ပါတယ်။ (အခုဆိုရင် Ingenuity က သူ့ရဲ့ ၂၉ ကြိမ်မြောက် ပျံသန်းမှု အတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။)                 “ကျွန်တော်တို့ရဲ့ စံချိန်တင်ပျံသန်းမှုအတွက် Ingenuity ရဲ့ အောက်ဖက်ဆိုက်နေ တဲ့ လမ်းကြောင်းပြကင်မရာဟာ မားစ်ဂြိုဟ်ရဲ့ မျက်နှာပြင်အထက် ၃၃ ပေအမြင့်မှာ တစ်နာရီ ၁၂ မိုင်နှုန်းနဲ့ ပျံသန်းရတဲ့ ခံစားချက်က ဘယ်လိုမျိုးလဲဆိုတာကို ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။” လို့ Ingenuity အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ Teddy Tzanetos က ဆိုပါတယ်။           ဗီဒီယိုရဲ့ ပထမဆုံး frame က ပျံသန်းမှုစတင်ချိန် တစ်စက္

နက္ခတ္တဗေဒပညာရှင်များသည် ထူးခြားဆန်းကြယ်သော ကျောက်စိုင်ကျောက်ခဲဂြိုဟ် နှစ်လုံးအပေါ် ဝပ်ဘ်တယ်လီစကုပ်၏ high-precision spectrographs များကို training ပေးသွားမည်။

Image
            သူရဲ့ မှန်အပိုင်းများကို လှလှပပချိန်ညှိမှုပြီးစီးပြီးတဲ့အပြင် သူ့ရဲ့သိပ္ပံတိုင်းတာရေးကိရိယာများကိုလဲ တွက်ချက်မှုလုပ်ဆောင်နေပြီဖြစ်တာကြောင့် နာဆာရဲ့ ဂျိမ်းစ်ဝပ်ဘ် တယ်လီစကုပ်ဟာ လုပ်ငန်းအပြည့်ဆောင်ရွက်နိုင်ဖို့ သီတင်းပတ်အပိုင်းအခြားသာ လိုအပ်တော့တာ ဖြစ်ပါတယ်။ ဒီနွေရာသီမှာ ပထမဆုံးစူးစမ်းလေ့လာမှုလုပ်ဆောင်ပြီး သိပ်မကြာခင်မှာပဲ ဝပ်ဘ်ဟာ သူ့ရဲ့သိပ္ပံဆိုင်ရာမစ်ရှင်များကို စတင်ဆောင်ရွက်သွားတော့ မှာ ဖြစ်ပါတယ်။           ပထမနှစ်မှာ စူးစမ်းလေ့လာဖို့ စီစဉ်ထားတဲ့ လေ့လာမှုတွေထဲမှာ စူပါကမ္ဘာ (super-earth) လို့ အမည်ပေးထားတဲ့ ပူပြင်းတဲ့ပြင်ပဂြိုဟ်နှစ်ခုလဲ အပါအဝင်ဖြစ်ပါတယ်။ ဒီနှစ်ခုတော့ ချော်ရည်တွေအပြည့်ဖုံးနေတဲ့ 55 Cancir e နဲ့ လေမရှိတဲ့ LHS 3844 b တို့ ဖြစ်ပါ တယ်။ သုတေသီတွေအနေနဲ့ ဝပ်ဘ်ရဲ့ high precision spectrographs တွေကို ဒီပြင်ပ ဂြိုဟ်နှစ်လုံးမှာ train ပေးသွားမှာဖြစ်ပါတယ်။ ဒီကနေတစ်ဆင့် ကမ္ဘာလိုမျိုး ကျောက်စိုင် ကျောက်ခဲဂြိုဟ်တွေရဲ့ ဆင့်ကဲပြောင်းလဲမှုနဲ့ ဂလက်စီတစ်လျှောက် ဂြိုဟ်တွေရဲ့ ဘူမိဗေဒ ကွဲပြားခြားနားမှုတွေကို နားလည်နိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ အလွန်ပူပြင်းသော စူပါကမ္ဘာ 55

ဝေးကွာသောအရပ်ရှိဂလက်စီများနှင့် ပတ်သက်သော တွေ့ရှိမှုအသစ်။ ကြယ်များသည် ကျွန်တော်တို့ ထင်ထားသည်ထက် ပို၍လေးလံနေပါသည်။

Image
            ကိုပန်ဟေဂန်တက္ကသိုလ်မှ နက္ခတ္တရူပဗေဒပညာရှင် အဖွဲ့တစ်ဖွဲ့က နဂါးငွေ့တန်း ဂလက်စီအလွန်က ကြယ်တွေနဲ့ပတ်သက်ပြီး အရေးပါတဲ့ရလဒ်တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ ဒီရလဒ်က တွင်းနက်ဖြစ်ပေါ်မှုတွေ၊ စူပါနိုဗာတွေနဲ့ ဘာကြောင့် ဂလက်စီတွေ သေဆုံးရသလဲ စတဲ့ နက္ခတ္တဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့နားလည်ထားမှုကို ပြောင်းလဲစေနိုင်ပါတယ်။           ကောင်းကင်ယံကို လူသားတွေ လေ့လာနေသမျှကာလပတ်လုံးမှာ ‌ဝေးကွာတဲ့ အရပ်ကဂလက်စီတွေ ဘယ်လိုပုံစံရှိမလဲဆိုတာဟာ အမြဲဆန်းကြယ်နေခဲ့ပါတယ်။ Astronomical Journal မှာ ယနေ့ထုတ်ဝေခဲ့တဲ့ လေ့လာမှုတစ်ခုက ကျွန်တော်တို့ နဂါးငွေ့တန်းဂလက်စီအလွန်က ကြယ်တွေအပေါ် ယခင်ကကျွန်တော်တို့နားလည်ထားမှုကို စိန်ခေါ်မှုပြုနေပါတယ်။           ၁၉၉၅ ခုနှစ်ကစပြီးတော့ စကြဝဠာအတွင်းက တခြားဂလက်စီတွေမှာရှိတဲ့ ကြယ်တွေရဲ့ဖွဲ့စည်းတည်ဆောက်ပုံဟာ ကျွန်တော်တို့နဂါးငွေ့တန်းဂလက်စီအတွင်းက ကြယ်ဘီလီယံပေါင်းများစွာ (ဒြပ်ထုနိမ့်၊ ဒြပ်ခုအလယ်အလတ်နဲ့ ဒြပ်ထုမြင့်ကြယ် အစုအဝေးကြီးတစ်ခု) နဲ့ အတူတူပဲလို့ ယူဆထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် စကြဝဠာ တစ်လွှားရှိ ဂလက်စီပေါင်း ၁၄၀ ၀၀၀ ကျော်မှ ရရှိထားတဲ့ လေ့လာတွေ့ရှိချက်တွေနဲ့ အဆင့်မြင့်

ကြယ်စုံတွဲစနစ်အတွင်းက ဂြိုဟ်တွေက ပြင်ပသက်ရှိတွေအတွက် နားခိုရာဒေသ ဖြစ်နိုင်။

Image
            နေလိုမျိုးအရွယ်အစား ကြယ်တစ်ဝက်လောက်က စုံတွဲစနစ်တွေဖြစ်ကြပါတယ်။ ကိုပန်ဟေဂန်တက္ကသိုလ်သုတေသနအရတော့ ကြယ်စုံတွဲစနစ်အတွင်းက ဂြိုဟ်စနစ်တွေဟာ ကြယ်တစ်လုံးနားက စနစ်တွေနဲ့ အတော်လေးကွဲပြားခြားနားနေနိုင်ပါတယ်။ ဒါကပဲ ပြင်ပသက်ရှိတွေကို ရှာဖွေရာမှာ ပစ်မှတ်အသစ်ဖြစ်လာစေပါတယ်။           သက်ရှိတည်ရှိတဲ့ တစ်ခုတည်းသော ဂြိုဟ်ဟာ နေကိုလှည့်ပတ်နေတဲ့ ကမ္ဘာဖြစ်ပါတယ်။ ဒီတော့ နေလိုမျိုးအရွယ်အစားနားက ဂြိုဟ်စနစ်တွေဟာ ပြင်ပသက်ရှိတွေကို ရှာဖွေရာမှာ အဓိကပစ်မှတ်ဆိုတာကတော့ အသိအသာကြီးပါပဲ။ ဒီကတ်တလောက်အတွင်းက ဒုတိယမြောက်အားလုံးနီးပါးကလည်း စုံတွဲကြယ်တစ်လုံးဖြစ်ကြပါတယ်။ ကိုပန်ဟေဂန်တက္ကသိုလ်သုတေသနကနေရရှိထားတဲ့ ရလဒ်အသစ်ကနေပြီးတော့ နေလိုမျိုး ကြယ်တစ်လုံးထက်စာရင် ကြယ်စုံတွဲတွေနားမှာ ဖြစ်ပေါ်တဲ့ ဂြိုဟ်စနစ်တွေဟာ မတူညီတဲ့ ပုံသဏ္ဍာန်မျိုးနဲ့ ဖြစ်ပေါ်ခဲ့မယ်လို့ ညွှန်ပြနေပါတယ်။           “ရလဒ်က စိတ်လှုပ်ရှားဖွယ်ပါပဲ။ ဘာကြောင့်လဲဆိုတော့ လာမယ့်နှစ်တွေမှာ အလွန်စွမ်းအားကြီးတဲ့ အမျိုးမျိုးသော တိုင်းတာရေးကိရိယာအသစ်တွေကို တပ်ဆင်သွားမှာကြောင့်ဖြစ်ပါတယ်။ ဒါတွေက အမျိုးမျိးသော ကြယ်တွေနားမှာ ဂြိုဟ်တွေဘယ်လိုဖြစ်ပေါ်ခဲ့သလဲဆိုတာအတွက

ဟယ်ဘယ်စုဆောင်းသိမ်းဆည်းရရှိထားသော စူပါနိုဗာအရင်းခံဂလက်စီများ။

Image
            ၂၀၀၃ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ နာဆာဟယ်ဘယ်တယ်လီစကုပ်ကနေ စုဆောင်းရရှိထားတဲ့ ဒီပုံရိပ်တွေဟာ Cepheid variables တွေနဲ့ စူပါနိုဗာတွေ နှစ်ခုစလုံး အရင်းခံတည်ရှိနေတဲ့ ဂလက်စီတွေဖြစ်ပါတယ်။ ဒီအရေးပါတဲ့အာကာသဖြစ်စဉ်နှစ်ခုစလုံးဟာ နက္ခတ္တအကွာအဝေးတွေကို ဆုံးဖြတ်နိုင်ဖို့ အရေးကြီးတဲ့ပစ္စည်းတွေဖြစ်ပြီး စကြဝဠာပြန့်ကားနှုန်း ဟယ်ဘယ်ကိန်းသေကို တိုင်းတာနိုင်ဖို့ အသုံးပြုတဲ့ အရာတွေလဲ ဖြစ်ပါတယ်။           ဒီအထူးစုဆောင်းသိမ်းဆည်းမှုထဲက ပုံရိပ်တစ်ခုချင်းစီဟာ Cepheid variables တွေနဲ့ စူပါနိုဗာနှစ်ခုစလုံး အရင်းခံတည်ရှိတဲ့ ခရုပတ်ပုံဂလက်စီတစ်ခုစီ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်နှစ်ခုလုံးဟာ စကြဝဠာအတွင်းက ရှားပါးဖြစ်စဉ်တွေဖြစ်ပါတယ်။ Cepheid variables တွေဆိုတာကတော့ ကျုံ့လိုက်ဆန့်လိုက်ဖြစ်နေတဲ့ ကြယ်တွေဖြစ်ပြီး သူတို့အလင်းဟာ အချိန်မှန်မှန် လင်းလိုက်၊ မှိန်လိုက်ဖြစ်နေပါတယ်။ Type 1a supernovae တွေကတော့ ပူပြင်းသိပ်သည်းလှတဲ့ ကြယ်ဖြူပုကြီးတွေ ပေါက်ကွဲတဲ့ဖြစ်စဉ် ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်ခုစလုံးကို နက္ခတ္တ‌ဝတ္ထုတွေရဲ့ အကွာအဝေးကို တိုင်းတာနိုင်ဖို့ အသုံးပြုနိုင်ပါတယ်။           အာကာသဝတ္ထုတစ်ခုရဲ့ အကွာအဝေးကို တိုင်းတာနိုင

ဝပ်ဘ်တယ်လီစကုပ်သည် မကြာမီအချိန်အတွင်း နေအဖွဲ့အစည်းကို လေ့လာနိုင်တော့မည်။

Image
  Simulated spectroscopy results from the plumes of Europa. This is an example of the data the Webb telescope could return that could identify the composition of subsurface ocean of this moon.            နာဆာရဲ့ ဝပ်ဘ်တယ်လီစကုပ်ဟာ သိပ္ပံတိုင်းတာရေးကိရိယာတွေကို commissioning လုပ်တဲ့ နောက်ဆုံးအဆင့်ကို ဖြတ်သန်းနေပြီဖြစ်တာကြောင့် တယ်လီစကုပ်ကြီးရဲ့ နည်းပညာဆိုင်ရာဆောင်ရွက်မှုတွေအတွက်လဲ ကျွန်မတို့ စတင်လုပ် ဆောင်နေပြီ ဖြစ်ပါတယ်။ အာကာသအတွင်း တယ်လီစကုပ်ကြီး ဖြတ်သန်းစဉ်ကာလမှာ ဝေးကွာတဲ့အရပ်က ကြယ်တွေနဲ့ ဂလက်စီတွေကို တောက်လျှောက်ရှာဖွေသွားမှာ ဖြစ်ပြီး ပုံရိပ်တွေနဲ့ ရောင်စဉ်တွေကိုရနိုင်ဖို့ ဒီအရာတွေကို အတိအကျအပြတ်သားဆုံး ထောက်လှမ်းသွားမှာ ဖြစ်ပါတယ်။               ပုံရိပ်တွေနဲ့ ရောင်စဉ်တွေရနိုင်ဖို့ဆိုရင် ဝပ်ဘ်ဟာ ဒီအရာတွေကို lock လုပ်ဖို့ လိုပြီး လိုအပ်တဲ့ တိကျပြတ်သားမှုနဲ့ ထောက်လှမ်းနိုင်မှုကိုလဲ လိုပါတယ်။ ဝပ်ဘ်အသင်းအနေနဲ့ ရွေ့လျားနေတဲ့ ဝတ္ထုတစ်ခုကို ထောက်လှမ်းခြင်း ပထမဆုံးစမ်းသပ်မှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီစမ်းသပ်မှုကနေပြီးတော့ ဝပ်ဟာ ရွေ့လျားနေတဲ့ ဝတ္ထုတွေကို ထောက်လှမ်း

ကမ္ဘာဆီသို့ စူပါနိုဗာတစ်ခု၏ ပထမဆုံးသဲလွန်စများကို ယူဆောင်လာသော ဂြိုဟ်သား ကျောက်တုံး။

Image
            Chemistry “forensics” အသစ်ကနေပြီးတော့ အီဂျစ်သဲကန္တရက ရရှိထားတဲ့ ဟိုက်ပတီးယား (Hypatia) လို့ အမည်ရတဲ့ ကျောက်တုံးတစ်ခုဟာ type Ia supernovae ရဲ့ ကမ္ဘာပေါ်မှာတွေ့ရှိရတဲ့ ပထမဆုံးသော ခိုင်လုံတဲ့ သက်သေအထောက်အထားတစ်ခု ဖြစ်မယ်လို့ ညွှန်ပြနေပါတယ်။ ဒီရှားပါးတဲ့စူပါနိုဗာအမျိုးအစားတွေဟာ စကြဝဠာအတွင်းမှာ စွမ်းအားအကြီးဆုံးဖြစ်စဉ်တွေထဲက တစ်ခုဖြစ်ပါတယ်။           ၂၀၁၃ ခုနှစ်လောက်တည်းက Belyanin နဲ့ Kramer တို့က ဟိုက်ပတီးယာကျောက်တုံးရဲ့ ပုံမှန်မဟုတ်တဲ့ ဓာတုဗေဒ သဲလွန်စတွေနဲ့ပတ်သက်ပြီး ဖော်ထုတ်နေကြတာ ဖြစ်ပါတယ်။ အခုသုတေသနအသစ်မှာတော့ သူတို့က ဒီကျောက်တုံးရဲ့ဇစ်မြစ်အတွက် အဖြစ်နိုင်ဆုံး အရင်းအမြစ်တစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒီလိုဖော်ထုတ်နိုင်ဖို့အတွက် သူတို့ဟာ နေ၊ ကမ္ဘာနဲ့ နေအဖွဲ့အစည်းအတွင်းရှိ အခြားဂြိုဟ်တွေရဲ့ အစောပိုင်းဖြစ်ပေါ်ပုံ အဆင့်တွေအားလုံးကို ပေါင်းစည်းခဲ့ရပါတယ်။ အာကာသအချိန်စီးကြောင်း           ဟိုက်ပတီးယားကျောက်တုံးနဲ့ပတ်သက်တဲ့ သူတို့ရဲ့ အယူအဆက ကြယ်တစ်စင်းနဲ့ စတင်ပါတယ်။ ကြယ်နီဘီလူးကြီးတစ်လုံးဟာ ကြယ်ဖြူပုတစ်လုံးအဖြစ် ပြိုပျက်သွားခဲ့ပါတယ်။ ဒီပြိုပျက်မှုဟာ နဗျူလာလို့ခေါ်တဲ့ ဧရာမဓာ

ရှေးဟောင်း လကမ္ဘာမီးတောင်တွေက ထွက်ပေါ်ခဲ့တဲ့ ရေတွေကို တစ်ချိန်ချိန်မှာ အာကာသယာဉ်မှူးတွေ အသုံးပြုနိုင်လောက်ပါတယ်။

Image
            လွန်ခဲ့တဲ့ နှစ်ဘီလီယံပေါင်းများစွာတုန်းက လကမ္ဘာပေါ်မှာ မီးတောင်ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ဒီအာကသဝတ္ထုကြီးရဲ့ စတုရန်းမိုင် ရာပေါင်းထောင်ချီတဲ့ မျက်နှာပြင်ကို ပူပြင်းတဲ့ချော်ရည်တွေနဲ့ ဖုံးလွှမ်းစေခဲ့ပါတယ်။ နှစ်ကာလပေါင်းများစွာ တစ်လျှောက် ဒီချော်ရည်တွေက အမဲကွက် သို့မဟုတ် မာရီယာ (maria) တွေကို ဖန်တီးခဲ့ပြီး ကျွန်တော်တို့ ယနေ့ညအချိန်မှာ မြင်တွေ့နေရတဲ့ လမျက်နှာပြင်ပုံစံမျိုး ဖြစ်ပေါ်စေခဲ့ပါတယ်။               အခုဆိုရင်တော့ သုတေသနအသစ်တစ်ခုက ဒီမီးတောင်တွေဟာ လမျက်နှာပြင်ပေါ်မှာ နောက်ထပ်ရိုက်ခတ်မှုတစ်ခုကို ကျန်ရစ်စေခဲ့လိမ့်မယ်လို့ ထင်မြင်ချက်ပေးထားပါတယ်။ ဒါကတော့ တခြားမဟုတ်ပါဘူး။ လရဲ့ ဝင်ရိုးစွန်းတွေနဲ့ တခြားနေရာအချို့မှာ တွေ့ရတဲ့ ပေပေါင်းရာချီ သို့မဟုတ် ဒါဇင်လောက်ထူနိုင်တဲ့ ရေခဲလွှာကြီးတွေပဲ ဖြစ်ပါတယ်။           “ဒါကြီးကို လကမ္ဘာပေါ်မှာ အချိန်အတော်ကြာဖွဲ့စည်းတည်ဆောက်ခဲ့တဲ့ နှင်းခဲတစ်ခုအဖြစ် ကျွန်တော်တို့ ခန့်မှန်းထားပါတယ်။” လို့ စာတမ်းဦးဆောင်ရေးသားသူ အန်ဒ ရူး ဝေးလ်ကောစကီးက ဆိုပါတယ်။           သူနဲ့ သူရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ သူတို့တွေ့ရှိမှုကို Planetary Science Jo

ဖလော်ရီဒါမှ သိပ္ပံပညာရှင်များသည် ပထမဆုံးအကြိမ်အဖြစ် လကမ္ဘာမြေဆီလွှာပေါ်တွင် အပင်စိုက်ပျိုးနိုင်ခဲ့။

Image
            ပထမဆုံးအကြိမ်အဖြစ် သိပ္ပံပညာရှင်တွေဟာ နာဆာမှ အပိုလိုအာကာသယာဉ်မှူး များယူဆောင်လာတဲ့ လကမ္ဘာမှ မြေစာပေါ်တွင် အပင်စိုက်ပျိုးနိုင်ခဲ့ပါသည်။           ခက်ထန်ကြမ်းတမ်းတဲ့ လကမ္ဘာရဲ့ မြေလွှာပေါ်မှာ တစ်ခုခု‌ ပေါက်ရောက်ကြီးထွား နိုင်တယ်လို့ သုတေသီတွေ မထင်ခဲ့မိပါဘူး။ အကယ်လို့ ပေါက်ရောက်နိုင်ခဲ့မယ်ဆိုရင်လဲ နောင်တစ်ချိန် လကမ္ဘာပေါ်မှာ စူးစမ်းလေ့လာမှုလုပ်မယ့် နောက်မျိုးဆက်တွေအတွက် အစာရနိုင်ဖို့ အသုံးပြုနိုင်မလားဆိုတာ သိချင်မြင်ချင်နေကြပါတယ်။ ရလဒ်တွေကတော့ သူတို့ကို လုံးဝမှင်တက်သွားစေခဲ့ပါတယ်။           “သောက်ကျိုးနည်း။ လကမ္ဘာပေါ်မှာ အပင်တွေတကယ်ပေါက်နိုင်ပါတယ်။ နောက်နေသလားလို့တောင် ထင်ရတယ်ဟေ့။” လို့ ဖလော်ရီဒါတက္ကသိုလ် Food and Agricultural Sciences မှ ရောဘတ်ဖားရ်က ဆိုပါတယ်။           ဖားရ်နဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ အပိုလို ၁၁ အာကာသယာဉ်မှူးတွေဖြစ်တဲ့ နေးလ်အမ်းစထရောင်း၊ ဘပ်စ်အယ်ဒရင်းတို့နဲ့ တခြားအာကာသယာဉ်မှူးတွေ ကမ္ဘာကို ပြန်ယူဆောင်လာတဲ့ လကမ္ဘာက မြေစာတွေမှာ thale cress လို့ခေါ်တဲ့ နေရာတော်တော် များများမှာ အလေ့ကျပေါက်နိုင်တဲ့ အပင်တွေကို စိုက်ပျိုးနေတာ ဖြစ်ပါတယ်။ သတင်းကောင်းကတော့ အ