Posts

Showing posts from April, 2022

ယခုဆိုလျှင် နာဆာ၏ ဂျိမ်းစ်ဝပ်ဘ်တယ်လီစကုပ်သည် ချိန်ညှိမှုလုပ်ငန်းပြီးဆုံးသွားပြီ ဖြစ်၍ တိုင်းတာရေးကိရိယာများ၏ သိပ္ပံဆိုင်ရာလုပ်ငန်းများအတွက် အဆင်သင့်ဖြစ်နေပါပြီ။

Image
                အခုဆိုရင် နာဆာရဲ့ ဂျိမ်းစ်ဝပ်ဘ်တယ်လီစကုပ်ဟာ ချိန်ညှိမှုလုပ်ငန်းအားလုံး ပြီးစီးသွားပါပြီ။ မြင်ကွင်းအပြည့်အဝရရှိပြီးနောက်မှာတော့ တယ်လီစကုပ်ဟာ well-focused ပုံရိပ်တွေကို ရယူနိုင်ပြီဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ ခုနှစ်ဆင့်မြောက်နဲ့ နောက်ဆုံးအဆင့် ချိန်ညှိမှုလုပ်ငန်းအားလုံး ပြီးဆုံးသွားပြီဖြစ်၍ အဖွဲ့က ဝပ်ဘ်ဟာ “science instrument commissioning” လို့ခေါ်တဲ့ နောက်ဆုံးပြင်ဆင်မှုသို့ နောက် တစ်ဆင့်တက်လှမ်းနိုင်ပြီဖြစ်ကြောင်း သဘောတူဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီလုပ်ငန်းဟာ လာမယ့်နွေရာသီ သိပ္ပံလုပ်ငန်းတာဝန်များ မဆောင်ရွက်မီအထိ နှစ်လခန့်ကြာမြင့် ပါလိမ့်မယ်။             ဝပ်ဘ်ရဲ့တိုင်းတာရေးပစ္စည်းအားလုံးအတွက် တယ်လီစကုပ်ကြီး ချိန်ညှိမှုလုပ်ငန်းကို သူ့ရဲ့မြင်ကွင်းအပြည့်နဲ့ ဖမ်းယူထားတဲ့ ပုံရိပ်အတွဲလိုက်မှာ တွေ့မြင်နိုင်ပါတယ်။            “အောင်အောင်မြင်မြင် ချိန်ညှိပြီးဖြစ်တဲ့ တယ်လီစကုပ်ကနေ ရရှိလာတဲ့ ဒီပြောင်မြောက်လှတဲ့ စမ်းသပ်ဆဲပုံရိပ်တွေဟာ နိုင်ငံတလွှားနဲ့ ကုန်းမြေတလွှားရှိ လူတွေမှာသာ စကြဝဠာကြီးကို စူးစမ်းလေ့လာချင်တဲ့ တိကျပြတ်သားတဲ့သိပ္ပံအမြင်မျိုးရှိရင် အောင်မြင်နိုင်တယ် ဆိုတာကို ဖော်

“Ingenuity” အမည်ရှိ မားစ်ဟယ်လီကော်ပတာသည် Perseverance Rover Land အား ကူညီပေးခဲ့သော ဂီယာအား ထောက်လှမ်းတွေ့ရှိခဲ့။

Image
Perseverance rover ရဲ့ နောက်ကာအခွံနဲ့ လေထီးရဲ့ ပုံရိပ်ကို နာဆာရဲ့ Ingenuity Helicopter က စုဆောင်းရရှိခဲ့တာ ဖြစ်ပါတယ်။            မြန်မာလူမျိုး ဒေါ်မီမီအောင်ဦးဆောင်ခဲ့တဲ့ မားစ်ဂြိုဟ်ပေါ် ပျံသန်းခြင်းလုပ်ငန်းစဉ်မှာ အသုံးပြုခဲ့တဲ့ “Ingenuity” ဟယ်လီကော်ပတာဟာ မားစ်ဂြိုဟ်ပေါ် Perseverance rover ဆင်းသက်ရာမှာ ကူညီခဲ့တဲ့ လေထီးနဲ့ အာကာသအတွင်း ယာဉ်အား အကာအကွယ်ပေးခဲ့တဲ့ နောက်ကာအခွံကြီးနှစ်ခုစလုံးကို မကြာသေးခင်ကပဲ ထောက်လှမ်းတွေ့ရှိခဲ့ပါတယ်။   မောင်လုံ့လလို့ အမည်ရတဲ့ “Perseverance rover” ဟာ လွန်ခဲ့တဲ့နှစ် ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလ ၁၈ ရက်နေ့မှာ မားစ်ဂြိုဟ်ပေါ်ကို‌ အောင်မြင်စွာဆင်းသက်နိုင်ခဲ့ပါတယ်။ မားစ်ဂြိုဟ် ရဲ့ နမူနာပစ္စည်းတွေ ယူမယ့်ပရိုဂရမ်က အင်ဂျင်နီယာတွေက “Ingenuity” ဟာ ဒီလိုမျိုး လုပ်ဆောင်နိုင်ပါ့မလားလို့ သံသယရှိခဲ့ပါတယ်။ ရလဒ်ကတော့ ဧပြီလ ၁၉ ရက်နေ့က “Ingenuity” flight နံပါတ် ၂၆ မှာရိုက်ကူးရရှိခဲ့တဲ့ false color image ၁၀ ပုံပဲ ဖြစ်ပါတယ်။   “နာဆာက ဒီလိုမျိုး ဆန်းသစ်တဲ့ပျံသန်းမှုမျိုး ဆောင်ရွက်နိုင်ဖို့ “Ingenuity” ပျံသန်းရေးလုပ်ငန်းကို ချဲ့ထွင်ခဲ့တာဖြစ်ပါတယ်။” လို့ “Ingenuity” အဖွဲ့ဦးဆ

ကမ္ဘာ့လေထုသည် လူသားများအခြေချနိုင်ရန်လိုအပ်သော လကမ္ဘာ၏ ရေအရင်းအမြစ်ဖြစ်နိုင်။

Image
      လ၏တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းတွင် ရေခဲဖြန့်ကျက်တည်ရှိပုံ။           ကမ္ဘာ့လေထုအပေါ်ပိုင်းကနေ ဟိုက်ဒြိုဂျင်နဲ့ အောက်စီဂျင်အိုင်းယွန်းတို့ လွတ်ထွက်သွားပြီးနောက်မှာတော့ လပေါ်မှာ ပြန်လည်ပေါင်းစည်းသွားပြီး ကျွန်တော်တို့ အခုသိထားတဲ့ လရဲ့ ရေနဲ့ရေခဲပစ္စည်းအရင်းအမြစ်တွေဖြစ်လာတာလို့ သုတေသနအသစ်တစ်ခုက ဆိုပါတယ်။           လပေါ်မှာ ရေတွေ့ရှိဖို့က နာဆာရဲ့ အာတီးမစ်ပရောဂျက်ရဲ့ အဓိကရည်ရွယ်ချက် ဖြစ်ပါတယ်။ ဒါက လပေါ်မှာလူသားတွေ ကာလရှည်ကြာတည်ရှိနိုင်ဖို့အတွက် စီစဉ်ထားတဲ့ ပရောဂျက်တစ်ခု ဖြစ်ပါတယ်။ နာဆာက ဒီဆယ်စုနှစ်အတွင်းမှာ လူသားတွေကို လပေါ်ကို ပြန်ပို့ဖို့ စီစဉ်နေပါတယ်။           “နာဆာရဲ့ အာတီးမစ်အဖွဲ့က လရဲ့တောင်ဘက်ဝင်ရိုးစွန်းမှာ အခြေစိုက်စခန်းတစ်ခု ဆောက်ဖို့ ကြံစည်နေပါတယ်။ ဒီဝင်ရိုးစွန်းမှာဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ကမ္ဘာ ပေါ်မှာ အရင်းပြုခဲ့တဲ့ ရေအိုင်းယွန်းတွေရှိနေပြီး ဒါတွေက အာကာသယာဉ်မှူးတွေရဲ့ အသက်ထောက်ပံ့ရေးစနစ်အတွက် အသုံးပြုလို့ရနိုင်ပါတယ်။” လို့ Kletetschka က ဆိုပါတယ်။           လရဲ့ဝင်ရိုးစွန်းဒေသတွေမှာ ကမ္ဘာလေထုကနေလွတ်မြောက်လာတဲ့ အိုင်းယွန်းတွေကတစ်ဆင့် ဖန်တီး

ပြင်ပဂြိုဟ်များ၏ လေထုအား အတန်းအစားခွဲခြားခြင်းက လေ့လာမှုနယ်ပယ်အသစ် တစ်ခု ဖြစ်လာ။

Image
            နိုင်ငံတာကာသုတေသနပညာရှင်အဖွဲ့တစ်ဖွဲ့က ပြင်ပဂြိုဟ် ၂၅ လုံးရဲ့ ဒေတာတွေ ကို စစ်ဆေးခဲ့ပြီးနောက် သူတို့တွေရဲ့ လေထုဂုဏ်သတ္တိတွေကြားက အချို့ဆက်နွယ်မှု တွေကို တွေ့ရှိခဲ့ပါတယ်။ ဒီဆက်နွယ်မှုတွေထဲမှာတော့ လေထုထဲမှာရှိတဲ့ thermal profile နဲ့ ဓာတုပစ္စည်းပေါကြွယ်ဝမှုတို့လဲ ပါဝင်နေပါတယ်။           ယခုဆိုရင် အတည်ပြုထားနိုင်တဲ့ ပြင်ပဂြိုဟ်စုစုပေါင်း ၃၀၀၀ ကျော်အထိ ရှိလာခဲ့ ပါပြီ။ ပြင်ပဂြိုဟ်ဆိုတာကတော့ နေမဟုတ်တဲ့ တခြားကြယ်တစ်ခုကို လှည့်ပတ်နေတဲ့ နေအဖွဲ့အစည်းပြင်ပက ဂြိုဟ်တွေဖြစ်ပါတယ်။ သူတို့ဟာ ကမ္ဘာကနေ အလွန်တရာ ဝေးကွာလှတာကြောင့် သူတို့ကို အသေးစိတ်လေ့လာဖို့ဆိုတာ မလွယ်ကွယ်ပါဘူး။ ပြင်ပ ဂြိုဟ်တစ်လုံးရဲ့ ဝိသေဿလက္ခာတွေကို ဆုံးဖြတ်နိုင်တာကိုက တကယ်ကို ကြီးကျယ်တဲ့ အောင်မြင်မှုတစ်ရပ်ဖြစ်ပါတယ်။           ဒီသုတေသနမှာဆိုရင်တော့ မိခင်ကြယ်ကို အသီးသီးလှည့်ပတ်နေကြတဲ့ ပူပြင်းတဲ့ ဂျူပီတာ (hot Jupiter) ၂၅ လုံး ရဲ့ အောင်မြင်မှုရရှိထားတဲ့ ဒေတာတွေကို အသုံးပြုခဲ့ပါတယ်။ ဒီဒေတာထဲမှာဆိုရင် ဟယ်ဘယ်တယ်လီစကုပ်နဲ့ နာရီပေါင်း ၆၀၀ ကျော် စူးစမ်းလေ့လာမှု၊ စပစ်ဇာတယ်လီစကုပ်နဲ့ နာရီပေါင်း ၄၀၀ ကျော် စူးစမ်းလေ့လာမှု တို့ပါဝင် ပါတ

ဂျူပီတာဂြိုဟ်၏ လပေါ်ရှိ ရေများသည် ထင်ထားသည်ထက် မျက်နှာပြင်နှင့် ပို၍နီးကပ်နိုင်။

Image
            ဂျူပီတာဂြိုဟ်ရဲ့ လ(ယူရိုပါ) ရဲ့ မျက်နှာပြင်ပေါ်က အစင်းချောင်းကြီးတွေက သူတို့ရဲ့ အောက်မှာ ရေတိမ်ကန်များရှိနိုင်ကြောင်း ညွှန်ပြနေတာကြောင့် ပြင်ပသက်ရှိ ရှာဖွေရာမှာ မျှော်လင့်ချက်မြင့်တက်စေတယ်လို့ လွန်ခဲ့တဲ့ အင်္ဂါနေ့က သိပ္ပံပညာရှင်တွေက ဆိုပါတယ်။           သူ့ရဲ့ ကြီးမားကျယ်ပြန့်လှတဲ့ ပင်လယ်သမုဒ္ဒရာတွေကြောင့် ယူရိုပါလဟာဆိုရင် နေအဖွဲ့အစည်းအတွင်းမှာ သက်ရှိတည်ရှိနိုင်တဲ့ အလားအလာအရှိဆုံး လတစ်စင်းအဖြစ် ရပ်တည်ခဲ့တာ ကြာမြင့်ခဲ့ပါပြီ။ ဒါ့အပြင် ဒီသမုဒ္ဒရာရေပြင်မှာလည်း သက်ရှိတွေအတွက် အဓိကအရေးကြီးဆုံးဖြစ်တဲ့ အရည်အဖြစ်နဲ့ရေပါဝင်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် လက်ခံ ထားကြပါတယ်။           သို့သော်လည်း ပြဿနာတစ်ခုရှိနေပါတယ်။ ဒါကတော့ သူ့ရဲ့ သမုဒ္ဒရာရေပြင်ဟာ လကြီးရဲ့ ရေခဲအခွံလွှာအောက် ၂၅-၅၀ ကီလိုမီတာလောက်မှာ နစ်မြုပ်နေတယ်လို့ ခန့်မှန်း ထားတာ ဖြစ်ပါတယ်။           ယခုဆောင်းပါးမှာတော့ သိပ္ပံပညာရှင်အချို့က ဒီသမုဒ္ဒရာရေပြင်ဟာ ထင်ထား တာထက် မျက်နှာပြင်နဲ့ပိုနီးနိုင်တယ်လို့ ဆိုပါတယ်။           ဒီရှာတွေ့မှုဟာ ကံကောင်းထောက်မပြီး ရရှိလာတာဖြစ်ပါတယ်။ ဂရင်းလန်ကျွန်းက ရေခဲလွှာတွေကို လေ့လာနေတဲ့ ဘူမိရူပဗေဒပ

ရိုဒီကျွန်းထက်ပင်ပို၍ကြီးသော တွေ့ဖူးခဲသမျှထဲမှ အကြီးမားဆုံးကြယ်တံခွန်၏ အရွယ် အစားကို အတည်ပြု နိုင်ခဲ့။

Image
နက္ခတ္တဗေဒပညာရှင်တွေဟာ ဟယ်ဘယ်တယ်လီစကုပ်ကို အသုံးပြုပြီးတော့ တွေ့ခဲ့ဖူးသမျှတွေထဲက အကြီးမားဆုံးကြယ်တံခွန်၏ တည်ရှိမှုနှင့် ဒီကြယ်တံခွန်ဟာ နောင်လာမယ့်ဆယ်စုနှစ်အတွင်းမှာ နေအနားက ဖြတ်သန်းသွားမှာကို အတည်ပြု နိုင်ခဲ့ပါ တယ်။  ကြယ်တံခွန်တွေဟာ ရေခဲနဲ့ဖုန်မှုန့် ဘောလုံးကြီးတစ်ခုဖြစ်ပြီး ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေဟာ ကျောက်စိုင်ကျောက်ခဲ ဝတ္ထုတွေဖြစ်တာကြောင့် တစ်ခုနဲ့ တစ်ခု ကွာခြားကြပါတယ်။ များသောအားဖြင့် ကြယ်တံခွန်တွေဟာ သူတို့ရဲ့ နယူကလိ ယ သို့မဟုတ် ဦးခေါင်းကနေ ထားရစ်ခဲ့တဲ့ “အမြှီး” ကြောင့် လူသိများ ထင်ရှားကြပါတယ်။ ဒီအမြှီးဟာ နေနဲ့နီးတဲ့အခါ ကြယ်တံခွန်က ရေခဲတွေ အငွေ့ပျံရာက တစ်ဆင့် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။  အခုဆိုရင် နက္ခတ္တဗေဒပညာရှင်တွေဟာ တွေ့ခဲ့ဖူးသမျှတွေထဲက အကြီးမားဆုံး‌ သော ကြယ်တံခွန်ရဲ့ အရွယ်အစားကို ဆုံးဖြတ်နိုင်ခဲ့ပါတယ်။ ဒီကြယ်တံခွန်ကတော့ Bernardinelli-Bernstein Comet လို့လဲ သိကြတဲ့ Comet C/2014 UN271 ဖြစ်ပြီး မိုင် ၈၀ လောက် အကျယ်ရှိကာ ရိုဒီကျွန်းထက်ပင် ပိုလို့ ကြီးပါသေးတယ်။ သူ့ရဲ့ နယူက လိယသည် တန်ပေါင်း ၅၀၀ ထရီလီယံလောက် လေးမည်ဟု ခန့်မှန်းတွက်ချက်ရပြီး ကြယ်တံခွန်အများစုရဲ့ နယူကလိယထက် အဆပေါင်းတစ်သိန

ရူပဗေဒပညာရှင်အချို့နဲ့ ဒဿနဗေဒပညာရှင်အချို့ရဲ့ အဆိုအရ အချိန်ဆိုတဲ့အရာမျိုး မရှိပါ။

Image
            အချိန်ဆိုတာကတော့ ကျွန်တော်တို့ နေ့စဉ်ဘဝမှာ အမြဲကြုံတွေ့နေရတယ်ဆိုပေ မယ့် သူ့ကို ထိတွေ့ကိုင်တွယ်တာမျိုး လုပ်လို့မရပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့ ဖြတ်ကျော်နေတဲ့ ကာလအတိုင်းအတာတွေဟာ အချိန်လို့ပြောဖို့ ခက်ပါတယ်။ ဒါဆိုရင် အချိန်ဆိုတာ ရှိပါသလား။ လူတိုင်းကတော့ အချိန်ဆိုတာ လွယ်လွယ်လေးရယ် နာရီတို့ ပြက္ခဒိန်တို့ဆိုတာ အချိန်ကို ညွှန်ပြတဲ့ပစ္စည်းတွေလို့ဆိုပါလိမ့်မယ်။ သို့သော် ဒါက အချိန်ကို တိုင်းတာတဲ့ပစ္စည်းတွေသာဖြစ်ပြီး အချိန်ရဲ့ ပင်ကိုယ်သဘာဝကို ဖော်ပြနိုင်စွမ်း မရှိပါ။           နောက်ပိုင်းရူပဗေဒဘာသာရပ်တိုးတက်လာတဲ့အခါမှာတော့ အချိန်ဆိုတဲ့ အရာမရှိ နိုင်ဘူးဆိုတဲ့ ဖြစ်နိုင်ခြေတစ်ခုကို ဖွင့်ပေးနိုင်ခဲ့ပြီး ဒီကိစ္စကို အလေးထားစဉ်းစားဖို့အတွက် လည်း တိုက်တွန်းထားတာမျိုးရှိနေပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးမှာတော့ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ခေါင်းနည်းနည်းစားကြည့်ရအောင်။           အချိန်မရှိဘူးဆိုတာ ဘယ်လိုဖြစ်နိုင်မှာပါလဲ။ နောက်ပြီး ဒါကကော ဘာကို ဆိုလို နေပါသလဲ။ ဒါကိုရှင်းပြနိုင်ဖို့ အချိန်နည်းနည်းယူရပါလိမ့်မယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ အချိန်မရှိခဲ့ဘူးဆိုရင်တောင် ဒါက ကျွန်တော်တို့ နေ့စဉ်ဘဝတွ

ဂျိမ်းစ်ဝပ်တယ်လီစကုပ်၏ အအေးမြဆုံးတိုင်းတာရေးကိရိယာများသည် လုပ်ငန်းဆောင်ရွက်မည့် အပူချိန်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။

Image
နာဆာရဲ့ဂျိမ်းဝပ်တယ်လီစကုပ်ဟာ မဟာပေါက်ကွဲပြီးပြီးနောက် ခဏကြာမှာ ဖြစ်ပေါ်ခဲ့တဲ့ ပထမဆုံး ဂလက်စီတွေနဲ့ ကြယ်တွေကို မြင်တွေ့နိုင်ပါတော့မယ်။ ဒါပေမယ့် ဒီလိုလုပ်ဆောင်နိုင်ဖို့ဆိုရင် သူ့ရဲ့ တိုင်းတာ ရေးကိရိယာတန်ဆာပလာတွေဟာ အေးနိုင်သမျှ အေးအောင်လုပ်ဆောင်ရပါလိမ့်မယ်။ ဧပြီလ ၇ ရက်နေ့မှာ ဝပ်ရဲ့ Mid-Infrared Instrument (MIRI) ဟာ သူ့ရဲ့နောက်ဆုံး လုပ်ငန်းဆောင်ရွက်ရမယ့် အပူချိန်ဖြစ်တဲ့ ၇ ကယ်ဗင် (-၄၄၇ ဒီဂရီဖာရင်ဟိုက် သို့မဟုတ် -၂၆၆ ဒီဂရီဆဲလ်စီးယပ်စ်) အောက်ကို ရောက်ရှိခဲ့ပါတယ်။   ဝပ်ရဲ့တခြားတိုင်းတာရေးကိရိယာသုံးခုနဲ့အတူ MIRI ကိုလည်း ဝပ်ရဲ့ တင်းနစ်ကွင်းအရွယ်အစား ရှိတဲ့ နေဒိုင်းကာကြီးနောက်မှာ ကနဦးအအေးခံခဲ့ပြီး အပူချိန် ၉၀ ကယ်ဗင်အောက်အထိ ကျစေခဲ့ပါတယ်။ သို့သော် လည်း ၇ ကယ်ဗင်အောက်ရောက်ဖို့အတွက်ဆိုရင်တော့ လျှပ်စစ်ဓာတ်နဲ့စွမ်းအင်ပေးမယ့် cryocooler တစ်ခုကို လိုအပ်ပါတယ်။ လွန်ခဲ့တဲ့တစ်ပတ်လောက်တုန်းက အဖွဲ့က “pinch point” လို့ခေါ်တဲ့ စိတ်ခေါ်မှုတစ်ရပ်ကို ဖြတ် သန်းနိုင်ခဲ့ပါတယ်။  ကိရိယာဟာ ၁၅ ကယ်ဗင်ကနေ ၆.၄ ကယ်ဗင်ကိုကူးပြောင်းတဲ့အမှတ်ဖြစ်ပါတယ်။  “MIRI cooler team က pinch point ရောက်နိုင်ဖို့ တော်တော်လေးကို အလုပ်လုပ်

ထာဝစဉ်ရွေ့လျားနိုင်သော စက်ယန္တရားများ (Perpetual Motion Machine)

Image
            မိမိ ဘာမှအားထုတ်စရာမလိုဘဲ အမြဲထာဝစဉ်ရွေ့လျားနိုင်မယ့် စက်ပစ္စည်းတစ်ခု ကို အလိုမရှိတဲ့လူ ဒီကမ္ဘာမှာမရှိကြပါဘူး။ ဒါကြောင့်ပဲ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတစ်‌ လျှောက် ဒီလိုစက်မျိုးတွေကို တီထွင်ဆန်းသစ်ခဲ့ကြတာ ဖြစ်ပါတယ်။ သို့သော်လည်း တစ်စုံတစ်ယောက်ကမျှ အောင်မြင်မှုမရရှိခဲ့ကြပါဘူး။ ဘာကြောင့်ပါလဲ……           ဒီလိုစက်ယန္တရားမျိုးကိုတော့ Perpetual Motion Machine လို့ခေါ်ပါတယ်။ ကျွန်တော် ဒီစက်ပစ္စည်းမျိုးကို ကြားဖူးတုန်းက အံ့ဩမိတာမှန်ပေမယ့် ဖြစ်နိုင်တယ်လို့ မထင်ခဲ့ပါဘူး။ ဒါပေမယ့် snowpiercer ဇာတ်လမ်း ကြည့်ပြီးတဲ့အခါမှာတော့ ဒီအကြောင်း လေးကို စာဖတ်သူတို့ကို ဝေမျှပေးချင်မိပါတယ်။ အကယ်လို့ဒါသာအမှန်ဖြစ်နိုင်ခဲ့မယ် ဆိုရင် လူသားတွေအနေနဲ့ ဒီစကြဝဠာကြီးထဲမှာ ထာဝရရပ်တည်သွားနိုင်မှာ ဖြစ်ပါတယ်။ သို့သော်လည်း ဒါကရော ဖြစ်နိုင်မှာ သေချာပါသလား။ ဒီနေ့မှာတော့ ကျွန်တော်တို့ ထာဝရစက်ယန္တရားဆိုတာ ဘာလဲ။ ဘယ်လိုအလုပ်လုပ်သလဲ။ သမိုင်းခေတ်အဆက်ဆက် က တီထွင်မှုတွေအပြင် ဘာကြောင့်မအောင်မြင်ရတာလဲနဲ့ ဘယ်လိုအောင်မြင်အောင် လုပ်မလဲ စတာတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။    Wilford’s Eternal Train           ကမ္ဘာကြီးပူန