မားစ်ဂြိုဟ်ပေါ်က တိမ်တိုက်တွေကို ရှာဖွေဖို့ နာဆာက လူထုအကူအညီလိုအပ်နေ။
နေဝင်ပြီးနောက်သိပ်မကြာခင်မှာ နာဆာရဲ့ Curiosity rover က ဒီတိမ်တိုက်တွေထဲက တစ်ခုကို ဖမ်းယူ ရရှိထားပုံဖြစ်ပါတယ်။ နာဆာက သိပ္ပံပညာရှင်တွေဟာ မားစ်ဂြိုဟ်ရဲ့လေထုနဲ့ပတ်သက်တဲ့ အခြေခံ ဆန်းကြယ်မှုတစ်ခုကို ဖြေရှင်းနိုင်ဖို့ မျှော်လင့်နေကြပါတယ်။ ဒါကို စာဖတ်သူတို့လဲ အကူအညီပေးနိုင်ပါတယ်။ အခုဆိုရင် နာဆာက Cloudspotting on Mars လို့ခေါ်တဲ့ ပရောဂျက်တစ်ခုကို ဖွဲ့စည်းထားပါတယ်။ ဒါက citizen science platform Zooniverse ကိုအသုံးပြုပြီးတော့ မားစ်ဂြိုဟ်ပေါ်က တိမ်တိုက်တွေကို အတည်ပြုနိုင်ဖို့ ပြည်သူလူထုကို ဖိတ်ခေါ်ထားတာပါ။ What is zooniverse? Zooniverse - Wikipedia Zooniverse register Register — Zooniverse ဒီကရလာမယ့်အချက်အလက်တွေက မြောက်များစွာသော သက်သေအထောက် အထားတွေက ဒီဂြိုဟ်မှာ ထူထဲတဲ့ လေထုတစ်ခုရှိခဲ့ကြောင်း ညွှန်ပြနေပေမယ့် ဘာကြောင့် မားစ်ဂြိုဟ်ရဲ့ လေထုဟာ ကမ္ဘာရဲ့ ၁ ရာခိုင်နှုန်းလောက်သာ ထူထဲနေရသလဲဆိုတာကို အဖြေရှာနိုင်ဖို့ အကူအညီပေးနိုင်မယ့်လို့ ပညာရှင်တွေက မျှော်လင့်ထားကြပါတယ်။ ဒါ့ကြောင့် သင်ဟာ အဖြေပေးနိုင်သူတစ်ယောက်လဲ ဖြစ်သွားနိုင်ပါတယ်။ လေထုဖိအားအလွန်နည်းတာကြောင့် မားစ